နှာခေါင်းပိတ်တာကို ခံစားရတဲ့လူတိုင်းဒီခံစားချက်ကိုပျောက်ချင်ကြမှာပဲ။ဘယ်လိုမျိုးမြန်မြန်ဆန်ဆန်ပျောက်သွားအောင်လုပ်မလဲဆိုတဲ့အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။
၆-သင့်မျက်ခုံးနှစ်ခုကြားက နေရာကိုနှိပ်ပေးပါ
ဖြည်းဖြည်းလေးနဲ့ ယုံကြည်ချက်ရှိရှိ တစ်မိနစ်လောက်ကြာအောင် နှိပ်ပါ။ ဒီနှိပ်နယ်မှုက သင့်ရဲ့နှာရည်အပေါ်ဒီလိုသက်ရောက် မှုရှိနေပါတယ်။
-သင့်နှာရည်တွေကနှာခေါင်းမှာခြောက်သွေ့တာကို တားဆီးခြင်း
-ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိခြင်း
-အရှေ့ကြွက်သားတွေကို ဖိအားဖယ်ရှားပေးနိုင်ပါတယ်။
၅-သင့်နှာရိုးကိုဖိနှိပ်ပေးပါ
သင့်နှာခေါင်းတစ်ဖက်တစ်ချက်ကို သင့်လက်ညှိုး၊ လက်ခလယ်နဲ့ ၁-၂မိနစ်လော်ကြာအောင်ဖြည်းဖြည်းချင်းတွန်းပေးပါ။
ဒီလိုလုပ်ပေးလိုက်ရင် သင့်နှာခေါင်း ဝင်ထွက်ပေါက်ကို ပွင့်ဖို့ကူညီပေးမှာဖြစ်ပြီး သင့်နှာခေါင်းက လွယ်လွယ်လေးနဲ့ ပွင့်သွားမှာဖြစ်ပါတယ်။
၄-သင့်နှာခေါင်းနဲ့ နှုတ်ခမ်းကြားနေရာကို နှိပ်နယ်ပေးပါ
သင့်အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားနေရာကို ၂-၃မိနစ်ကြာအောင် နှိပ်နယ်ပေးပါ။ ဒီနည်းလမ်းက သင့်နှာခေါင်းကို ပွင့်ဖို့ကူညီပေးသွားမှာ ဖြစ်ပါတယ်။
၃-လေထုအစိုစက်ကို သုံးပါ။
လေထုအစိုဓာတ်က ၄၀ရာခိုင်နှုန်းထက်နည်းမယ်ဆိုရင် သင့်နှာခေါင်းထဲမှာ နှာရည်တွေခြောက်ပြီးတော့ အသက်ရှုဖို့ အခက်အခဲဖြစ်မှာ ဖြစ်ပါတယ်။
တကယ်လို့ နှာရည်ကလည်းများပြီး လေထုအစိုဓာတ်ကလည်း နည်းနေတယ်ဆိုရင်တော့ ပြင်းထန်တဲ့ ဘက်တီးရီးယားပြန့်ပွားမှုတွေ ဖြစ်နိုင်ပါတယ်။သင့်တင့်တဲ့ အစိုဓာတ်ကတော့ ၄၀နဲ့ ၆၀ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။
၂-သင့်နှာတံကို နွေးထွေးအောင် ထားပါ
အဝတ်နွေးနွေးကို ယူပါ။ မိုက်ခရိုဝေ့ဗ်ထဲမှာ ထည့်ပြီး နွေးအောင်လုပ်လို့ရသလို ရေနွေးထဲမှာစိမ်ပြီးတော့ နွေးအောင်လုပ်လို့ ရပါတယ်။
သိပ်ပြီးတော့မပူပဲနဲ့ သက်တောင့်သက်တောင့်ရှိတဲ့အပူချိန်ပဲ ဖြစ်ပါစေ။ နှာခေါင်းထဲမှာ ပိတ်နေတာတွေက နှာရည်တွေဖြစ်သွားမှာ ဖြစ်ပါတယ်။နွေးအောင်လုပ်ပြီးတဲ့ နောက်မှာတော့ သင့်နှာခေါင်းညှစ်တာပဲဖြစ်ဖြစ် နှာရည်ဆေးထည့်တာပဲဖြစ်ဖြစ်လုပ်ပါ။
၁-တကယ်လို့ ဓာတ်မတည့်တာကြောင့် နှာရည်ယိုတာဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပါ။
သင့်နှလုံးခုန်နှုန်းက လေ့ကျင့်ခန်းလုပ်ပြီးတော့ မြန်လာပြီဆိုရင်တော့ သင့်နှာခေါင်းထဲကနှာရည်အတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။
လေ့ကျင့်ခန်း ၁၅မိနစ်လုပ်ပြီးပြီဆိုရင်တော့ သင်ရဲ့ဓာတ်မတည့်တာတွေကို ရှင်းပစ်နိုင်မှာဖြစ်ပါတယ်။
Writer-Min Thu (Daily Hot News )