သဘာ၀ပိန်ဆေး၊ နှလုံးသွေးကြောကျဉ်း၊ ဆီးချို တို့အတွက် အစွမ်းထက် တဇောင်းခါး

Posted on

တဇောင်းခါး ဘယ်လိုစားမလည်း

ဆရာသာဖြစ်တာ ကျနော်က ဟင်းချက်ရတာကိုလည်း ဝါသနာထုံတယ်။ ဈေးကနေ အစိတ်သားလောက်ဝယ်။

အမြစ်ကိုဖယ် ပင်စည်ကို ရေစင်အောင်ဆေး၊ အပင်လေးတွေ အလော်တော်ဖြတ်၊ စဉ့်နီတုံးပေါ်တင်။

ပြီးရင် ဒါးပြားကြီးကြီးနဲ့ ခပ်ပြားပြားလေးဖြစ်အောင် ရိုက်ချ၊ မချက်ခင် အရောင်မဲမသွားရအောင် ဆားရည်ထဲ ခဏလေးစိမ်ထား၊ ကြက်သွန်ဖြူ နည်းနည်းကို ဆီသပ်ထား နနွင်းနဲ့ အရောင်တင်မှုံ့ သင့်ရုံသုံး ၊ သူနဲ့ အလိုက်ဖက်ဆုံးက ပုဇွန်ခြောက်ဘဲ (ကိုယ့်အကြိုက်ပြောတာနော်)။

ပုဇွန်ခြောက်လေးကို ညက်ညက်လေးထောင်း၊ တဇောင်းခါး ပင်စည်ပြားပြားလေးနဲ့ ၂ ခုကို ရောပြီးကြော်စားလိုက်ရင် အရသာက ချဉ်ခါးသက်သက်လေးမို့ ဆွေမျိုးမေ့လောက်သည်။ ကြိုက်တတ်ရင် အသား တမျိုးမျိုးနဲ့လည်း ရောချက်စားလို့လည်းရသည်။

အခုဆို သဘာ၀ ပိန်ဆေး အနေနဲ့ တဇောင်းခါးကိုစားနေကြပါပြီ။ သူဓါတ်က သွေးထဲက ကိုလက်စထရောကို ကျစေပါသည်။ အဆီကျပြီး အသားကို ကျစ်စေပါသည်၊ များများစားရင် တုတ်နေသော ခါးလေးသွယ်လျပြီး လှလာမှာပါ။

အညာဒေသမှာ ဘယ်အိမ်သွားသွား အလကားယူလို့ရသော တဇောင်းခါး အပင်က ရန်ကုန်လို မြို့ကြီးတွေမှာ ရှာရတာ မလွယ်လှပါဘူး၊ super market ကြီးတွေ အပေါ်မှာ ဈေးကြီးပေးဝယ်စားကြရတယ်။

ဆေးဖက်ဝင်ပုံ

တဇောင်းခါးက ကိုလက်စထရော ကျစေလို နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်သည်။အမျှင်ဓါတ် ပါသောကြောင့် အသက်အရွယ်ကြောင့် သွေးကြောများမာကြောပြီး ကိုယ်အင်္ဂါကိုက်ခဲနာကျင်သောရောဂါကိုလည်း ကာကွယ်နိုင်သည်။

အဝလွန်သူများတွက် ပိန်ဆေးအဖြစ်စားသုံးနိုင်သည်။ ဆီးချိုရောဂါသည်များ ဆီးချိုကျစေသော စားစရာ အဖြစ်စားနိုင်သည်။ လိပ်ခေါင်းရောဂါ သက်သာစေသည်။

တဇောင်းခါးစားသုံးခြင်းဖြင့် ဆာလောင်ခြင်း ရေငတ်ခြင်းတို့ကိုတာရှည်ထိမ်းထားနိုင်သည်။ အစာလည်းဆေး ဆေးလည်းအစာမို့ ခန္ဓာကိုယ် ၀၀ မမ များ ခေတ်မီအောင် တဇောင်းခါး စားကြစို့လား။

Credit-Kothet NaingOo သက်နိုင်ဦး မုံရွာတက္ကသိုလ်