








Video

သီပေါမင်း ပါတော်မမူခင် မြန်မာလူမျိုးတို့ရဲ့ လူနေမှုဘဝ လှုပ်ရှားမှုများကို ဗဟုသုတရစေတဲ့ရှားပါး ဗွီဒီယိုလေးပါ။#NewLeafMyanmar

Posted by Myat Kyaw Thu Han on Tuesday, 8 August 2017


Credit Myanpedia

( Unicode )

သီပေါမင်း ပါတော်မမူခင် မြန်မာလူမျိုးတို့ရဲ့ လူနေမှုဘဝ လှုပ်ရှားမှုများကို ဗဟုသုတရစေတဲ့ ရှားပါး ဗွီဒီယို

သီပေါမင်း (၁၈၇၈-၁၈၈၅) သည် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်ပြီး မြန်မာဘုရင်စနစ်၏ နောက်ဆုံးမင်းလည်းဖြစ်သည်။

ဘွဲ့တော်မှာ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ပြီး နန်းသက် ခုနစ်နှစ်ဖြစ်သည်။

မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏ သားတော်ဖြစ်ပြီး နံတော် စနေသား၊ ငယ်မည် မောင်ရေစက် ဖြစ်လေသည်။ ငယ်စဉ်အခါက ဘာသာရေးနှင့် စာပေအရာ၌ ထူးချွန်သူဖြစ်သည်။

ထီးနန်းဆက်ခံရန် အလားအလာ အလွန်နည်းသော်လည်း မိဖုရားခေါင်ကြီး ဆင်ဖြူမရှင်၏ သမီးတော် စုဖုရားလတ်နှင့် ရည်ငံနေခြင်းကြောင့်၎င်း

စည်းမျဉ်းခံဘုရင်စနစ်ကို အသက်သွင်းလိုသည့် ကင်းဝန်မင်းကြီးဦးကောင်းက သူ၏ပျော့ပျောင်းမှုကို လိုလားသည်ကြောင့်၎င်း အခြားမင်းညီမင်းသားများကို ကျော်ဖြတ်ကာ ထီးနန်းဆက်ခံခွင့် ရခဲ့သည်။

၁၈၈၅ ခုနှစ်တွင် မန္တလေးရတနာပုံနေပြည်တော်သို့ အင်္ဂလိပ်တို့ ကျူးကျော်တိုက်ခိုက်ပြီးနောက် မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့်အတူ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

အခုတင်ပေးလိုက်ရတဲ့ ဗီဒီယိုလေးကတော့ သီပေါမင်း ပါတော်မမူခင် မြန်မာလူမျိုးတို့ရဲ့ လူနေမှုဘဝ လှုပ်ရှားမှုများကို ဗဟုသုတရစေတဲ့ ရှားပါး ဗွီဒီယို ဖြစ်ပါတယ်။

Video

ဒီ ဗီဒီယို ကနေတစ်ဆင့် ရှေးမြန်မာတို့ရဲ့ ၀တ်စားဆင်ယင်မှု ပြောဆိုဆက်ဆံ သွားလာနေထိုင်ပုံတွေကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

လွတ်လပ်စွာမျှဝေနိုင်ပါသည်။
Credit Myanpedia

Leave a Reply

Your email address will not be published. Required fields are marked *