အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ မန်ယူ ကစားသမားဟောင်း လင်ဂတ်ကို ခပ်ကြမ်းကြမ်း ပြောဆို ဆုံးမလိုက်တဲ့ ပေါလ်စခိုးလ်

Posted on

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ဟောင်း ပေါလ်စခိုးလ်ကတော့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ မန်ယူ ကစားသမားဟောင်း လင်ဂတ်ကို တုတ်ထိုးအိုးပေါက် ဆိုသလို ခပ်ကြမ်းကြမ်း ပြောဆို ဆုံးမလိုက်ပါတယ်။

အင်္ဂလန်စတားဟောင်း လင်ဂတ်ဟာဟာ ၂၀၂၂ – ၂၃ ရာသီအကုန်တုန်းက နော်တင်ဟမ်ကနေ ထွက်ခွာပြီး ကတည်းက ကလပ်အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။

အဲ့ဒီကတည်းက လင်ဂတ်ဟာ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနဲ့ ဆော်ဒီကလပ် အယ်-အီတီဖက်အသင်းတွေမှာ အစမ်း လေ့ကျင့်ခဲ့ပေမယ့် အဆုံးမှာ စာချုပ်ကမ်းလှမ်းမှုတော့ မရရှိခဲ့ပါဘူး။

အဲဗာတန်က လင်ဂတ်ကို စိတ်ဝင်စားခဲ့ပေမယ့် မခေါ်ယူခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အသက် ၃၁ နှစ်သားက တစ်ဦးတည်း သီးသန့်လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ဆောင်းရာသီတစ်လျှောက်လုံးကို လင်ဂတ်ဟာ ဒူဘိုင်းမှာ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းကို ပိုအလေးပေးခဲ့တာဖြစ်ပါတယ်။

လင်ဂတ်က gym လေ့ကျင့်နေတဲ့ ပုံကို အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပြီး သရဲနီဟောင်းကြီး ပေါစခိုးလ်က လင်ဂတ်တစ်ယောက် gym မှာပဲအချိန်ကုန်နေတာနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။

“ မင်းက ေ-ာက် gym မှာပဲ ကစားနေတာလား ဒါမှမဟုတ် ဘောလုံး အမှန်တကယ် ကစားနေတာကော ဟုတ်ရဲ့လား”ဆိုပြီး လင်ဂတ် ပို့စ်အောက်မှာ မန့်ခဲ့ပါတယ်။

လင်ဂတ်ဟာ အသင်းသစ်တစ်ခု ရှာဖွေနေရဆဲ ဖြစ်ပြီး သူ့ကို အလွတ်နဲ့ ခေါ်ဖို့ ဘာစီလိုနာကိုလည်း ချဉ်းကပ် မေးမြန်းနေပါတယ်။