ဂိုးမိုးခေါင်တဲ့ကိစ္စ ဖြေရှင်းဖို့ ဇန်နဝါရီမှာ တိုက်စစ်မှုး နှစ်ဦး ခေါ်ယူရန် မန်ယူအသင်း စီစဉ်နေ

Posted on

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ တိုက်စစ်ပိုင်းနေရာ အတွက် ရေတိုဖြေရှင်း တဲ့ အနေနဲ့ ဘွန်ဒစ်လီဂါ တိုက်စစ်သမားတွေ ဖြစ်တဲ့ တီမိုဝါနာနဲ့ ချူပါမိုတင်းတို့ကို အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။

ယူနိုက်တက်အတွက် ဒီရာသီမှာ ဟွိုက်လန်း၊ မာရှယ်တို့ရှိနေပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ၁ ဂိုးသာ သွင်းယူ ထားနိုင်ခဲ့တာဖြစ်ပါတယ်။

နာမည်ကြီး အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ ဘိုင်ယန်စတား ချူပါမိုတင်းနဲ့ လိုက်ပ်ဇစ်စတား တီမိုဝါနာတို့ကို အငှားနဲ့ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လု့ိဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်းယူနိုက်တက်ဟာ ပေါင်သန်း ၄၀၀ လောက်အထိ အသုံးပြုထားခဲ့တာကြောင့် ဘဏ္ဍာရေး အခြေအနေ ကန့်သတ်ချက်ရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၀ တုန်းက ဇန်နဝါရီအပြောင်းအရွှေ့မှာ ဝက်ဖို့ဒ်တိုက်စစ်မှူး အီဂါလိုကို အငှားနဲ့ခေါ်ယူခဲ့သလို ဝက်ဟော့စ်နဲ့ ဆာဘစ်ဇာတို့ကိုလည်း အငှားနဲ့ခေါ်ယူခဲ့ပါတယ်။

ဒီတကြိမ် ယူနိုက်တက် အငှားခေါ်ဖို့ ပစ်မှတ်ထားလာတဲ့ နှစ်ဦးထဲမှာ မိုတင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ကိန်းရောက်လာခဲ့ပြီးနောက်မှာ ဒီရာသီ လူစားဝင်ခွင့်သာ ရရှိထားခဲ့ပါတယ်။

ဒါ့အပြင် ဒီရာသီ ဘွန်ဒက်စ်လီဂါမှာလည်း ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ပွဲထွက်ခွင့် မရသေးတာ ဖြစ်ပါတယ်။

ချယ်ဆီး တိုက်စစ်မှုးဟောင်း ဖြစ်တဲ့ တီမိုဝါနာကတော့ ဒီရာသီလိုက်ပ်ဇစ်အတွက် ၈ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ကာ ၂ ပွဲ ပွဲထွက်ပါဝင်ခွင့် ရရှိခဲ့ကာ ၂ ဂိုး သွင်းယူနိုင် ခဲ့ပါတယ်။