မြိုင်မြို့‌တွင် စစ်ကောင်စီတပ်များ အကြီးအကျယ် တိုက်ခိုက်ခံနေရ

Posted on

၁၀၂၇ စစ်ဆင်‌ေရး စတင်ချိန်မှ စ၍ မြိုင်မြို့‌ပေါ်ရှိစစ်ရေးပစ်မှတ်များကို ၈ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

မြိုင်မြို့တွင်းရှိစစ်ရေးပစ်မှတ်များကို လက်နက်ကြီး ၊လက်နက်ငယ်ဖြင့် တိုက်ခိုက်ခဲ့သလို ဒရုန်းဖြင့် တိုက်ခိုက်မှုအကြိမ်ရေ၁၀၀ ဝန်းကျင် ရှိပြီး စစ်အုပ်စုဝင် ၇ဦးထက်မနည်း ဒဏ်ရာရခဲ့ ကြောင်း မြိုင်ပကဖ တာ၀န်ခံ ဗိုလ်လကျ်ာထံက သိရသည်။

“ ဒရုန်း တိုက်ခိုက်တာကတော့ အကြိမ်ရေ ရာနဲ့ ချီနေပါပြီ။ မရေနိုင်အာင်ပဲ ကျနော်တို့က အရပ် လေးမျက်နှာကနေ ရရင် ရသလို ၀င် ပစ်တာပါပဲ” ဟု ၎င်း က ပြောသည်။

ဒီဇင်ဘာ ၂၉ ရက် ၊ ညနေ ၅ နာရီခွဲ ကလည်း မြိုင်မြို့ပါ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးနှင့် စစ်သားများ တပ်စွဲထားသော မန္တလေး ကားဂိတ် သို့ ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၂၄ လုံး ကြဲ ချခဲ့ ရာ ပစ်မှတ်မယွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်သား များ သေဆုံး ထိခိုက်မှု ရှိနိုင် ကြောင်း မြိုင် ပကဖ ပြန်ကြားရး တာ၀န်ခံ ကို သုတ ထံ က သိရသည်။

“ မနေ့တိုက်ခိုက်မှုကတော့ လက်ရှိ မြိုင်နယ်မှာ စစ်ကြောင်း အထိုးခံနေရတယ်။ ဒီ‌‌စစ်ကြောင်းကို ပြန်ခေါက်လာဖို့ ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ဗုံးကြဲခံရပြီးနောက် ဂိတ်အတွင်းရှိ စစ်သားများ ထွက်ပြေးသွားကြကြောင်း မြိုင်ပကဖ က ထုတ်ပြန် ထားသည်။

ဒီဇင်ဘာ၂၉ရက်နေ့၊ ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် စစ်သားများ ထိခိုက်မှုရှိသည်ဟု သိရပြီး သေဆုံးမှုရှိ၊မရှိ မသိသေးကြောင်း မြိုင်မြို့ခံတစ်ဦးကပြောသည်။

“မြိုင်ဆေးရုံပေါ် ဒရုန်းထိတဲ့ကောင်တွေ မနေ့ညနေက ရောက်လာတယ်လို့ ပြောကြတယ်။ကျနော် တို့မြို့ခံတွေက တိုက်ပွဲဖြစ်တာနဲ့ အိမ်ထဲမှာ ပုန်းနေရတော့ အသေးစိတ်အခြေ အ နေ မပြောနိုင်ဘူး။ PDF ဒရုန်းတွေကြောင့် စခ တွေ မကြာခဏသေနေလို့ စခ တွေ ဒရုန်းဆိုရင် တော်တော်ကြောက် ကြတယ်”ဟု ၎င်းကပြောသည်။

မြိုင်မြို့ပေါ်တွင် တိုက်ခိုက်မှုတစ်စုံတစ်ရာဖြစ်ပွားပြီးတိုင်း စစ်သားများက ရန်ရှာမည်စိုးသဖြင့် မြို့ခံ ပြည်သူများ အပြင်မထွက်ရဲတော့ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

၁၀၂၇ စစ်ဆင်ရး နောက်ပိုင်းတွင် မြိုင်မြို့တွင်းသို့ စစ်သားအင်အား ဖြည့်တင်းခြင်း မရှိကြောင်း မြိုင်မြို့ပေါ်ရှိစစ်သားများမှာ မကြာခဏ တိုက်ခိုက်ခံနေရသဖြင့် မြို့ပြင်သို့ မိုင်၀က်ခန့်အကွာအဝေးသာ ကင်းပတ်ရဲပြီး မြို့တွင်း ၌သာ နေကြကြောင်း မြိုင်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောသည်။

လက်ရှိအချိန်၌ မြိုင်မြို့တွင်းသို့ အဝေးပြေး ကားများ အ၀င်အထွက်ကို ပိတ်ထားပြီး မြို့ခံ ပြည်သူ သုံးပုံနှစ်ပုံခန့်မှာလည်း နေရပ်စွန့်ခွာ သွားပြီ ဖြစ်ကြောင်းသိရသည်။