ခပ္ေခ်ေခ်ေနတတ္ေစဖို႔

အျမဲတမ္းလိုလို အားနာတတ္ စိတ္ေကာင္းရိွတတ္ေနရတာဟာလည္း တစ္ခါတစ္ေလမွာ စိတ္ပင္ပန္းရပါတယ္။

စိတ္ဆိုတာဟာ တသမတ္တည္းပံုေသ ေဘာင္ခတ္ထားစရာမလုိပါဘူး။ တစ္ခါတစ္ေလမွာ ဘယ္သူ႔ကိုမွ ဂရုမစိုက္ဘဲနဲ႔ ခပ္ေခ်ေခ်ေနတတ္ဖို႔လည္း လိုအပ္ပါတယ္။ သင္ရဲ႕ ကိုယ္ခ်င္းစာစိတ္ အားနာတတ္စိတ္ေတြကို တလြဲအသံုးခ်ခံေနရျပီဆိုရင္ ဒီအခ်က္ေတြကို သိဖို႔လိုအပ္ေနပါျပီ။

၁။ ပြင္႔လင္းပါ။
လူေတြက သေဘာေကာင္းတယ္ ေပ်ာ္တတ္တယ္လို႔ အျမင္ခံရတဲ႔သူတစ္ေယာက္မွာ ျမိဳသိပ္ထားရတာေတြအမ်ားၾကီးရိွပါတယ္။ ကိုယ့္အျမင္ ကိုယ့္ခံစားခ်က္ကို အျမဲတမ္းလိုလို ဖံုးကြယ္ထားစရာမလိုပါဘူး။ ေျပာစရာရိွတာကို ပြင့္ပြင့္လင္းလင္းေျပာပါ။

၂။ ျပံဳးမေနပါနဲ႔။
လူပဲ တစ္ခါတစ္ေလ စိတ္ရႈပ္တဲ႔အခ်ိန္ရိွတာေပါ့။ ဒါကို အမ်ားအျမင္ေကာင္းေအာင္ အျပံဳးနဲ႔ ဖုံးကြယ္ထားစရာ မလိုပါဘူး။ ကိုယ္ပိုင္တဲ႔မ်က္နွာမွာ ကိုယ္ပိုင္တဲ႔ခံစားခ်က္ကို ေဖာ္ျပခြင့္ အျပည့္အ၀ရိွပါတယ္။

၃။ ရိုးသားပါ။
ကိုယ္ေကာင္းရင္ ေခါင္းမေရြ ႔ဘူးဆိုတဲ႔ စကားပံုအတိုင္းပါပဲ။ ကိုယ့္ဘက္ကသာ အမွန္တရားရိွေနသေရြ ႔ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ ဂရုစိုက္စရာမလိုပါဘူး။

၄။ အေျပာၾကမ္းဖို႔ လိုလာရင္ ၾကမ္းပါ။
မ်က္နွာအမူအရာလိုပါပဲ။ စကားသံေတြဟာလည္း စိတ္ခံစားမႈအေပၚလိုက္ျပီး နူးညံ့နိုင္ ၾကမ္းတမ္းနိုင္ပါတယ္။ စိတ္မရွည္ရင္ မရွည္သလိုေျပာပိုင္ခြင့္ရိွပါတယ္။ စကားလံုးေတြကို အေပၚယံတန္ဆာဆင္ေနစရာမလိုပါဘူး။

၅။ လြယ္လြယ္အေလွ်ာ့မေပးပါနဲ႔။
မထီမဲ႔ျမင္အမူအယာေတြ ခနဲ႔တဲ႔တဲ႔စကားလံုးေတြကို သည္းခံထားရတာ ေပ်ာ္လို႔လား။ မင္းရဲ႕ အျမင္ေတြ ကိုယ္ပိုင္အေတြးအေခၚေတြဟာ ဥပကၡာျပဳခံရဖို႔ထိုက္တန္လို႔လား။ ေခါင္းမာသင့္တဲ႔အခ်ိန္ကို သိပါေစ။

၆။ ေပါက္ကြဲပါ။
သည္းခံနိုင္တဲ႔အတိုင္းအတာကိုေက်ာ္လြန္လာရင္ေတာ့ ေပါက္ကြဲေပါ့။ ဘယ္သူ႔ဂရုစိုက္ရမွာလဲ ။

၇။ လူေတြကိုအသံုးခ်ပါ။
အသံုးခ်ခံအျဖစ္နဲ႔ပဲ အသက္ရွင္ရမယ္လို႔ ဘယ္သူကသတ္မွတ္ထားလို႔လဲ။ မင္းရည္မွန္းခ်က္ေတြ ပန္းတိုင္ေတြကို ေရာက္နိုင္ဖို႔အတြက္ တစ္ဖက္သား ကို ထိခိုက္နစ္နာမႈမရိွေစေအာင္ အသံုးခ်တတ္ဖို႔ လိုအပ္ပါတယ္။

၈။ ဘာကိုမွဂရုမစိုက္ပါနဲ႔။
ကိုယ္ကသာလူေတြကို ဂရုစိုက္ေနတာ ကိုယ့္ကိုလူေတြက ဂရုစိုက္လို႔လား။ တစ္ေယာက္တစ္ေပါက္နဲ႔ ေျပာခ်င္တာေျပာေနတဲ႔ အသံေတြကို လ်စ္လ်ဴရႈလိုက္စမ္းပါ။

၉။ လ်စ္လ်ဴရႈမခံပါနဲ႔။
ကိုယ္ကသာ လ်စ္လ်ဴရႈပါ။ ကိုယ့္ကို လ်စ္လ်ဴရႈတာမခံပါနဲ႔။ ကိုယ္ကသာ အေရးပါဆံုးလူပဲေလ ။ ကိုယ္ကိုယ္တိုင္ထပ္ အေရးၾကီးတဲ႔သူ ရိွေသးလို႔လား။

၁၀။ ဘယ္ေတာ့မွ မေတာင္းပန္ပါနဲ႔။
မွားမွန္းသိရင္ေတာင္ ေနာက္မဆုတ္ပါနဲ႔။ ကိုယ္တာ၀န္ယူထားတဲ႔ ကိစၥကို ျပီးျပတ္ေအာင္ တာ၀န္ယူပါ။ အမွားကိုလဲ ေက်ေက်နပ္နပ္ၾကီးခံယူပါ။ မင္းမလုပ္ခဲ႔တ႔ဲ အမွားေတြအတြက္ အၾကိမ္ေပါင္းမ်ားစြာ ေတာင္းပန္ခဲ႔ဖူးျပီးျပီမဟုတ္လား။

credit GirlStuff Myanmar

( Unicode )

အမြဲတမ်းလိုလို အားနာတတ် စိတ်ကောင်းရှိတတ်နေရတာဟာလည်း တစ်ခါတစ်လေမှာ စိတ်ပင်ပန်းရပါတယ်။

စိတ်ဆိုတာဟာ တသမတ်တည်းပုံသေ ဘောင်ခတ်ထားစရာမလိုပါဘူး။ တစ်ခါတစ်လေမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲနဲ့ ခပ်ချေချေနေတတ်ဖို့လည်း လိုအပ်ပါတယ်။ သင်ရဲ့ ကိုယ်ချင်းစာစိတ် အားနာတတ်စိတ်တွေကို တလွဲအသုံးချခံနေရပြီဆိုရင် ဒီအချက်တွေကို သိဖို့လိုအပ်နေပါပြီ။

၁။ ပွင့်လင်းပါ။
လူတွေက သဘောကောင်းတယ် ပျော်တတ်တယ်လို့ အမြင်ခံရတဲ့သူတစ်ယောက်မှာ မြိုသိပ်ထားရတာတွေအများကြီးရှိပါတယ်။ ကိုယ့်အမြင် ကိုယ့်ခံစားချက်ကို အမြဲတမ်းလိုလို ဖုံးကွယ်ထားစရာမလိုပါဘူး။ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းပြောပါ။

၂။ ပြုံးမနေပါနဲ့။
လူပဲ တစ်ခါတစ်လေ စိတ်ရှုပ်တဲ့အချိန်ရှိတာပေါ့။ ဒါကို အများအမြင်ကောင်းအောင် အပြံုးနဲ့ ဖုံးကွယ်ထားစရာ မလိုပါဘူး။ ကိုယ်ပိုင်တဲ့မျက်နှာမှာ ကိုယ်ပိုင်တဲ့ခံစားချက်ကို ဖော်ပြခွင့် အပြည့်အဝရှိပါတယ်။

၃။ ရိုးသားပါ။
ကိုယ်ကောင်းရင် ခေါင်းမရွေ ့ဘူးဆိုတဲ့ စကားပုံအတိုင်းပါပဲ။ ကိုယ့်ဘက်ကသာ အမှန်တရားရှိနေသရွေ ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဂရုစိုက်စရာမလိုပါဘူး။

၄။ အပြောကြမ်းဖို့ လိုလာရင် ကြမ်းပါ။
မျက်နှာအမူအရာလိုပါပဲ။ စကားသံတွေဟာလည်း စိတ်ခံစားမှုအပေါ်လိုက်ပြီး နူးညံ့နိုင် ကြမ်းတမ်းနိုင်ပါတယ်။ စိတ်မရှည်ရင် မရှည်သလိုပြောပိုင်ခွင့်ရှိပါတယ်။ စကားလုံးတွေကို အပေါ်ယံတန်ဆာဆင်နေစရာမလိုပါဘူး။

၅။ လွယ်လွယ်အလျှော့မပေးပါနဲ့။
မထီမဲ့မြင်အမူအယာတွေ ခနဲ့တဲ့တဲ့စကားလုံးတွေကို သည်းခံထားရတာ ပျော်လို့လား။ မင်းရဲ့ အမြင်တွေ ကိုယ်ပိုင်အတွေးအခေါ်တွေဟာ ဥပက္ခာပြုခံရဖို့ထိုက်တန်လို့လား။ ခေါင်းမာသင့်တဲ့အချိန်ကို သိပါစေ။

၆။ ပေါက်ကွဲပါ။
သည်းခံနိုင်တဲ့အတိုင်းအတာကိုကျော်လွန်လာရင်တော့ ပေါက်ကွဲပေါ့။ ဘယ်သူ့ဂရုစိုက်ရမှာလဲ ။

၇။ လူတွေကိုအသုံးချပါ။
အသုံးချခံအဖြစ်နဲ့ပဲ အသက်ရှင်ရမယ်လို့ ဘယ်သူကသတ်မှတ်ထားလို့လဲ။ မင်းရည်မှန်းချက်တွေ ပန်းတိုင်တွေကို ရောက်နိုင်ဖို့အတွက် တစ်ဖက်သား ကို ထိခိုက်နစ်နာမှုမရှိစေအောင် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။

၈။ ဘာကိုမှဂရုမစိုက်ပါနဲ့။
ကိုယ်ကသာလူတွေကို ဂရုစိုက်နေတာ ကိုယ့်ကိုလူတွေက ဂရုစိုက်လို့လား။ တစ်ယောက်တစ်ပေါက်နဲ့ ပြောချင်တာပြောနေတဲ့ အသံတွေကို လျစ်လျူရှုလိုက်စမ်းပါ။

၉။ လျစ်လျူရှုမခံပါနဲ့။
ကိုယ်ကသာ လျစ်လျူရှုပါ။ ကိုယ့်ကို လျစ်လျူရှုတာမခံပါနဲ့။ ကိုယ်ကသာ အရေးပါဆုံးလူပဲလေ ။ ကိုယ်ကိုယ်တိုင်ထပ် အရေးကြီးတဲ့သူ ရှိသေးလို့လား။

၁၀။ ဘယ်တော့မှ မတောင်းပန်ပါနဲ့။
မှားမှန်းသိရင်တောင် နောက်မဆုတ်ပါနဲ့။ ကိုယ်တာဝန်ယူထားတဲ့ ကိစ္စကို ပြီးပြတ်အောင် တာဝန်ယူပါ။ အမှားကိုလဲ ကျေကျေနပ်နပ်ကြီးခံယူပါ။ မင်းမလုပ်ခဲ့တဲ့ အမှားတွေအတွက် အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့ဖူးပြီးပြီမဟုတ်လား။

credit GirlStuff Myanmar

Leave a Reply

Your email address will not be published. Required fields are marked *