ေတာထဲမွာစြန္႔ပစ္ခံခဲ့ရၿပီး ေမ်ာက္မ်ားမွ အရြယ္ေရာက္တဲ့အထိ ေစာင့္ေရွာက္ခဲ့တဲ့ အမ်ိဳးသမီးအေၾကာငး္

Marina Chapman (၁၉၅၀ ခုႏွစ္ဖြားလို႔ ခန္႔မွန္းရ) ဟာဆိုရင္ ကိုလံဘီယာႏိုင္ငံသူတစ္ေယာက္ျဖစ္ျပီး ေတာထဲမွာ ငယ္စဥ္ကေန အရြယ္ေရာက္လာတဲ့အထိ ေမ်ာက္မ်ားနဲ႔ အတူတူ ၾကီးျပင္းခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

သူမ အသက္ ၄ ႏွစ္အရြယ္ေလာက္မွာ မိသားစုမ်ားက ေတာနက္ၾကီးထဲမွာ စြန္႔ပစ္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ ကံေကာငး္ေထာက္မစြာနဲ႔ပဲ သူမဟာ capuchin ေမ်ာက္ေတြရဲ႕ ေမြးစားျခင္းကို ခံခဲ့ရျပီး သူတုိ႔ရဲ႕ ေစာင့္ေရွာက္မႈေအာက္မွာ ၾကီးျပင္းလာခဲ့ရပါတယ္။ ငယ္စဥ္ကတည္းက ေမ်ာက္ေတြၾကား ၾကီးျပင္းလာခဲ့သူ ျဖစ္တဲ့အေလ်ာက္ သူမဟာ စကားလည္းမေျပာတတ္သလို၊ လူနဲ႔တူတဲ့အမူအရာေတြ တစ္ခုမွမရွိခဲ့ပါဘူး။

သူမ အသက္ ၁၀ ႏွစ္အရြယ္မွာေတာ့ ေတာလိုက္မုဆိုးႏွစ္ေယာက္က သူမကို ေတြ႔ရွိခဲ့ၾကျပီး ကိုလံဘီယာျမိဳ႕ေပၚမွာ ေရာင္းစားလိုက္ၾကပါတယ္။ သူမဟာ ကၽြန္အျဖစ္နဲ႔ ေနခဲ့ရျပီး လြတ္ေျမာက္ဖို႔ ၾကိဳးစားခဲ့ပါတယ္။

သူမအသက္ ၁၄ ႏွစ္အရြယ္မွာ အိမ္နီးခ်င္းျဖစ္သူ Maruja ဆိုသူက သူမကို ကယ္တင္ခဲ့ျပီး သူမကုိ ေမြးစားခဲ့ပါတယ္။ သူမဟာ သမီးအရငး္ျဖစ္သူေတြနဲ႔ အတူၾကီးျပင္းခဲ့ရျပီး ၁၉၈၃ ခုႏွစ္အထိ သူတို႔နဲ႔ အတူေနထိုင္ခဲ့ကာ Bradford က သိပၸံပညာရွင္တစ္ေယာက္နဲ႔ လက္ထပ္ခဲ့ပါတယ္။ သူမရဲ႕ ဘဝဇာတ္ေၾကာင္းကို “The Girl With No Name” ဆိုတဲ့ ေခါင္းစဥ္နဲ႔ စာအုပ္ထုတ္ေဝခဲ့ပါတယ္။ အခုဆိုရင္ မိသားစုဝင္ ၄ ေယာက္နဲ႔ အရမ္းကိုေပ်ာ္စရာေကာင္းတဲ့ ဘဝေလးကို ပိုင္ဆိုင္ခဲ့ျပီျဖစ္ပါတယ္။ ေလာကၾကီးမွာ ထူးျခားတဲ့ အျဖစ္အပ်က္ေတြက သင္ထင္ထားတာထက္ကို ပိုမ်ားေနတယ္ဆိုတာ သက္ေသပါပဲေနာ္။

( Unicode )

Marina Chapman (၁၉၅၀ ခုနှစ်ဖွားလို့ ခန့်မှန်းရ) ဟာဆိုရင် ကိုလံဘီယာနိုင်ငံသူတစ်ယောက်ဖြစ်ပြီး တောထဲမှာ ငယ်စဉ်ကနေ အရွယ်ရောက်လာတဲ့အထိ မျောက်များနဲ့ အတူတူ ကြီးပြင်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူမ အသက် ၄ နှစ်အရွယ်လောက်မှာ မိသားစုများက တောနက်ကြီးထဲမှာ စွန့်ပစ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကံကောငး်ထောက်မစွာနဲ့ပဲ သူမဟာ capuchin မျောက်တွေရဲ့ မွေးစားခြင်းကို ခံခဲ့ရပြီး သူတို့ရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက မျောက်တွေကြား ကြီးပြင်းလာခဲ့သူ ဖြစ်တဲ့အလျောက် သူမဟာ စကားလည်းမပြောတတ်သလို၊ လူနဲ့တူတဲ့အမူအရာတွေ တစ်ခုမှမရှိခဲ့ပါဘူး။

သူမ အသက် ၁၀ နှစ်အရွယ်မှာတော့ တောလိုက်မုဆိုးနှစ်ယောက်က သူမကို တွေ့ရှိခဲ့ကြပြီး ကိုလံဘီယာမြို့ပေါ်မှာ ရောင်းစားလိုက်ကြပါတယ်။ သူမဟာ ကျွန်အဖြစ်နဲ့ နေခဲ့ရပြီး လွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်။

သူမအသက် ၁၄ နှစ်အရွယ်မှာ အိမ်နီးချင်းဖြစ်သူ Maruja ဆိုသူက သူမကို ကယ်တင်ခဲ့ပြီး သူမကို မွေးစားခဲ့ပါတယ်။ သူမဟာ သမီးအရငး်ဖြစ်သူတွေနဲ့ အတူကြီးပြင်းခဲ့ရပြီး ၁၉၈၃ ခုနှစ်အထိ သူတို့နဲ့ အတူနေထိုင်ခဲ့ကာ Bradford က သိပ္ပံပညာရှင်တစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ ဘဝဇာတ်ကြောင်းကို “The Girl With No Name” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။ အခုဆိုရင် မိသားစုဝင် ၄ ယောက်နဲ့ အရမ်းကိုပျော်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ လောကကြီးမှာ ထူးခြားတဲ့ အဖြစ်အပျက်တွေက သင်ထင်ထားတာထက်ကို ပိုများနေတယ်ဆိုတာ သက်သေပါပဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *