သူငယ္တန္းကေလးေတြကို တိုင္ပတ္အကသမားနဲ႔ ကျပေဖ်ာ္ေျဖတင္ဆက္ဖို႔ေစခိုင္းခဲ့တဲ့ ေက်ာင္းအုပ္ၾကီး

ကမာၻေပၚမွာရွိတဲ့ေက်ာင္းေတာ္ေတာ္မ်ားမ်ားဟာ ေက်ာင္းလာတက္တဲ့ကေလးေတြကို assembly လိုမ်ိုး၊ ဒါမွမဟုတ္ ေက်ာင္းအုပ္ၾကီးမွ ကေလးေတြကို အားတက္ေစဖြယ္စကားေတြေျပာျပီး ၾကိဳဆိုေလ့ရွိပါတယ္။

ဒါေပမယ့္လည္း တရုတ္ျပည္က Shenzhen မွာရွိတဲ့ Xinshahui သူငယ္တန္းေက်ာင္းကလိုေတာ့ ဘယ္ေက်ာင္းမွေတာ့ ၾကိဳဆိုေရးအစီအစဥ္လုပ္မွာမဟုတ္ပါဘူး။

ပ်မ္းမွ်အားျဖင့္ အသက္(၆)ႏွစ္ေအာက္သာရွိေသးတဲ့ ကေလးေတြတက္ေရာက္တဲ့ေက်ာင္းမွာ ကေလးေတြေက်ာင္းလာတက္တာကို ၾကိဳဆိုျခင္းအထိမ္းအမွတ္အေနနဲ႔ တိုင္ပတ္အက က တဲ့အမ်ိုးသမီးတစ္ေယာက္ကို ေခၚယူျပီး ကျပေဖ်ာ္ေျဖေစခဲ့ပါတယ္။

ကေလးေတြကို လိုက္ပို႔တဲ့ကေလးမိဘေတြအေနနဲ႔ အဆိုပါကျပေဖ်ာ္ေျဖမွုဟာ ပ်မ္းမွ်အားျဖင့္ ျပႆနာမရွိေပမယ့္ သူငယ္တန္းကေလးေတြေရွ႕မွာေတာ့ ဒီကိစၥဟာ အမွန္တကယ္ပဲ ထိတ္လန္႔စရာပါပဲ။ ကေလးမိဘေတြ အေနနဲ႔လည္း လန္႔သြားမွာပဲ။

အဆိုပါအျဖစ္အပ်က္ျဖစ္ပြားျပီးေနာက္ ကေလးေတြေရွ႕မွာတိုင္ပတ္ ကျပေနတဲ့ ေဖ်ာ္ေျဖေရးဗီဒီယိုဟာ ျပန္႔ႏွံ႔သြားခဲ့ပါတယ္။ ကေလးမိဘေတြေကာ တျခားသူေတြအပါအ၀င္ ဒီကိစၥတစ္ခုလံုးနဲပတ္သတ္ျပီး စိတ္ထဲမွာ ဘယ္လိုမွ မႏွစ္ျမို႕ႏိုင္ခဲ့ေၾာင္းေတြေဖာ္ျပခဲ့ၾကပါတယ္။

သိပ္မၾကာခင္မွာပဲ အဆိုပါကိစၥဟာ Bao’an Education Bureau (ပညာေရး ၀န္ၾကီး႒ာန) ဆီကို ေပါက္ေရာက္သြားခဲ့ျပီး အဆုိပါကိစၥနဲ႔ပတ္သတ္လို႔ စံုစမ္းစစ္ေဆးခဲ့ပါတယ္။

စစ္ေဆးေရးအျပီးမွာေတာ့ ေက်ာင္းအုပ္ၾကီးက ကေလးေတြကို အကမိ်ဳးစံုနဲ႔ပတ္သတ္ျပီး သိရွိႏိုင္ေအာင္နဲ႔ ကေလးေတအတြက္ကေတာ့ ဒါဟာ ကိစၥၾကီးတစ္ရပ္လို႔မထင္ေၾကာင္းေျဖရွင္းခဲ့ပါတယ္။ “ကေလးေတြက အနည္းငယ္ရိုးရွင္းတယ္။ ဒီကိစၥနဲ႔ပတ္သတ္ျပီး ခက္ခက္ခဲခဲ ရွုပ္ရွုပ္ေထြးေထြးေတြးမိမွာမဟုတ္ဘူး။ ဒီအတိုင္းပဲ တိုင္ေပၚမွာ ဒီလိုမ်ိုး ပ်ံသန္းႏိုင္တဲ့ သူမ်ိုးက မိုက္တယ္။ ဆိုတာမ်ိုးပဲေတြးမိမွာ။ ” လို႔ေျဖရွင္းခ်က္ထုတ္ခဲ့ပါတယ္။

ေက်ာင္းအုပ္ၾကီးက ဒီလိုေျဖရွင္းခ်က္ထုတ္ခဲ့ေပမယ့္လည္း ၀န္ၾကီး႒ာနကေတာ့ ဒီကိစၥဟာ လံုး၀မသင့္ေတာ္ေၾကာင္း ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ ေက်ာင္းကို တရား၀င္ေတာင္းပန္စာထုတ္ေပးဖို႔အတြက္ ေစခိုင္းခဲ့ျပီး ေက်ာင္းအုပ္ၾကီးကိုလည္း ျပင္းျပင္းထန္ထန္ သတိေပးခဲ့ပါတယ္။

သူမကို အလုပ္ထုတ္ခဲ့ျပီး ရာထူးမွ မဆင္းေပးရခင္မွာ ေတာင္းပန္စကားဆိုခဲ့ပါတယ္။ “သူငယ္တန္းေက်ာင္းဖြင့္ပြဲမွာ ပေရာ္ဖက္ရွင္နယ္အကသမားေတြကို ဖိတ္ေခၚျပီး ကျပေဖ်ာ္ေျဖေစတာက ေက်ာင္းသားေတြပထမဆံုးေက်ာင္းတက္ရက္အတြက္ ကေလးမိဘေတြပါ တက္ၾကြေနမယ္လို႔ ထင္ခဲ့လိုပါ။ ေဖ်ာ္ေျဖေရးရဲ႕ ပံုရိပ္ပိုင္းဆိုင္ရာကို ကၽြန္မ ထည့္မတြက္မိခဲ့ပါဘူး။ ကေလးေတြေကာ၊ ကေလးမိဘေတြ ရဲ႕အျမင္အတြက္ပါ အရမ္းဆိုးရြားတဲ့ေဖ်ာ္ေျဖေရးတစ္ခုျဖစ္ခဲ့ပါတယ္။ ဒီအတြက္ တကယ္ေတာင္းပန္ပါတယ္။” လို႔ စာ ထုတ္ခဲ့ပါတယ္။

Source : Koreaboo

( Unicode )

ကမ္ဘာပေါ်မှာရှိတဲ့ကျောင်းတော်တော်များများဟာ ကျောင်းလာတက်တဲ့ကလေးတွေကို assembly လိုမျိုး၊ ဒါမှမဟုတ် ကျောင်းအုပ်ကြီးမှ ကလေးတွေကို အားတက်စေဖွယ်စကားတွေပြောပြီး ကြိုဆိုလေ့ရှိပါတယ်။

ဒါပေမယ့်လည်း တရုတ်ပြည်က Shenzhen မှာရှိတဲ့ Xinshahui သူငယ်တန်းကျောင်းကလိုတော့ ဘယ်ကျောင်းမှတော့ ကြိုဆိုရေးအစီအစဉ်လုပ်မှာမဟုတ်ပါဘူး။

ပျမ်းမျှအားဖြင့် အသက်(၆)နှစ်အောက်သာရှိသေးတဲ့ ကလေးတွေတက်ရောက်တဲ့ကျောင်းမှာ ကလေးတွေကျောင်းလာတက်တာကို ကြိုဆိုခြင်းအထိမ်းအမှတ်အနေနဲ့ တိုင်ပတ်အက က တဲ့အမျိုးသမီးတစ်ယောက်ကို ခေါ်ယူပြီး ကပြဖျော်ဖြေစေခဲ့ပါတယ်။

ကလေးတွေကို လိုက်ပို့တဲ့ကလေးမိဘတွေအနေနဲ့ အဆိုပါကပြဖျော်ဖြေမှုဟာ ပျမ်းမျှအားဖြင့် ပြဿနာမရှိပေမယ့် သူငယ်တန်းကလေးတွေရှေ့မှာတော့ ဒီကိစ္စဟာ အမှန်တကယ်ပဲ ထိတ်လန့်စရာပါပဲ။ ကလေးမိဘတွေ အနေနဲ့လည်း လန့်သွားမှာပဲ။

အဆိုပါအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ကလေးတွေရှေ့မှာတိုင်ပတ် ကပြနေတဲ့ ဖျော်ဖြေရေးဗီဒီယိုဟာ ပြန့်နှံ့သွားခဲ့ပါတယ်။ ကလေးမိဘတွေကော တခြားသူတွေအပါအဝင် ဒီကိစ္စတစ်ခုလုံးနဲပတ်သတ်ပြီး စိတ်ထဲမှာ ဘယ်လိုမှ မနှစ်မြို့နိုင်ခဲ့ေြာင်းတွေဖော်ပြခဲ့ကြပါတယ်။

သိပ်မကြာခင်မှာပဲ အဆိုပါကိစ္စဟာ Bao’an Education Bureau (ပညာရေး ၀န်ကြီးဋ္ဌာန) ဆီကို ပေါက်ရောက်သွားခဲ့ပြီး အဆိုပါကိစ္စနဲ့ပတ်သတ်လို့ စုံစမ်းစစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရေးအပြီးမှာတော့ ကျောင်းအုပ်ကြီးက ကလေးတွေကို အကမျိုးစုံနဲ့ပတ်သတ်ပြီး သိရှိနိုင်အောင်နဲ့ ကလေးတေအတွက်ကတော့ ဒါဟာ ကိစ္စကြီးတစ်ရပ်လို့မထင်ကြောင်းဖြေရှင်းခဲ့ပါတယ်။ “ကလေးတွေက အနည်းငယ်ရိုးရှင်းတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ခက်ခက်ခဲခဲ ရှုပ်ရှုပ်ထွေးထွေးတွေးမိမှာမဟုတ်ဘူး။ ဒီအတိုင်းပဲ တိုင်ပေါ်မှာ ဒီလိုမျိုး ပျံသန်းနိုင်တဲ့ သူမျိုးက မိုက်တယ်။ ဆိုတာမျိုးပဲတွေးမိမှာ။ ” လို့ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။

ကျောင်းအုပ်ကြီးက ဒီလိုဖြေရှင်းချက်ထုတ်ခဲ့ပေမယ့်လည်း ၀န်ကြီးဋ္ဌာနကတော့ ဒီကိစ္စဟာ လုံးဝမသင့်တော်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကျောင်းကို တရားဝင်တောင်းပန်စာထုတ်ပေးဖို့အတွက် စေခိုင်းခဲ့ပြီး ကျောင်းအုပ်ကြီးကိုလည်း ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

သူမကို အလုပ်ထုတ်ခဲ့ပြီး ရာထူးမှ မဆင်းပေးရခင်မှာ တောင်းပန်စကားဆိုခဲ့ပါတယ်။ “သူငယ်တန်းကျောင်းဖွင့်ပွဲမှာ ပရော်ဖက်ရှင်နယ်အကသမားတွေကို ဖိတ်ခေါ်ပြီး ကပြဖျော်ဖြေစေတာက ကျောင်းသားတွေပထမဆုံးကျောင်းတက်ရက်အတွက် ကလေးမိဘတွေပါ တက်ကြွနေမယ်လို့ ထင်ခဲ့လိုပါ။ ဖျော်ဖြေရေးရဲ့ ပုံရိပ်ပိုင်းဆိုင်ရာကို ကျွန်မ ထည့်မတွက်မိခဲ့ပါဘူး။ ကလေးတွေကော၊ ကလေးမိဘတွေ ရဲ့အမြင်အတွက်ပါ အရမ်းဆိုးရွားတဲ့ဖျော်ဖြေရေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီအတွက် တကယ်တောင်းပန်ပါတယ်။” လို့ စာ ထုတ်ခဲ့ပါတယ်။

Source : Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *