တပင်တိုင်မြနန်း အရွက်၊ ပင်စည်နှင့် ဥများကို စားဆေးအဖြစ် အသုံးပြုနိုင်သလို လိမ်းဆေးအဖြစ်လည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
တပင်တိုင်မြနန်း အပင်ဟာတော့ အဖြူ-အနီ-အနက်ရောင် ဆိုပြီး အမျိုးအစား စုံလင်စွာရှိတယ်လို့လည်း သိရပါတယ်။
အမြစ်ဥတွေက မြစ်ပွားနာ အပါအဝင် အဖု၊ အကျိတ်၊ အနာများအား သွေးလိမ်းရုံဖြင့် ပျောက်ကင်းစေပါတယ်။(သို့မဟုတ်) အဖု၊ အကျိတ်၊ အနာများပေါ်တွင် အရွက်ကို အစိမ်းလိုက်ချေ၍ အုံကပ်ထားခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေပါတယ်လို့ သိရပါတယ်။
မြစ်အောက်မြစ်လျှောက် ပင်စည်ပွားဖြစ်တာကြောင့် ကင်ဆာကဲ့သို့ အမြစ်တွယ်သောရောဂါများကို နိုင်ပါတယ်။
တပင်တိုင်မြနန်းပင် အနီနှင့် အနက်ရောင်များက ပိုမိုအာနိသင်ထက်မြက်ပြီး ကင်ဆာအကြိတ်ဖြစ်ခါစ (ကင်ဆာမပွင့်ခင်) ရင်သား၊ သားအိမ်၊ အဆုတ်၊ ဆီးအိမ်ကင်ဆာ အမျိုးမျိုးတို့ကို ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်ပါတယ်။
အရေပြားကင်ဆာ အဆင့်(၄)ကိုပင် ပျောက်ကင်းစေခဲ့ကြောင်း သာဓကများ ရှိကြပါတယ်။
မြန်မာ့တိုင်းရင်းဆေးနည်းကုထုံးဖြင့် အမျိုးသမီးရောဂါ၊ သားအိမ်ကင်ဆာရောဂါများအတွက် တပင်တိုင်မြနန်းဥကို သွေး၍ ရေအေးဖြင့်သောက်ခြင်း၊ တပင်တိုင်မြနန်း အမြစ်ဥကို ဆန်ဆေးရည်ဖြင့်သွေး၍ ဆီးခုံပေါ် လိမ်းပေးခြင်းဖြင့်ကုသခဲ့ရာ ရောဂါများ ပျောက်ကင်းသွားပြီး အသက်ချမ်းသာရာ ရတယ်လို့လည်း သိရပါတယ်။
ဝက်ခြံ၊ မီးလောင်နာ၊ အဆီကျိတ်၊ ရိုးရိုးအဖုအကျိတ်များ၊ အတွင်း/အပြင် လိပ်ခေါင်း၊ဂရင်ဂျီနာ၊ ရင်သားအကျိတ်၊ လည်ပင်းအကျိတ်၊ ကိုယ်ခန္ဓာအနှံ့အပြားတွင် ပေါက်တတ်သော အကျိတ်အဖု၊ အနာစို၊ အနာဆွေး၊ မြုံနေသော အနာများ(အားလုံး)အတွက် တပင် တိုင်မြနန်းပင် အမြစ်ဥကို ရေစင်စင်ဆေး၍ ဆန်ဆေးရည်ဖြင့် သွေးလိမ်း အုံပေးခြင်းဖြင့် အမြန်ဆုံးပျောက်ကင်းစေပါတယ်။
(သို့မဟုတ်) အမြစ်ဥကို ရေအေးနှင့် သွေး၍လည်း သောက်နိုင်ပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
Credit-Original Writer