နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

Posted on

မန်ချက်စတာ ယူနိုက်တက်ဟာ လိုက်ဇစ် တိုက်စစ်မှူး ဗာနာကို ခေါ်ယူလိုနေပြီး ဇန်နဝါရီမှာ အငှားခေါ်ယူတာမျိုး ဖြစ်လာနိုင်ပါတယ်။

လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို စိတ်ဝင်စားပေမယ့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ်ဆိုရင်တောင် လက်မှတ်ထိုးခနဲ့ လုပ်ခပိုင်း တတ်နိုင်ဖွယ် မရှိပါဘူး။

ယူနိုက်တက်ဟာ ဆန်ချို ကို ၎င်းရဲ့ အသင်းဟောင်း ဒေါ့မွန်ထံ အငှားပြန်လွှတ်ဖို့ ကလပ်အသင်းချင်း ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ် အသင်းကလည်း FFP ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်တယ် လို့ စွဲချက် တင်ခံနေရပြီး ပြစ်မှု ထင်ရှားရင် အမှတ်လျှော့ ပြစ်ဒဏ် ကျခံရဖို့ ရှိနေပါတယ်။ ဒီအဖြေကိုတော့ လာမယ့် နှစ်ပတ် အတွင်း သိရဖွယ် ရှိတယ်လို့ လည်း သတင်းတွေက ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ်ဆိုစီဒက်ကနေ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ရေး အန်နီနီကို လက်လွတ်သွားဖို့ ပြင်ဆင်နေပါတယ်။

မန်စီးတီးဟာ ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးမယ်လို့ လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ကာလရှည် သူတို့ စောင့်ကြည့်နေခဲ့တဲ့ ချယ်ဆီးအသင်းမှ ချာလိုဘတ်နဲ့ ဖူလ်ဟမ်မှ ပေါ်လင်ဟာ တို့ကို ခေါ်ယူရေး ဒီဇန်နဝါရီလထဲမှာ ကြိုးစားတော့မှာ ဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်မှာ အငှား ထွက် ကစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဘရာဇီးသား ကွင်းလယ် ခံစစ်သမား အင်ဒရီ ဆန်တို့စ်ဟာ ဒီတပတ်ထဲ ချယ်ဆီးအသင်းထံ ပြန်လာဖို့ ရှိနေပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ စပါးအသင်းမှာ နေရာမရဖြစ်နေတဲ့ ခံစစ်မှူး အဲရစ်ဒိုင်ယာကို ဇန်နဝါရီမှာတင် လက်မှတ်ထိုး ခေါ်ယူလိုနေပါတယ်။

လီဗာပူးအသင်းဟာ အငှားချထားတဲ့ ကစားသမားတွေကို ဆက်တိုက် ပြန်ခေါ်ယူနေပြီး ကာဗာရို၊ အိုဝင်ဘက်အပြင် တတိယမြောက်အဖြစ် ရွိုင်းဝီလီယမ်ကို ပြန်လည် ခေါ်ယူထားပါတယ်။

ချယ်ဆီးအသင်းဟာ ဈေးကွက်ထဲ နောက်ခံလူ ကင်းထောက် ရှာဖွေနေပြီး ဘင်ဖီကာ အသင်းရဲ့ အန်တိုနီယို ဆေးလ်ဗားကို မျက်စိကျနေပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကမ်မစ်ကို ခေါ်ယူရေး အပြိုင် ကြိုးစားလာနိုင်တယ်လို့ သိရပါတယ်။