၎ နှစ်ကြာ လက်ထပ် ထားပြီးဖြစ်သော်လည်း ကလေးမရသေးသဖြင့် ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့သော စုံတွဲ တစ်တွဲအား စစ်ဆေးရာမှ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို ကြားသိခဲ့

၎ နှစ်ကြာ လက်ထပ် ထားပြီးဖြစ်သော်လည်း ကလေးမရသေးသဖြင့် ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့သော စုံတွဲ တစ်တွဲအား စစ်ဆေးရာမှ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို ကြားသိခဲ့ရကြောင်း၊ ၎င်းတို့၏ အတူနေဖြစ်စဉ်မှာ မှားယွင်းနေကြောင်း တွေ့ရှိခဲ့ရသည်။








Credit: Original

( Unicode )

၄ နှစ်ကြာ လက်ထပ် ထားပြီးဖြစ်သော်လည်း ကလေးမရသေးသဖြင့် ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့သော စုံတွဲ တစ်တွဲအား စစ်ဆေးရာမှ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို ကြားသိခဲ့ရကြောင်း၊ ၎င်းတို့၏ အတူနေဖြစ်စဉ်မှာ မှားယွင်းနေကြောင်း တွေ့ရှိခဲ့ရသည်။

တရုတ်နိုင်ငံတွင်နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားနှင့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တို့သည် ၄ နှစ်ကြာမျှ လက်ထပ်ကာ အတူနေထိုင်ပြီးဖြစ်သည်။ သို့ရာတွင် မည်သို့ပင် ကြိုးစားကာမူ ကိုယ်ဝန်မရသဖြင့် ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် သားဖွားမီးယပ်အတိုင်ပင်ခံနှင့်တွေ့ဆုံကာ ၎င်းတို့အကြောင်းကို ပြောပြခဲ့ကြရာမှ ၎င်းတို့နှစ်ဦး၏ မှားယွင်းနေသော လင်မယားဖြစ်စဉ်ကို သိရှိခဲ့ရသည်။ ယင်းအကြောင်းကို တရုတ်သတင်းဌာနတစ်ခုဖြစ်သည့် Guiyang Evening Post တွင် တင်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား စစ်ဆေးမေးမြန်းသည့် ဒေါက်တာ လျှူ က အများကဲ့သို့ပင် အဆိုပါအမျိုးသမီးတွင် မျိုးရိုးဗီဇဆိုင်ရာ ပြဿနာ ဖြစ်နေလိမ့်မည်ဟု ထင်ခဲ့သည်။ သို့ရာတွင် အမျိုးသမီး၏ အဖြေကို ကြားသောအခါမှ နားရွက်များပင် ထောင်သွားခဲ့သည်အထိ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

အမျိုးသမီးဖြစ်သူက လင်မယားအတူနေချိန်တွင် သူမမှာ အလွန်ပင်နာကျင်ခံစားရကြောင်း၊ သို့သော်လည်း ကလေးရလိုဇောဖြင့် သည်းခံရကြောင်း ပြောပြသည်။

ဒေါက်တာလျှူ စစ်ဆေးချက်အရ အဆိုပါမိန်းကလေးမှာ အပျိုစစ်စစ် ဖြစ်နေသေးကြောင်းကို တွေ့ရှိခဲ့ရပြီး ၎င်းတို့သည် စအိုနှင့်သာ လိင်မှုကိစ္စပြုကြသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

“လင်မယားနှစ်ယောက်က ငယ်လည်းငယ်ကြသေးတယ်။ နှစ်ယောက်စလုံးက ကျန်းမာရေးလည်းကောင်းကြတယ်။ ဒါဆိုကလေးဘာလို့ မရသေးလဲလို့ စစ်ဆေးကြည့်တော့ အခုလိုဖြစ်နေတာကို တွေ့ရတာပါပဲ။ နောက်ပြီး သူတို့အိမ်ကလည်း သူတို့ကို ကလေးယူဖို့ ဖိအားတွေအရမ်းပေးတာကြောင့်လည်း ပါတာပေါ့ ” ဟု ဒေါက်တာက ရှင်းပြခဲ့သည်။

ယင်းသို့ မှားယွင်းနေကြသည့်အတွက် ကလေးမရခြင်းဖြစ်ကြောင်း ရှင်းပြပြီးနောက် ဒေါက်တာက လိင်ပညာပေးစာအုပ်များကို လေ့လာခိုင်းလိုက်ရာ များမကြာမီကာလအတွင်း ကိုယ်ဝန်ရရှိသွားကြသည်ဟု ဆိုသည်။

Credit: Original

Leave a Reply

Your email address will not be published. Required fields are marked *