ဒီရက်ပိုင်း မြင်ရတဲ့ လူပျောက် ကြော်ငြာများ

Posted on

ပေါ်တာ is not a joke နော်။ လူပျောက် ကြော်ငြာတွေ ဒီရက်ပိုင်း မြင်ရတာ တော်တော် စိတ်နေတယ်။ လူငယ်တွေချည်းပဲ ပျောက်နေတာ။ သတင်းဌာနတွေမှာ ဖော်ပြချက်အရ ဒီရက်ပိုင်း ထဲမှာကို စစ်တပ်ရဲ့ အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်တာ ခံရသူ ၄၀၀ ကျော်သွားပြီလို့ သိရတယ်။ သွားသတိ လာသတိနဲ့ နေကြပါ။

❎ သေရေး ရှင်ရေးလောက် အရေးမကြီးရင် ခရီး မထွက်ပါနဲ့။ တကယ်လို့ သွားရမယ် ဆိုရင်တောင် ကိုယ်သွားရမယ့် နေရာရဲ့ အခြေအနေကို အရင် စုံစမ်းပြီးမှ သွားပါ။

❎ အပြင်မှာ သွားလာနေတဲ့အချိန် ဘေးဘီကို အမြဲ အကဲခတ်ပါ။ သတိလက်လွတ် မနေပါနဲ့။ လူပြတ်တဲ့ အချိန် တစ်ယောက်တည်း သွားတာမျိုး တတ်နိုင် သလောက် ရှောင်ကြပါ။

❎ ညဘက် အရမ်းမိုးချုပ်တဲ့ အချိန်ထိ အပြင်မှာ မနေပါနဲ့။ ညဘက် လုပ်ရတဲ့ အလုပ်ဆိုလည်း ရုံး အဆောက်အအုံ ထဲမှာပဲ နေပါ။ (အလုပ်ရှင် တွေကလည်း ညည့်နက်တဲ့ အထိ အလုပ်ခိုင်းတာမျိုး တတ်နိုင်သလောက် ရှောင်ပေးပါ)

❎ ကိုယ်သွားမယ့် နေရာ၊ ကြာမယ့် အချိန်တွေကို တစ်ယောက်ယောက် သိအောင် အမြဲ ပြောထားပါ။ မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်လာရင် အရေးပေါ် ဆက်သွယ်ဖို့ စိတ်ချရတဲ့သူ တစ်ယောက် ထားပါ။

❎ စစ်တပ်နဲ့ရဲက တစ်ဖွဲ့တည်းသားတွေ ဖြစ်လို့ အရေးကြုံလာရင် သူတို့ကို အကူအညီ ရနိုင်ဖို့ မလွယ်ဘူး ဆိုတာ ကြိုတွေးထားပါ။ ပြည်သူ အချင်းချင်း အပြန်အလှန် ကူညီကြပါ။ ပြည်သူမှာ ပြည်သူပဲ ရှိပါတယ်။

ကိုယ့်ညီတွေ ညီမတွေလို စိုးရိမ်လို့ သတိပေး တာပါ။ လိုက်နာတာ မနာတာ ကတော့ ကိုယ့်ရဲ့ သဘောပါပဲ။

Zin Thaw Naing