ေယာက်ားေလးဆုိရင္​ ဘယ္​လုိပုံစံႀကိဳက္​တယ္​ဆုိတာ ေျပာျပလာတဲ့ ေအးဝတ္​ရည္​ေသာင္​း

ဒီရက္ပိုင္း စႏႈိက္ေက်ာ္ ၿခံခုန္ေနတဲ့ သတင္းေတြ ဖတ္ၿပီး ေဒါမႏုႆ ပြားေနၾကမယ့္ ပရိသတ္ေတြအတြက္ ရင္ေအးေစမယ့္ မေအးေသာင္း အေၾကာင္းေလး ေျပာခ်င္လြန္းလို႔ပါ။ မေအးေသာင္းက တစ္ခါတစ္ေလ ေဖ့စ္ဘြတ္မွာ တင္ၿပီး ဖီးလ္ထားတဲ့ စာသားေလးေတြက သူ႔ရဲ႕ သက္ဆိုင္သူကို ရည္ၫႊန္းထားတာ ျဖစ္ပါတယ္။ အခ်စ္ေရးမွာ ဝိုင္းဝိုင္းလည္ေနေပမဲ့ တည္ၿငိမ္မႈတစ္ခုကို ထိန္းထားတဲ့ မေအးေသာင္းက ဘယ္လိုေယာက်္ာေလးမ်ိဳးကို သေဘာက်မယ္ ထင္ပါသလဲ။ အေျဖကိုသိခ်င္ရင္ေတာ့ MC 7 နဲ႔ အင္တာဗ်ဴး မွာ မေအးေသာင္းက ခုလိုေျပာျပသြားပါတယ္။

“ ျမန္မာဆန္တာ ဗိုလ္ဆန္တာထက္ ေယာက်္ားပီသတဲ့ ေယာက်္ားကို ပိုႀကိဳက္တယ္။ ေပါက္စီ အလိုခ်င္ဆုံးကေတာ့ ကိုယ့္အေပၚမွာ သစၥာရွိမႈေပါ့ေနာ္။ ကိုယ္အလုပ္လုပ္ေနမယ္ အေနာက္မွာ သူက စိတ္ခ်ေနရတဲ့ ေယာက်္ားတစ္ေယာက္ ျဖစ္ေစခ်င္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္နဲ႔ ဖူးစာပါတဲ့ဆီက ေ႐ြးမွာပါ။ ကိုယ့္ႏွလုံးသား သြားတဲ့ဆီ လိုက္မွာပါ။

ေပါက္စီကို ခ်စ္တယ္ဆိုကတည္းက ကိုယ္ဘာလဲဆိုတာ သိၿပီးသားေလေနာ္။ အဲ့ေတာ့ နားလည္ႏိုင္တဲ့သူ ျဖစ္မယ္လို႔လည္း ယုံၾကည္တယ္။ အျပင္ကပဲ ျဖစ္ျဖစ္ ဒီေလာကကပဲ ျဖစ္ျဖစ္ ဘယ္လိုပဲ ျဖစ္ျဖစ္ ကိုယ့္အေၾကာင္းသိတယ္ ကိုယ့္ကို ခ်စ္တဲ့စိတ္နဲ႔ ဆိုရင္ေတာ့ ဒါေတြကို သူနားလည္ႏိုင္လိမ့္မယ္ ထင္ပါတယ္။

ပုဆိုးေလးနဲ႔ သိပ္သိပ္မိုက္တယ္ ကိုကိုရဲ႕ ဆိုသလိုပဲ ေပါက္စီက ေယာက်္ားေလးဆိုရင္ ပုဆိုးဝတ္မွ ႀကိဳက္တယ္။ ပုဆိုးေလးနဲ႔ လည္ကတုံးေလးနဲ႔ ေအာက္က ကတၱီပါ ဖိနပ္ေလးနဲ႔ဆိုရင္ ေယာက်္ားေလးေတြက ေတာ္ေတာ္ၾကည့္လို႔ေကာင္းတယ္။ အဲ့လိုရွိေနၿပီလားဆိုေတာ့ ရွိတယ္လို႔ေျပာရမွာေပါ့။ စြံဖို႔ကေတာ့ ေပါက္စီအမ်ိဳးေတြက ဆုေတာင္းမႈ အားနည္းေနေသးတယ္ ထင္တယ္။ မ်ားမ်ားဆုေတာင္းေပးရင္ေတာ့ ျမန္ျမန္ရမွာပါလို႔ေျပာခ်င္ပါတယ္။” လို႔ဆိုပါတယ္။

ကဲ မေအးေသာင္း က ပုဆိုးေလးနဲ႔ ကိုကိုေတြ ကို ႀကိဳက္ပါတယ္လို႔ ေျပာေနၿပီဆိုေတာ့ ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးထဲမွာေရာ ေအးေသာင္းႀကိဳက္ေလာက္မယ့္ အဆင္ေလးေတြ ရွိေနမလား။

Credit:Namalgyi

( Unicode )

ဒီရက်ပိုင်း စနှိုက်ကျော် ခြံခုန်နေတဲ့ သတင်းတွေ ဖတ်ပြီး ဒေါမနုဿ ပွားနေကြမယ့် ပရိသတ်တွေအတွက် ရင်အေးစေမယ့် မအေးသောင်း အကြောင်းလေး ပြောချင်လွန်းလို့ပါ။ မအေးသောင်းက တစ်ခါတစ်လေ ဖေ့စ်ဘွတ်မှာ တင်ပြီး ဖီးလ်ထားတဲ့ စာသားလေးတွေက သူ့ရဲ့ သက်ဆိုင်သူကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ အချစ်ရေးမှာ ဝိုင်းဝိုင်းလည်နေပေမဲ့ တည်ငြိမ်မှုတစ်ခုကို ထိန်းထားတဲ့ မအေးသောင်းက ဘယ်လိုယောကျ်ာလေးမျိုးကို သဘောကျမယ် ထင်ပါသလဲ။ အဖြေကိုသိချင်ရင်တော့ MC 7 နဲ့ အင်တာဗျူး မှာ မအေးသောင်းက ခုလိုပြောပြသွားပါတယ်။

“ မြန်မာဆန်တာ ဗိုလ်ဆန်တာထက် ယောကျ်ားပီသတဲ့ ယောကျ်ားကို ပိုကြိုက်တယ်။ ပေါက်စီ အလိုချင်ဆုံးကတော့ ကိုယ့်အပေါ်မှာ သစ္စာရှိမှုပေါ့နော်။ ကိုယ်အလုပ်လုပ်နေမယ် အနောက်မှာ သူက စိတ်ချနေရတဲ့ ယောကျ်ားတစ်ယောက် ဖြစ်စေချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့ ဖူးစာပါတဲ့ဆီက ရွေးမှာပါ။ ကိုယ့်နှလုံးသား သွားတဲ့ဆီ လိုက်မှာပါ။

ပေါက်စီကို ချစ်တယ်ဆိုကတည်းက ကိုယ်ဘာလဲဆိုတာ သိပြီးသားလေနော်။ အဲ့တော့ နားလည်နိုင်တဲ့သူ ဖြစ်မယ်လို့လည်း ယုံကြည်တယ်။ အပြင်ကပဲ ဖြစ်ဖြစ် ဒီလောကကပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်အကြောင်းသိတယ် ကိုယ့်ကို ချစ်တဲ့စိတ်နဲ့ ဆိုရင်တော့ ဒါတွေကို သူနားလည်နိုင်လိမ့်မယ် ထင်ပါတယ်။

ပုဆိုးလေးနဲ့ သိပ်သိပ်မိုက်တယ် ကိုကိုရဲ့ ဆိုသလိုပဲ ပေါက်စီက ယောကျ်ားလေးဆိုရင် ပုဆိုးဝတ်မှ ကြိုက်တယ်။ ပုဆိုးလေးနဲ့ လည်ကတုံးလေးနဲ့ အောက်က ကတ္တီပါ ဖိနပ်လေးနဲ့ဆိုရင် ယောကျ်ားလေးတွေက တော်တော်ကြည့်လို့ကောင်းတယ်။ အဲ့လိုရှိနေပြီလားဆိုတော့ ရှိတယ်လို့ပြောရမှာပေါ့။ စွံဖို့ကတော့ ပေါက်စီအမျိုးတွေက ဆုတောင်းမှု အားနည်းနေသေးတယ် ထင်တယ်။ များများဆုတောင်းပေးရင်တော့ မြန်မြန်ရမှာပါလို့ပြောချင်ပါတယ်။” လို့ဆိုပါတယ်။

ကဲ မအေးသောင်း က ပုဆိုးလေးနဲ့ ကိုကိုတွေ ကို ကြိုက်ပါတယ်လို့ ပြောနေပြီဆိုတော့ ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော အေးသောင်းကြိုက်လောက်မယ့် အဆင်လေးတွေ ရှိနေမလား။

Credit: Nanmalgyi

Leave a Reply

Your email address will not be published. Required fields are marked *