ဆန်ချို ကို ဒေါ့မွန်ဆီ အငှားချမယ့် မန်ချက်စတာ ယူနိုက်တက်

Posted on

မန်ချက်စတာယူနိုက်တက်ဟာ ဂျာဒွန်ဆန်ချိုရဲ့ ဒေါ့မွန် ထံ လွှတ်မယ့် အငှားစာချုပ်အတွင်းတွင် ရာသီအကုန်တွင် အပြီးသတ် ရောင်းချမဲ့ အချက်ကို ထည့်သွင်းချုပ်ဆိုလာမှာ မဟုတ်ကြောင်း သိရပါတယ်။

အင်္ဂလန်သား တောင်ပံကစားသမားဟာ အသင်းဟောင်းဒေါ့မွန်သို့ ၆ လအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကာ အိုးထရက်ဖို့ဒ် အိမ်မက်ဆိုးမှ နိုးထရန် နီးစပ်နေသူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဆန်ချို ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝ ဟာ လုံးဝ အဆုံးသတ်လာမဲ့ အခြေအနေမျိုးမှာ မရှိသေးပါဘူး။

ယူနိုက်တက်ဟာ ဆန်ချိုကို အငှားချလာမှာ ဖြစ်ပေမဲ့ ယင်းအငှားစာချုပ်တွင် ဒေါ့မွန်ထံသို့ အပြီးသတ်ရောင်းချမဲ့ အချက်ကို ထည့်သွင်းချုပ်ဆိုလာမှာ မဟုတ်ပါဘူး။ ယူနိုက်တက်ဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်မှ ဆန်ချိုကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးလာမဲ့ အသင်းသို့ ရောင်းချလာဖို့ ရှိပါတယ်။

တဖက်မှာလည်း ယူနိုက်တက်ရင်းနှီးမြှပ်နှံသူ ဆာဂျမ်ရက်ကလစ်ဖ်ဟာ အသင်းရဲ့ အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် ကက်စ်မီရိုကို ရောင်းချရန် ကြိုးပမ်းနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ကက်စ်မီရိုရဲ့ နေရာတွင် အစားထိုးရန် အီကွေဒေါ လူငယ်ကစားသမား အော်စကာဇမ်ဘရာနိုအား ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ် ဒါ့အပြင် ယူနိုက်တက်ဟာ ဂီရိုနာနောက်ခံလူ မီဂွယ်ဂူတီယာရက်ဇ် ကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေပါတယ်။