ချယ်ဆီးအသင်းကတော့ ဒီအပတ် ပရီးမီးယားလိဂ် မှာ တန်းဆင်းဇုန်က လူတန်တောင်း အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း မှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ ည ၇ နာရီ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ မန်ယူနဲ့ စပါး တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်က လူတန်တောင်း vs ချယ်ဆီး ပွဲစဉ် အတွက် သုံးသပ် ခန့်မှန်းလာပြီ ဖြစ်ပြီး ချယ်ဆီးကို အရှုံးလို့ ဆိုထားပါတယ်။
ဘာဘာတော့ဗ်က ” ပဲလေစ့်ကို ရင်ဆိုင်ရာမှာ နောက်ကျ သွင်းဂိုးဖြင့် ချယ်ဆီးတို့ နိုင်ခဲ့ပါတယ်။ အချို့အသင်းတွေက ပွဲနောက်ဆုံးအချိန်တွေမှာ ဒရာမာဆန်ဆန် ကိစ္စတွေကို ဖန်တီးနိုင်နေပါတယ်။
လူတန်ကလည်း ပွဲရဲ့ နောက်ဆုံး အချိန်ကျမှ အနိုင်ရထားပြီး သူတို့က ရင်ဆိုင်ရ ခက်ခဲတဲ့အသင်းဆိုတာ သက်သေပြ နေပါတယ်။ သူတို့ အားထုတ်မယ်ဆိုရင် လူတန်က ရင်ဆိုင်ရ ခက်ခဲပါတယ်။
ပဲလေစ့်ကို ချယ်ဆီးတို့ အနိုင်ရပေမယ့် သူတို့က အခုချိန်ထိ ဟန်ချက်ညီတဲ့ အသင်းတစ်သင်းကို မရသေးပါဘူး။ ဒီပွဲမှာ အံ့ဩစရာ ရလဒ်အနေနဲ့ လူတန်က နိုင်ပွဲကို ဆက်ထိန်းသွားနိုင်မယ်လို့ ထင်မိပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
ဘာဘာတော့ဗ် ရဲ့ ခန့်မှန်းရလဒ် ကတော့ လူတန်တောင်း 2-1 ချယ်ဆီး ဖြစ်ပါတယ်။