မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ တန်ဟတ် ကတော့ အသင်းတိုက်စစ်မှူး ဟွိုင်လန်း ကို ယခုလို ပရီးမီးယားလိဂ် ပထမဆုံးသွင်း ဂိုး မသွင်းယူနိုင်ခဲ့ချိန်ကတည်းက ဆက်တိုက် အားပေးထောက်ခံလာခဲ့သူပါ။
ယခုလို ပရီးမီးယားလိဂ် သွင်းဂိုး စတင် သွင်းယူပြီးချိန်မှာလည်း ဟွိုင်လန်း ထံမှ နောက်ထပ် သွင်းဂိုးတွေ ဆက်လက် မြင်တွေ့ရဦးမှာ ဖြစ်ကြောင်း တန်ဟက်က ပြိုင်ဘက် အသင်းတွေကို သတိပေးသွားခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ ပါဝင်ကစားခွင့်ရခဲ့ချိန်တုန်းက ဂိုးသွင်းအများဆုံး ကစားသမားစာရင်းထဲ ပါဝင်ခဲ့တဲ့ ဟွိုင်လန်း ဟာ ပရီးမီးယားလိဂ်မှာတော့ ဆိုးဆိုးရွားရွား ဂိုးပေါက်ပျောက်နေခဲ့သူ တစ်ယောက်ဖြစ်ပြီး ဒီကြားရက်က ဗီလာနဲ့ အရေးကြီး ပွဲစဉ်မှသာ အသင်းအတွက် အရေးပါဆုံး သွင်းဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ကနဦးတုန်းက ဗီလာကို ၂ ဂိုးပြတ် ရှုံးနိမ့်နေရာမှ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ပြန်လည် အနိုင် ယူနိုင်ခဲ့တာဖြစ်ပြီး ဟွိုင်လန်း အနေနဲ့လည်း မန်ယူအသင်းအတွက် ၁၇ ကြိမ် ဂိုးပေါက် ကန်သွင်းခဲ့ပြီးမှ ယခုလို ပထမဆုံး သွင်းဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
တန်ဟတ် က “ ကျွန်တော်က ဟွိုင်လန်း နဲ့ အမြဲလိုလို စကားပြောဖြစ်နေခဲ့ပါတယ်၊ သူက ဒိန်းမတ်အတွက်လည်း ဂိုးတွေ အများကြီးသွင်းတယ်၊ ချန်ပီယံလိဂ်မှာလည်း ဂိုးတွေ အများကြီး သွင်းတယ်၊ ဒါ့ကြောင့် ပရီးမီးယားလိဂ်မှာလည်း သူ အစွမ်းပြဖို့ လိုအပ်နေခဲ့ပါတယ်။
ကျွန်တော်ကတော့ သူ့ကို ယုံကြည်ကြောင်း အမြဲပြောဖြစ်ပါတယ်၊ ဒါက သူ့ရဲ့ ပထမဆုံး သွင်းဂိုးဖြစ်သလို နောက်ထပ် သွင်းဂိုးတွေလည်း တရစပ် ထပ်ရောက်လာမယ်ဆို ယုံကြည်ထားပြီးသားပါ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။