ဝီဂန်ကို နိုင်မယ်လို့ ကြိုသိနေတယ်ဆိုတာ တန်ဟက် ပြော

Posted on

အက်ဖ်အေဖလား ဟာ ပြိုင်ပွဲကြီးတစ်ရပ်ဖြစ်တာကြောင့် ဒီဖလားကို လူတိုင်းက လိုချင်ပြီး မန်ချက်စတာ ယူနိုက်တက် လည်း လိုချင်တာပဲလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ည ကစားခဲ့တဲ့ ပွဲမှာ မန်ယူဟာ လိဂ်ဝမ်း ကလပ် ဝီဂန်ကို နောက်ခံလူ ဒါလော့၊ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်တို့ရဲ့ ပင်နယ်တီဂိုးတွေကြောင့် ၂-၀ ဂိုးနဲ့ အနိုင်ရပြီး အက်ဖ်အေဖလားရဲ့ စတုတ္ထအဆင့်ကို တက်ရောက် သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲမှာဆိုရင် ဂိုးရဖို့ အားထုတ်တဲ့ အကြိမ် အရေအတွက် ၃၃ ကြိမ်ရှိပြီး အခွင့်အရေးတွေလည်း တော်တော်များများ ရခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဟွိုင်လန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေသလို ဝီဂန်ဂိုးသမားနဲ့ နောက်ခံလူတွေလည်း ကာကွယ်မှုတွေ ကောင်းခဲ့လို့သာ ၂ဂိုးပဲ သွင်းနိုင်ခဲ့တာပါ။

နည်းပြ တန်ဟက်ကတော့ မန်ယူအသင်းရဲ့ ကစားပုံ တိုးတက်လာတာနဲ့ ပတ်သက်ပြီး အားရ ကျေနပ်တယ်လို့လည်း ပွဲအပြီးမှာ အခုလို ပြောပါတယ်။

” နိုင်တဲ့အကြောင်းပဲ အလုံးစုံ ပြောရမှာပေါ့။ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံ၊ ဘောလုံးနဲ့အတူ အလုပ်လုပ် ပုံတွေ၊အခွင့်အရေး ဖန်တီးနိုင်မှုတွေ၊ ဒါတွေကို မြင်ရတာ ကျေနပ်စရာပါပဲ။

ကျွန်တော်တို့ ဂိုးတွေတော့ ပိုပြီး သွင်းခဲ့သင့်တာမှန်ပါတယ်။ ဒါပေမဲ့ အခွင့်အရေးတွေ အများကြီး ဖန်တီး နိုင်တာက ကျွန်တော်တို့ အကောင်းမြင်စရာပဲ။

နေမကောင်းတာတွေနဲ့ ဒဏ်ရာတွေရနေ တာတွေကြောင့် ကျွန်တော်တို့မှာ ကစားသမားတွေ တော်တော်များများ မရှိကြဘူး။ ကျွန်တော်တို့ အသင်းကောင်း တစ်သင်းပုံစံမျိုးတော့ ရှိနေဆဲပါပဲ။

ဒီပွဲကို နိုင်မယ်ဆိုတာ ကြိုသိနေခဲ့ပြီး ပြိုင်ဘက်အသင်း တစ်သင်းကို ဘယ်တော့မှာ လျှော့မတွက်ပါဘူး။ သူတို့ ရှေ့ဆက်နိုင်ဖို့အတွက် တိုက်ပွဲဝင်မယ်ဆိုတာကို ကျွန်တော်တို့ ကြိုတွေးထားပါတယ်။

ဒါပေမဲ့ ပွဲကို ကျွန်တော်တို့က စိုးမိုးသွားခဲ့တာပါ။ ဒါက ပြိုင်ပွဲကြီးတစ်ရပ်ဖြစ်တယ်လေ။ လူတိုင်းက လိုချင်ကြတယ်။ နည်းပြတိုင်းကလည်း လိုချင်ကြတယ်။

ဒါကြောင့် ကျွန်တော်တို့ ကျားကုတ်ကျားခဲကို ကစားတာပါ။ ” လို့ တန်ဟတ်က ဝီဂန်နဲ့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။