လည်ချောင်းနာခြင်းများအတွက် အလွယ်တကူ သက်သာစေသော အိမ်တွင်းနည်းလမ်းများ

Posted on

ပန်းသီးရှာလကာရည် (Apple Cider Vinegar) လက်ဖက်ရည် ဇွန်း ၂ ဇွန်းကို ရေနွေးတစ်ခွက်ထဲ ထည့်ပါ။ ယင်းအရည်ကို ပါးစပ် အပြည့်ငုံပြီး ထွေးထုတ်ပါ။

ယင်း နောက် နောက်ထပ်တစ်ကြိမ် အထက်ပါအတိုင်း ပြုလုပ်ပါ။ အရည်အားလုံးကုန်သည်အထိ ငုံလိုက်၊ ထွေးထုတ်လိုက် လုပ်ပါ။ နောက်တစ်နာရီကြာရင် အထက်ပါ အတိုင်း နောက်ထပ်တစ်ကျော့ လုပ်ပါ။

လက်ဖက်ခြောက် အထုပ် သေး ၃ ထုပ်ကို ဆူကာစ ရေနွေး ထဲ ထည့်စိမ် ထားပါ။ ရေ အရောင် မည်းနက်လာသည် အထိထားပါ

ရေက အတော်ပူ ပေမဲ့ သောက်နိုင်လောက်တဲ့အနေ အထားမှာယင်းလက်ဖက်ခြောက် အရည် သို့မဟုတ် ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။ အရည်ကို မျိုမချ ပါနဲ့။ သက်သာသည်အထိ တစ်နာရီ ခြား ယင်းအတိုင်း ပြုလုပ်ပေးပါ။

ဆားကြမ်း (Kosher Salt) လက်ခုပ်တစ်ဝက်စာကို အကြော် ဒယ်အိုးထဲထည့်ပြီး အပူပေးပါ။

ယင်းပူနွေးတဲ့ ဆားကို လက်ကိုင် ပဝါအဖြူတစ်ထည်ထဲ ထည့်ပြီး ဆားထွက်မကျရအောင် လက်ကိုင် ပဝါကို အထပ်ထပ်ခေါက်ပေးပါ။ ယင်းလက်ကိုင်ပဝါကို လည်ပင်းမှာ ပတ်ထားပြီး ယင်းအတိုင်း တစ်နာရီ ကြာ ထားပေးပါ။

Ref: Healing Remedies.

သင့်အတွက် အကျိုးရှိသွားတယ်ဆိုရင် ကြော်ငြာလေးတွေကို ကလစ်ခဲ့ပေးပါဦး