ကျောက်ကပ်ရောင်လျင် ဒရင်ကောက်ပင်

Posted on

မိတ်ဆွေတစ်ဦး ခါးနာနေတာ ဆေးစစ်တော့ ကျောက်ကပ်ရောင်လို့ ခါးနာတာသိရလို့ ဆေးနည်းတောင်းလာပါတယ်။

အဲဒါနဲ့ ဒရင်ကောက်ပင်တစ်ခက်ကို ညက်နေအောင် ထောင်းပြီး ကျောက်ကပ်နာနေတဲ့အပေါ် ကပ်ထားပေးပါပြောပြီး အပင်ပုံရော ဆေးနည်းပါ ပေးလိုက်ပါတယ်။

ပုံတွေ့မှ သူတို့ဒေသမှာ ဒဂေါက်ညွန့်လို့ ခေါ်ပြီး ဘေးခြင်းကပ်ရွာမှာ ကောက်ကောက်ညွန့်လို့ ခေါ်တဲ့အကြောင်း ပြန်ပြောပါတယ်။

အဲ့လို တစ်နေရာနဲ့တစ်နေရာ အခေါ်မတူတော့ ဆေးပင်သိတိုင်း ဆေးနည်းပေးလို့ မလွယ်ပါဘူး။ နေပြည်တော် အင်ကြင်းဈေးမှာတော့ ဒီအပင်ကို အခါခပ်သိမ်းတော့ တွေ့ရတာ မဟုတ်ပါဘူး။

ရွာနီးချုပ်စပ်က တောသည်တွေကို လိုချင်ရင် ၅၀၀ိ/ ၁၀၀၀ိ/ စရံသတ်ပြီး မှာလို့ရပါတယ်။ တစ်စည်း နှစ်စည်းလောက် မှာရင်တော့ အဆင်မပြေပါဘူး။ သူတို့ရောင်းတဲ့အထဲ ပါရင်တော့ကိုယ်လိုသလောက်ယူပေါ့။ တစ်စည်းမှ ၁၀၀ိ/ပါ။

ကျောက်ကပ်ရောင်နေပါက

အုံဆေးအနေနဲ့ ဒရင်ကောက်တစ်ခက်ကို ညက်နေအောင်ထောင်းပြီး ရောင်နေတဲ့ ကျောက်ကပ်အပေါ် ကအုံပြီး ကပ်ပေးပါ။ ခြောက်သွားရင် ရေနည်းနည်း ပြန်စွတ်ပေးပါ။

ဒရင်ကောက်ကိုပဲ ရေနွေးဖျောတို့မြှုတ်စား၊ ချက်စား၊ ကြော်စားအဆင်ပြေသလို ပြုလုပ်ပါ။

တချို့က ကြိတ်စက်နဲ့ ကြိတ်ပြီး ဖျော်ရည်ပြုလုပ် သောက်သုံးကြပါတယ်။ ဆေးနည်းအတိုင်း (၃)ရက်လောက် ပြုလုပ်ပြီးတဲ့အခါမှာ သက်သာသွားပါပြီဆိုတာကို ဝမ်းသာအားရ ပြောပြလာပါတယ်။

Credit-Shwe La Thar Win