မြေဇာပင်ဖြစ်နေတဲ့ ကောလင်းမြို့

Posted on

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း ကောလင်းမြိုကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကလေး ၂ ဦးအပါအ၀င် ပြည် သူ ၃ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲ၀န်းကျင်မှစတင်ပြီး ၀န်းသို အခြေစိုက်စစ်ကောင်စီတပ်ဖွဲက လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂ ဦးအပါ အ၀င် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ သံဃာတော် ၁ ပါးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

၀န်းသိုမြိုအခြေစိုက် စစ်ကောင်စီတပ်ဖွဲက ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ယမန်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ၂ ကြိမ်၊ နံနက် ၁၁ နာရီနှင့် နံနက် ၁၁ နာရီခွဲ၀န်းကျင်တွင် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကောလင်းမြိုနယ်ဒေသတွင်းသတင်းများ ကို ဖော်ပြနေတဲ့ ပြည်သူမှ ပြည်သူ သိုအဖွဲက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်အရွယ်ကလေးနှင့် အသက် ၈ နှစ်အရွယ်ကလေးများ အပါအဝင် အသက် ၆၆ နှစ်အရွယ် ဦးကျော်၀င်း တို ၃ ဦး သေဆုံးခဲ့ကြောင်း၊ ထိုပြင် ကလေး ၂ ဦး၏ မိခင်ဖြစ်သူနှင့် သံဃာတော် ၁ ပါးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ကောလင်းမြိုကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် KIA အပါအဝင် တော်လှန် ရေး တပ်များ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲများက နို၀င်ဘာလ ၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည် ။