အမေရိကန်မှာ ကမ္ဘာ့ ပထမဆုံး AI စားသောက်ဆိုင်ကို ဖွင့်လှစ်မည်

Posted on

၂၀၂၄ ခုနှစ်ဟာ AI တွေ ပွဲကြမ်းမယ့်နှစ် ဖြစ်လာတော့မှာပါ။ AI ကို နယ်ပယ် ပေါင်းစုံမှာ အသုံးပြုနေကြပြီး အခုတော့ စားသောက်ဆိုင်မှာ အသုံးပြုကြတော့မှာ ဖြစ်ပါတယ်။

လာမယ့် ရက်သတ္တပတ်တွေအတွင်း အမေရိကန် ပြည်ထောင်စု ပက်စာဒီနာမှာ CaliExpress အမည်ရ စားသောက်ဆိုင်ကို ဖွင့်လှစ်တော့မှာပါ။ စားသောက်ဆိုင်မှာ လူသား ဝန်ထမ်းနဲ့ စားဖိုမှူးတွေ မရှိဘဲ AI နည်းပညာ သုံးထားတဲ့ စက်ရုပ်တွေကပဲ အော်ဒါကောက်တာ၊ ဟင်းချက်တာ၊ စားပွဲထိုးလုပ်တာတွေ ပြုလုပ်ပေးမှာပါ။ ကမ္ဘာ့ ပထမဆုံး AI စားသောက်ဆိုင်လို့ ကြေညာထားပါတယ်။

Customer တွေဟာ စားသောက်ဆိုင်ကို ရောက်ရင် ကိုယ်တိုင် မှာယူနိုင်တဲ့ စက်မှာ အစားအစာတွေကို အော်ဒါတင်ရမှာပါ။ အဲဒီနောက်မှာ AI စက်ရုပ်တွေက ဟင်းချက်နေတာကို Customer တွေက ကြည့်ရှုနိုင်မှာပါ။ ပြီးရင်တော့ AI စက်ရုပ်တွေရဲ့ အရသာရှိတဲ့ အစားအစာတွေကို သုံးဆောင်နိုင်မှာပါ။

CaliExpress စားသောက်ဆိုင်မှာ Biometrics ကနေ အော်ဒါတွေ ကောက်နိုင်တဲ့ နည်းပညာကို တီထွင်ထားတဲ့ PopID နဲ့ ကမ္ဘာ့ ပထမဆုံး AI စက်ရုပ်စားဖိုမှူးကို တီထွင်ထားတဲ့ Miso Robotics ရဲ့ နည်းပညာ‌တွေကို အသုံးပြုထားပါတယ်။

Ref : theverge