ေခးကုိၾကိဳက္သလိုေျပာပါ ေခးရဲ႕သားေလးကုိေတာ့မေျပာပါနဲ႔ဆုိတဲ့ ယြန္းဝတီလြင္မိုး

တစ္နုိင္ငံလံုးကေယာက္်ားသားေတြေျခမကုိင္မိလက္မကုိင္္မိျဖစ္ခဲ့ၾကရတဲ့ ေခးေလးယြန္းဝတီလြင္မုိးရဲ႕ မဂၤလာေဆာင္ကုိပရိသတ္ေတြမွတ္္မိၾကဦးမယ္ထင္ပါတယ္။

သိပ္မၾကာလိုက္သလိုထင္ရေပမယ့္ တကယ္ေတာ့ တစ္နွစ္ခန္႔ၾကာျမင့္ခဲ့ျပီျဖစ္ျပီး ယြန္းဝတီလြင္မိုးဟာလည္း သားေလးတစ္ေယာက္ကုိေမြးဖြားသန္႔စင္ျပီးပါျပီ။ အခုဆိုရင္ ေခးရဲ႕ သားဦးေလးဟာ သံုးပတ္ခန္႔ၾကီးျပင္းလာျပီျဖစ္ပါတယ္။

ေခးက သူမရဲ႕သားေလးနဲ႔ခင္ပြန္းျဖစ္သူတို႔ရဲ႕ ဓာတ္ပံုေတြကုိတင္တဲ့အခါ သားေလးရဲ႕မ်က္နွာကုိတင္ေလ့မရွိပါဘူး။ အဲဒါနဲ႔ပတ္သက္ျပီးေတာ့ ေခးက သူမရဲ႕ Instagram Story မွာစာေလးေတြတင္ျပီး ပရိသတ္ကုိရွင္းျပထားပါတယ္။

ေခးက စာကုိ ျမန္မာလိုေရာ အဂၤလိပ္လုိပါ Version နွစ္မ်ိဳးနဲ႔ေရးသာထားျပီး ပရိသတ္ေတြကုိအသိေပးထားပါတယ္။ ေခးက စာရဲ႕အစမွာ သားေလးကုိေမြးထားတာသံုးပတ္္ခန္႔ၾကာျမင့္္ခဲ့ျပီျဖစ္ျပီး ပရိသတ္ေတြအကုန္လံုးက သားေလးကို ေတြ႕ခ်င္ေနၾကမယ္ဆိုတာ သိပါတယ္။

သားကုိ ဝိုင္းခ်စ္ေပးၾကတဲ့အတြက္ေရာ ငယ္ငယ္ရြယ္ရြယ္နဲ႔ေမြးထားတဲ့ ကေလးေလးကုိေရာ ကေလးအေမကိုပါ ဝိုင္းခ်စ္ျပီိးအားေပးၾကတဲ့ အတြက္လည္းပရိသတ္ၾကီးကိုအရမ္းေက်းဇူးတင္ပါတယ္လို႔ ေရးသားထားပါတယ္။

ေနာက္ျပီးသားေလးရဲ႕မ်က္နွာကုိမျပတာက လူေတြရဲ႕စိတ္ဝင္စားမႈခံခ်င္တာေၾကာင့္လို႔ေျပာေနၾကတ့ဲသူေတြရွိေၾကာင္းနဲ႔ အခုအခ်ိန္မွာေခးအေနနဲ႔မလိုခ်င္ဆံုးက

Attention ပဲျဖစ္ေၾကာင္း၊ဓာတ္ပံုေလးေတြတင္တယ္ဆိုတာ အမွတ္တရေတြကုိ သိမ္းဆည္းထားခ်င္လို႔ပဲျဖစ္ေၾကာင္းလည္းေရးသားထားပါတယ္။

ေခးေလးက သားေလးအေၾကာင္းျမန္မာလို ေရးထားတဲ့ပံုမွာ သားကုိ Liam လို႔ရည္ညႊန္းတာေၾကာင့္ သားေလးနာမည္က Liam ျဖစ္ေၾကာင္းသိရပါတယ္။ သားေလးကုိေမြးဖြားခဲ့ပံုနဲ႔သားေလးအေၾကာင္းေတြ၊ေခးရဲ႕

ပထမဆံုးသားဦးေလးေမြးထားတဲ့ မိခင္ဘဝအေတြ႕အၾကံဳေတြကုိ ပရိသတ္ကုိေဝမွ်ဖို႔အတြက္ အေမးအေျဖက႑ေလးလုုပ္ဖို႔လည္းရွိေၾကာင္းေျပာထားပါေသးတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ယြန္းဝတီလြင္မိုးကုိခ်စ္ၾကရဲ႕လား။ေခးရဲ႕သားေလး Liam က Liam Hamsworth လုိပဲ ေခ်ာေခ်ာေလးနဲ႔အရည္အခ်င္းရွိတဲ့ လူေတာ္လူေကာင္းေလးအျဖစ္ၾကီးျပင္းလာပါေစလုိ႔အတူတူဆုေတာင္းေပးၾကမယ္ေနာ္။

Can’t Wait To Say

( Unicode )

တစ်နိုင်ငံလုံးကယောက်ျားသားတွေခြေမကိုင်မိလက်မကိုင််မိဖြစ်ခဲ့ကြရတဲ့ ခေးလေးယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာဆောင်ကိုပရိသတ်တွေမှတ််မိကြဦးမယ်ထင်ပါတယ်။

သိပ်မကြာလိုက်သလိုထင်ရပေမယ့် တကယ်တော့ တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယွန်းဝတီလွင်မိုးဟာလည်း သားလေးတစ်ယောက်ကိုမွေးဖွားသန့်စင်ပြီးပါပြီ။ အခုဆိုရင် ခေးရဲ့ သားဦးလေးဟာ သုံးပတ်ခန့်ကြီးပြင်းလာပြီဖြစ်ပါတယ်။

ခေးက သူမရဲ့သားလေးနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့ ဓာတ်ပုံတွေကိုတင်တဲ့အခါ သားလေးရဲ့မျက်နှာကိုတင်လေ့မရှိပါဘူး။ အဲဒါနဲ့ပတ်သက်ပြီးတော့ ခေးက သူမရဲ့ Instagram Story မှာစာလေးတွေတင်ပြီး ပရိသတ်ကိုရှင်းပြထားပါတယ်။

ခေးက စာကို မြန်မာလိုရော အင်္ဂလိပ်လိုပါ Version နှစ်မျိုးနဲ့ရေးသာထားပြီး ပရိသတ်တွေကိုအသိပေးထားပါတယ်။ ခေးက စာရဲ့အစမှာ သားလေးကိုမွေးထားတာသုံးပတ််ခန့်ကြာမြင့််ခဲ့ပြီဖြစ်ပြီး ပရိသတ်တွေအကုန်လုံးက သားလေးကို တွေ့ချင်နေကြမယ်ဆိုတာ သိပါတယ်။

သားကို ဝိုင်းချစ်ပေးကြတဲ့အတွက်ရော ငယ်ငယ်ရွယ်ရွယ်နဲ့မွေးထားတဲ့ ကလေးလေးကိုရော ကလေးအမေကိုပါ ဝိုင်းချစ်ပြီိးအားပေးကြတဲ့ အတွက်လည်းပရိသတ်ကြီးကိုအရမ်းကျေးဇူးတင်ပါတယ်လို့ ရေးသားထားပါတယ်။

နောက်ပြီးသားလေးရဲ့မျက်နှာကိုမပြတာက လူတွေရဲ့စိတ်ဝင်စားမှုခံချင်တာကြောင့်လို့ပြောနေကြတဲ့သူတွေရှိကြောင်းနဲ့ အခုအချိန်မှာခေးအနေနဲ့မလိုချင်ဆုံးက

Attention ပဲဖြစ်ကြောင်း၊ဓာတ်ပုံလေးတွေတင်တယ်ဆိုတာ အမှတ်တရတွေကို သိမ်းဆည်းထားချင်လို့ပဲဖြစ်ကြောင်းလည်းရေးသားထားပါတယ်။

ခေးလေးက သားလေးအကြောင်းမြန်မာလို ရေးထားတဲ့ပုံမှာ သားကို Liam လို့ရည်ညွှန်းတာကြောင့် သားလေးနာမည်က Liam ဖြစ်ကြောင်းသိရပါတယ်။ သားလေးကိုမွေးဖွားခဲ့ပုံနဲ့သားလေးအကြောင်းတွေ၊ခေးရဲ့

ပထမဆုံးသားဦးလေးမွေးထားတဲ့ မိခင်ဘဝအတွေ့အကြုံတွေကို ပရိသတ်ကိုဝေမျှဖို့အတွက် အမေးအဖြေကဏ္ဍလေးလုုပ်ဖို့လည်းရှိကြောင်းပြောထားပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ယွန်းဝတီလွင်မိုးကိုချစ်ကြရဲ့လား။ခေးရဲ့သားလေး Liam က Liam Hamsworth လိုပဲ ချောချောလေးနဲ့အရည်အချင်းရှိတဲ့ လူတော်လူကောင်းလေးအဖြစ်ကြီးပြင်းလာပါစေလို့အတူတူဆုတောင်းပေးကြမယ်နော်။

Can’t Wait To Say

Leave a Reply

Your email address will not be published. Required fields are marked *