ဘာဘာတော့ဗ်ရဲ့ အက်စတွန်ဗီလာ – မန်ယူ ပွဲကြို သုံးသပ်ချက်

Posted on

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီည ပရီးမီးယားလိဂ်မှာတော့ အက်စတွန်ဗီလာ အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း ဗီလာပါ့ခ်ထံ သွားရောက် ရင်ဆိုင် ကစားရမှာပါ။

ပွဲချိန်ကတော့ ဒီ တနင်္ဂနွေနေ့ ည ၁၁ နာရီ မှာ ဖြစ်ပါတယ်။

မန်ယူနဲ့ စပါး တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ် ကတော့ ဗီလာနဲ့ မန်ယူပွဲ အတွက် သုံးသပ် ခန့်မှန်းချက် ထုတ်လာပြီ ဖြစ်ပါတယ်။

ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ်ချက်

ဂိုးများတဲ့ သရေပွဲဖြစ်သွားမှာပါ ဘာလို့လဲဆိုတော့ နှစ်သင်းလုံးမှာက ဂိုးသွင်း ဆာလောင်နေတဲ့ ကစားသမားတွေ ရှိနေကြတာပါ။ သူတို့ ဘယ်လောက်ကောင်းလဲ ပြသလိုစိတ် ရှိနေကြပါတယ်။

အဲ့ဒါကြောင့် ဒီပွဲမှာတော့ ဂိုးတွေမြင်ရမယ် ထင်ပါတယ်။ အနိုင်ရမယ် အသင်းတော့ ထွက်လာမယ် မထင်ပါဘူး။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဗီလာ ၂-၂ ယူနိုက်တက်