အက်ဖ်အေ မဲခွဲရလဒ်မှာ မန်ယူနဲ့ တွေ့တာထက် ပိုကောင်းတာ မရှိဘူးလို့ ဝီဂန် တိုက်စစ်သမား ပြောဆို

Posted on

ဝီဂန် တောင်ပံ တိုက်စစ်သမား ကော်လန် မက် မန်နာမန်ကတော့ဒီည မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား ပွဲစဉ် မတိုင်ခင် မဲခွဲရလဒ်အရ ယူနိုက်တက်နဲ့ အတူ ကျတာ အတွက် ကျေနပ်အားရလို့ နေပါတယ်။

အက်ဖ်အေမှာ ယူနိုက်တက်နဲ့ မဲကျတာထက် ပိုကောင်းတဲ့ မဲခွဲရလဒ်လည်း မရှိသလို သူတို့ဘက်က ဘာမှ ဆုံးရှုံးစရာ မရှိဘူးလို့ မန်နာမန်က ပွဲကြို ကြွေးကြော်သွားပါတယ်။

” ကျွန်တော် အက်ဖ်အေဖလား ပြိုင်ပွဲမှာ အမှတ်တရကောင်းတွေ ရှိခဲ့ဖူးပါတယ်။ ဒီ တနင်္လာနေ့ ပွဲအတွက် ကျွန်တေ်ာတို့ အားလုံး စောင့်မျှော်နေကြပြီ။ အသင်းကသူတွေ အားလုံးကတော့ ဒီပွဲ အကြောင်းပဲ ပြောနေတော့တာ။

အသင်းရဲ့ အနေအထားကတော့ သိပ်ကို ကေငာ်းတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမဲခွဲရလဒ်ထက် ပိုကောင်းတဲ့ ဟာ မရှိနိုင်ဘူးလို့တောင် ထင်တယ်။

ကျွန်တော်တို့ဘက်မှာ ဘာမှ ဆုံးရှုံးစရာ မရှိဘူး။ ရှေ့ထွက်ပြီး အားကုန်ဖိုက်မယ်။ ကိုယ့်ပုံစံအမှန်ကို ဖော်ထုတ် ပြမယ်၊ ယုံကြည်မှု ရှိရှိ လုပ်မယ်။ ” လို့ မန်နာမန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လိဂ်ဝမ်းကလပ် ဝီဂန် အသင်းဘက်ကတော့ နည်းပြကလည်း ယူနိုက်တက်နဲ့ တွေ့ပြီး အနိုင်ကစားမယ် လို့ တက်ကြွ နေသလို ကစားသမားတွေကလည်း အိမ်ကွင်းမှာ အပြတ်လုပ်ပြဖို့ အားခဲထားကြပြီ ဖြစ်ပါတယ်။