ပင္လယ္ထဲမွာ၄၃၈ရက္ၾကာေျမာေနခဲ့ျပီးအသက္ရွင္ခဲ့သူတစ္ဦး

Salvador Alvarenga ဆိုတဲ့ ငါးဖမ္းသမားဟာ ေလွဆိုရင္ နားေနစရာ အခန္းမပါ၊ အမိုးအကာမပါတဲ့ ေလွမ်ိဳးကို ႀကိဳက္ႏွစ္သက္တဲ့ သူတစ္ဦးလို႔ ေျပာလို႔ရပါတယ္။ ဒါေၾကာင့္မို႔လို႔ သူ႔ရဲ႕ ငါးဖမ္းေလွကိုလည္း ပင္လယ္လႈိင္းေတြရဲ႕ ေစလိုရာကို ေျမာလြင့္ႏိုင္မယ့္ ႀကီးမားတဲ့ ေရလႈိင္းစီး ဘုတ္ျပား အသြင္သ႑န္ ဖန္တီးထားပါတယ္။ ဒါေပမယ့္ ေရလႈိင္းစီး ဘုတ္ျပားေတြနဲ႔ မတူတဲ့ အခ်က္ကေတာ့ သူရဲ႕ ငါးဖမ္းေလွမွာ အင္ဂ်င္ တစ္လုံး ပါဝင္ေနတာပါပဲ။

Alvarenga ဟာ မကၠစီကို ႏိုင္ငံသား အသက္ ၃၇ ႏွစ္ အ႐ြယ္ရွိ ငါးဖမ္းသမားတစ္ဦး ျဖစ္တယ္။ သူဟာ အရက္ကို အလြန္အကြၽံေသာက္တယ္။ အိမ္ေထာင္ကြဲ ေယာက်ာ္းတစ္ဦးျဖစ္တယ္။ ဘဝကို ျဖစ္သလို ျဖတ္သန္းေနတဲ့ ပုဂၢိဳလ္တစ္ဦးလို႔ ေျပာလို႔ ရပါတယ္။ တစ္ေန႔မွာေတာ့ Alvarenga အတြက္ ကံဆိုးမိုးေမွာင္မႈေတြ စတင္က်ေရာက္လို႔ လာခဲ့ပါတယ္။

Alvarenga အေနနဲ႔ ႏိုဝင္ဘာ ၁၈ ရက္ ၂၀၁၂ မွာ ပင္လယ္ျပင္ထဲကို ထြက္ၿပီး ငါးဖမ္းဖို႔အတြက္ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ Ezequiel Cordoba နဲ႔ အတူ အစီအစဥ္ဆြဲထားပါတယ္။ သူ႔ရဲ႕ ငါးဖမ္းစက္ေလွေလးေပၚကို ငါးဖမ္းပိုက္ကြန္ေတြ၊ ဖမ္းဆီးရမိတဲ့ ငါးေတြကို သိုေလွာင္ဖို႔အတြက္ ငါးကန္ေတြ တင္ေဆာင္ၿပီးတဲ့ အခ်ိန္မွာေတာ့ ပင္လယ္ျပင္ထဲကို စတင္ထြက္ခြာလာခဲ့ပါတယ္။

ပင္လယ္ျပင္ထဲကို မထြက္ခြာခင္မွာ Alvarenga ရဲ႕ သူငယ္ခ်င္းေတြက မုန္တိုင္းရွိတဲ့ အေၾကာင္းႀကိဳတင္ သတိေပးခဲ့ၾကပါေသးတယ္။ ဒါေပမယ့္ ဘာကိုမွဂ႐ုမစိုက္တတ္တဲ့ Alvaregna တစ္ေယာက္ ကို ဘယ္သူမွ တားဆီးႏိုင္ခဲ့ျခင္း မရွိပါဘူး။

ကမ္းေျခကေန ထြက္ခြာၿပီး ေရမိုင္ ၇၅မိုင္ အကြာမွာ Alvarenga အေနနဲ႔ ႏွစ္မိုင္နီးပါး ရွည္လ်ားတဲ့ သူ႔ရဲ႕ ငါးဖမ္းပိုက္ကြန္ေတြကို ပင္လယ္ျပင္ထဲကို ျဖန္႔က်က္လို႔ ထားခဲ့ပါတယ္။ အဲ့အခ်ိန္မွာ Alvarenga စတင္ ထြက္ရွိခဲ့တဲ့ ကမ္းေျခမွာ မုန္တိုင္းၾကမ္း တစ္ခု စတင္ တိုက္ခိုက္ေနခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ကမ္းေျခနဲ႔ အလွမ္းေဝးေနတဲ့ Alvarenga နဲ႔ Cordoba တို႔ကေတာ့ မုန္တိုင္း တိုက္လို႔တိုက္ေနမွန္း မသိရွိခဲ့ၾကပါဘူး။

ဒါေပမယ့္ နာရီအနည္းငယ္အၾကာမွာေတာ့ ပင္လယ္ျပင္ထဲကို မုန္တိုင္း စတင္ တိုက္ခိုက္လာတာနဲ႔အမွ် ငါးဖမ္းသမား ႏွစ္ဦးလည္း မုန္တိုင္းဒဏ္ကို စတင္ ခံစားလာရၿပီျဖစ္ပါတယ္။ ပင္လယ္ေရလႈိင္းေတြ ငါးဖမ္းေလွငယ္ေလးကို ႐ိုက္ခတ္လာတယ္၊ ေရေတြ ေလွထဲကို ဝင္လာတယ္၊ စတဲ့ မုန္တိုင္းဒဏ္ေတြကို ေၾကာက္႐ြံ႕တာေၾကာင့္ Cordoba အေနနဲ႔ ကမ္းေျခကို ျပန္လွည့္ဖို႔ Alvarenga ကို ေျဖာင္းျဖခဲ့ပါတယ္။

ဒါေပမယ့္ ေဒၚလာေထာင္ေပါင္းမ်ားစြာ တန္ဖိုးရွိတဲ့ ငါးဖမ္းပိုက္ကြန္ေတြကို ပင္လယ္ထဲကို ျဖတ္ခ်ပစ္ၿပီး ကမ္းေျခကို ျပန္ေျပးဖို႔အတြက္ Alvarenga တစ္ေယာက္ ေတြေဝလို႔ ေနခဲ့ပါတယ္။ မုန္တိုင္း အရွိန္ က်ဆင္းသြားမယ့္ အခ်ိန္ကို ေမွ်ာ္လင့္တႀကီး ေစာင့္စားေနခဲ့ေပမယ့္ တျဖည္းျဖည္းနဲ႔ မုန္တိုင္း တိုက္ခိုက္မႈႏႈန္း က ပိုမို ျပင္းထန္လို႔ လာခဲ့ပါတယ္။

ဒီအခ်ိန္မွာေတာ့ Alvarenga တစ္ေယာက္ အသက္ထက္ပိုၿပီး ပစၥည္းေတြကို တြယ္တာမေနႏိုင္ေတာ့ပါဘူး။ ပိုက္ကြန္ထဲကို ပင္လယ္ထဲ ျဖတ္ပစ္ၿပီး သူတို႔ ထြက္ခြာခဲ့တဲ့ ဆိပ္ကမ္းကို ဦးတည္ၿပီး စက္ေလွကို အလ်င္အျမန္ စတင္ခုတ္ေမာင္းခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ သူေဌး Willie ဆီကိုလည္း သူတို႔ႏွစ္ေယာက္ ႀကဳံေတြ႕ေနရတဲ့ လက္ရွိ အေျခအေနကို လွမ္းအေၾကာင္းၾကားခဲ့ပါတယ္။

ကံဆိုးမသြားရာ မိုးလိုက္လို႔႐ြာဆိုတဲ့ အတိုင္း ကမ္းေျခကို ျပန္ေရာက္ဖို႔ ၁၅မိုင္ အလိုမွာ စက္ေလွ အင္ဂ်င္ ပ်က္သြားခဲ့ပါတယ္။ Alvarenga အေနနဲ႔ အင္ဂ်င္ကို ႀကိဳးစားပမ္းစား အႀကိမ္ႀကိမ္ ျပင္ဆင္ခဲ့ေပမယ့္ ေအာင္ျမင္ခဲ့ျခင္း မရွိခဲ့ပါဘူး။ အဲ့ဒီအခ်ိန္အတြင္းမွာပဲ မုန္တိုင္းရဲ႕ ေခၚေဆာင္ရာအတိုင္း Alvarenga တို႔ ရဲ႕ စက္ေလွေလးဟာ ပင္လယ္ထဲကို တျဖည္းျဖည္း ျပန္လည္ လြင့္ပါလို႔ သြားခဲ့ပါတယ္။

ဒါေၾကာင့္မို႔လို႔ Alvarenga အေနနဲ႔ သူ႔ရဲ႕ ေဘာ့စ္ Willie ကို အျမန္လာကယ္ဖို႔ ေရဒီယိုကေနတစ္ဆင့္ အေၾကာင္းၾကားေနတဲ့ အခ်ိန္ခဲ့ပါတယ္။ ကံဆိုးစြာနဲ႔ပဲ ေရဒီယို ဆက္သြယ္မႈ ျပတ္ေတာက္လို႔ သြားခဲ့ပါတယ္။ မုန္တိုင္း တိုက္ခိုက္မႈ အၿပီး ငါးရက္အၾကာမွာ Alvarenga နဲ႔ Cordoba တို႔ ႏွစ္ေယာက္ ကမ္းေျခနဲ႔ ၂၈၀ မိုင္ အကြာကို ေရာက္ရွိလို႔ သြားခဲ့ပါတယ္။

အခုအခ်ိန္မွာ သူတို႔ ႏွစ္ေယာက္ကို ကယ္တင္ႏိုင္တာဆိုလို႔ အျခားသေဘၤာတစ္ခုက ေတြ႕ရွိၿပီး ကယ္ဆယ္မွသာ ပင္လယ္ထဲက လြတ္ေျမာက္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူတို႔ရဲ႕ စက္ေလွေလးဟာ ကမ္းေျခနဲ႔ မိုင္ ၂၈၀ ကြာ ပင္လယ္ေရနက္ပိုင္းကို ေရာက္ရွိေနတာေၾကာင့္ ကယ္ဆယ္ေရး သေဘၤာေတြ အေနနဲ႔ သူတို႔ စက္ေလွနဲ႔ မိုင္ဝက္အကြာကို ေရာက္ရွိခဲ့မွသာ စက္ေလွကို ျမင္ေတြ႕ႏိုင္မွာ ျဖစ္တာေၾကာင့္ ေမွ်ာ္လင့္ခ်က္ မရွိသေလာက္ကို နည္းပါးေနၿပီ ျဖစ္ပါတယ္။

“ငါတို႔ေတာ့ ေသတာ့မွာပဲကြာ” လို႔ Cordoba တစ္ေယာက္ ညည္းတြားၿပီး စိတ္ဓါတ္က်ေနတာေၾကာင့္

“အဲ့လို႔ မေတြးစမ္းပါနဲ႔ကြာ၊ ကယ္ဆယ္ေရး တပ္သားေတြက ငါတို႔ကို လာကယ္မွာပါကြ” လို႔ Cordoba ကို Alvarenga က မၾကာခဏ ႏွစ္သိမ့္ေပးေနရပါတယ္။

“အမွန္ေတာ့ ကြၽန္ေတာ္တို႔ကို ဘယ္သူမွာ လာကယ္ႏိုင္မွာ မဟုတ္မွန္း ကြၽန္ေတာ္သိပါတယ္။ ကြၽန္ေတာ့္မွာ ကယ္ဆယ္ေရး အခ်က္ျပဖို႔အတြက္ ေသနတ္လည္း ပါမလာဘူးေလ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ေရာက္ေနတဲ့ ေနရာက ဘယ္ ငါးဖမ္းသမားမွ သြားတက္တဲ့ ေနရာမ်ိဳးမွ မဟုတ္တာ” လို႔ Alvarenga က ပင္လယ္ထဲမွာ လြင့္ေျမာၿပီး ၄၃၈ အၾကာ ကမ္းေျခကို ျပန္ေရာက္တဲ့ အခ်ိန္မွာ သတင္းေထာက္ေတြကို ျပန္လည္ ရွင္းျပခဲ့ပါတယ္။

ပင္လယ္ျပင္ရဲ႕ ရာသီဥတ ဟာ ေန႔လည္ပိုင္းမွာ အလြန္ပူျပင္းတာေၾကာင့္ အရွင္လတ္လတ္ မီးကင္ခံေနရသလို ခံစားရၿပီး ညပိုင္းေတြမွာလည္း အလြန္ေအးတာေၾကာင့္ ငါးေတြဖမ္းမိရင္ သိမ္းဆည္းဖို႔ ယူေဆာင္လာခဲ့တဲ့ ပုံေတြထဲမွာ ႏွစ္ေယာက္သား ဖက္ၿပီး အေႏြးဓါတ္ရရွိေအာင္ ေနခဲ့ရတယ္လို႔ Alvarenga က ျပန္လည္ ေျပာျပခဲ့ပါတယ္။

“ရာသီဥတု ဒဏ္အျပင္ ေရဆာတဲ့ဒဏ္၊ ဗိုက္ဆာတဲ့ဒဏ္ေတြ ကိုလည္း ခံစားခဲ့ရေသးတယ္ဗ်။ ကြၽန္ေတာ္ဆို ဗိုက္ဆာလြန္းလို႔ လက္သည္းေတြကိုေတာင္ ဝါးစားေနခဲ့မိတယ္” လို႔ Alvarenga က ေျပာျပခဲ့ပါတယ္။

ပင္လယ္ျပင္ထဲမွာ မိုး႐ြာတဲ့ အခါေတြမွာ ဒုကၡသည္ႏွစ္ဦးျဖစ္တဲ့ Alvarenga နဲ႔ Cordoba တို႔ အေနနဲ႔ ေရကို ဝဝလင္လင္ ေသာက္သုံးႏိုင္ခဲ့ၿပီး ပင္လယ္ထဲကေန ေတြ႕ရွိခဲ့တဲ့ ၁ ဂါလံဆန္႔ ပလတ္စတစ္ ပုံးေလးေတြထဲကို ေရေတြ ထည့္သြင္း သိမ္းဆည္းၿပီး ေနာင္လာမယ့္ ေန႔ရက္ေတြ အတြက္ ႀကိဳတင္ ျပင္ဆင္ထားရပါတယ္။

ပင္လယ္ျပင္ထဲမွာ လြင့္ေျမာေနခဲ့တာ ၁၁ ရက္ အၾကာမွာေတာ့ Alvarenga တစ္ေယာက္ စက္ေလွနားက ကူးခတ္ေနတဲ့ ငါးေလးေတြ အျပင္ လိပ္ေတြကိုပါ အရွင္လတ္လတ္ ဖမ္းဆီး စားေသာက္ႏိုင္ေနၿပီ ျဖစ္ပါတယ္။ Alvarenga တစ္ေယာက္ လိပ္ေတြ ငါးေတြကို ဖမ္းတဲ့ အလုပ္အျပင္ လုပ္ေဖၚကိုင္ဖက္ Cordoba ကိုလည္း အာဟာရ ျပည့္ဝဖို႔အတြက္ လိပ္ေတြ ငါးေတြကို စားသင့္ေၾကာင္း၊ ႐ြံရွာေနလို႔ အက်ိဳးမရွိေၾကာင္း အားေပးစကား ေျပာရတဲ့ အလုပ္တစ္ခုကိုပါ လုပ္ေဆာင္ေနရပါတယ္။

ပင္လယ္ထဲမွာ လြင့္ေျမာေနခဲ့တာ လအနည္းငယ္ အၾကာမွာ Alvarenga တစ္ေယာက္ တစ္ေန႔တာ လုပ္ငန္းေဆာင္တာေတြကို သူ သတ္မွတ္ထားတဲ့ အခ်ိန္ဇယားအတိုင္း တိတိက်က် ေဆာင္႐ြက္ႏိုင္ေနခဲ့ၿပီ ျဖစ္ပါတယ္။

“မနက္ငါးနာရီဆိုတာနဲ႔ ကြၽန္ေတာ္ ငါးကန္ထဲကေန ထတယ္။ ၿပီးရင္ ကုန္းပတ္ေပၚမွာ ေနမင္းႀကီး ျမင့္တက္လာတာကို ထိုင္ၾကည့္တယ္၊ အဲ့ဒီ ေနမင္းႀကီးကို ထိုင္ၾကည့္ရတာ ကြၽန္ေတာ္ ေပ်ာ္တယ္ဗ်။”

အဲ့လို ေနထြက္လာတာကို ၾကည့္ၿပီးရင္ သူေထာင္ထားတဲ့ ပိုက္ကြန္ေတြမွာ ငါးမိမမိကို စစ္ေဆးတယ္ ၿပီးရင္ Cordoba ႏိုးလာတာနဲ႔ ဖမ္းမိထားတဲ့ ငါးေတြကို အညီအမွ်ခြဲၿပီး အားရပါးရစားေသာက္က်တယ္။ ၿပီးရင္ တစ္ေရးတစ္ေမာ အိပ္တယ္။ ၿပီးရင္ ငါးကန္ထဲမွာ ျပန္ဝင္ထိုင္တယ္။ ဒီလိုနဲ႔ပဲ သူ႔ရဲ႕ တစ္ေန႔တာကို ေပ်ာ္ေပ်ာ္႐ႊင္႐ြင္ လည္ပတ္ေစခဲ့ပါတယ္။

Alvarenga နဲ Cordoba တို႔ဟာ ငါးဖမ္း ခရီးစဥ္ စတင္ထြက္ရွိခဲ့တုန္းက အရမ္းရင္းႏွီးက်တဲ့ သူငယ္ခ်င္းေကာင္း ေတြ မဟုတ္ၾကေသးပါဘူး။ ဒါေပမယ့္ ပင္လယ္ျပင္ထဲမွာ လေပါင္းမ်ားစြာ အတူတကြ ေနၿပီးတဲ့ အခ်ိန္မွာ ခြဲလို႔မရတဲ့ သူငယ္ခ်င္းေကာင္းေတြ ျဖစ္လို႔ သြားခဲ့ၿပီ ျဖစ္ပါတယ္။

ညေနပိုင္းေတြကို ခရစ္စမတ္အႀကိဳ ညေနခင္းေတြလို႔ သေဘာထားၿပီး ဖမ္းဆီးရမိထားတဲ့ ငါးေတြ လိပ္ေတြကို ခရစ္စမတ္အႀကိဳ ညစာစားပြဲ အျဖစ္ သူတို႔ ႏွစ္ေယာက္ ၿမိန္ေရယွက္ေရနဲ႔ စားေသာက္ၾကတယ္။ ညပိုင္းေတြ ဆိုရင္ သူတို႔ႏွစ္ေယာက္ ကုန္းပတ္ေပၚမွာ လွဲအိပ္ၿပီး ေကာင္းကင္ေပၚက ၾကယ္ေတြကို ေရတြက္က်တယ္။ ေကာင္းကင္ေပၚမွာ ေလယာဥ္ပ်ံေတြ ျဖတ္သန္းသြားတာကို ျမင္ရင္ သူတို႔ကို လာကယ္တာလို႔ ေတြးၿပီး ေပ်ာ္႐ႊင္စြာနဲ႔ ေအာ္ဟစ္ကခုန္ၾကတယ္။

“တစ္ခါတစ္ေလက်ရင္ Cordoba က သူ႔အႀကိဳက္ဆုံး သီခ်င္းေတြကို ငါးကန္ထဲကေန ေအာ္ဆိုတတ္တယ္ဗ်။ ကြၽန္ေတာ္လည္း သူ သီခ်င္းဆိုတာကို နားေထာင္ရတာ သေဘာက်ပါတယ္” လို႔ Alvarenga က ျပန္လည္ ေျပာျပခဲ့ပါတယ္။

ပင္လယ္ထဲမွာ ေနရတာၾကာျမင့္လာတာနဲ႔အမွ် Alvarenga တို႔အတြက္ စားစရာေတြလည္း ပိုမို မ်ားျပားလာခဲ့ပါတယ္။ Alvarenga အေနနဲ႔ အခုဆိုရင္ ကုန္းပတ္ေပၚလာနားတဲ့ ပင္လယ္ေပ်ာ္ငွက္ေတြ ကို အလြယ္တကူ ဖမ္းဆီး စားေသာက္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ကံမေကာင္းျခင္းေတြနဲ႔ ေဝးကြားေနတဲ့ ပင္လယ္ထဲက သူငယ္ခ်င္းေကာင္း ႏွစ္ေယာက္ဆီကို ပင္လယ္ေပ်ာ္ ငွက္ေတြနဲ႔ အတူ တစ္ေန႔မွာ ကံဆိုးမႈေတြ ျပန္လည္ ဝင္ေရာက္လို႔ လာခဲ့ပါတယ္။ Cordoba စားလိုက္တဲ့ ငွက္ေလးရဲ႕ ဗိုက္ထဲမွာ အဆိပ္ျပင္းတဲ့ ေႁမြတစ္ေကာင္ရွိေနခဲ့ပါတယ္။ အဲ့ဒီေႁမြပါတဲ့ ငွက္ကို စားလိုက္မိတဲ့ Cordoba တစ္ေယာက္ ရက္ေပါင္းမ်ားစြာ အျပင္းအထန္ ဖ်ားနာမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ကံေကာင္းစြာနဲ႔ပဲ Cordoba တစ္ေယာက္ ျပန္လည္သက္သာခဲ့ေပမယ့္ စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာတစ္ခုေတာ့ Cordoba ရင္ထဲမွာ စြဲကပ္လို႔ ေနခဲ့ၿပီ ျဖစ္ပါတယ္။ အဲ့ဒါကဘာလည္းဆိုေတာ့ ပင္လယ္ေပ်ာ္ငွက္ေတြကို ထပ္မံ စားေသာက္ရမွာ အလြန္အမင္း ေၾကာက္႐ြံ႕သြားခဲ့တာပါပဲ။

အျပင္းဖ်ားရာကေန သက္သာၿပီး ႏွစ္လအၾကာမွာ Cordoba တစ္ေယာက္ အာဟာရ ျပတ္ေတာက္မႈဒဏ္ေတြကို စတင္ခံစားလာခဲ့ရပါၿပီ။ သူရဲ႕ လက္ေမာင္းေတြ၊ ေပါင္ေတြဟာဆိုရင္ တုတ္ေခ်ာင္းတစ္ေခ်ာင္း အ႐ြယ္အစားသာ ရွိပါေတာ့တယ္။ ဒါ့အျပင္ Cordoba အေနနဲ႔ အစာငတ္ခံေနရမွာထက္စာရင္ ေသသြားတာမွ ပိုေကာင္းအုံးမယ္ ဆိုတဲ့ စိတ္ေရာဂါတစ္ခုလည္း စတင္ စြဲကပ္ေနၿပီ ျဖစ္ပါတယ္။

တစ္ေန႔မွာ Cordoba တစ္ေယာက္ ေသေၾကာင္းႀကံစည္ဖို႔ ပင္လယ္ထဲ ခုန္ခ်ရန္ ႀကိဳးစားခဲ့တာေၾကာင့္ Alvarenga အေနနဲ႔ ငါးကန္ထဲမွာ ပိတ္ေလွာင္ၿပီး ေစာင့္ၾကည့္ေနရတဲ့အထိ Cordoba ရဲ႕ အေျခအေနဟာ ပိုမို ဆိုးဝါးလာခဲ့ပါတယ္။ Alvarenga တစ္ေယာက္ အစြမ္းကုန္ ႀကိဳးစားၿပီး အစားအစာ ေကြၽးေကြၽး ေရတိုက္တိုက္ Cordoba ကေတာ့ ျငင္းဆန္ခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ Cordoba တစ္ေယာက္ အာဟာရခ်ိဳ႕တဲ့ၿပီး အသက္ေသဆုံးသြားခဲ့ပါတယ္။ Cordoba ေသဆုံးသြားတာဟာ Alvarenga အတြက္ေတာ့ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ တစ္ခုပါပဲ။ Alvarenga တစ္ေယာက္ သူ႔ သူငယ္ခ်င္းရဲ႕ အေလာင္းကို ေသဆုံးၿပီး ၆ရက္ အၾကာမွသာ ပင္လယ္ထဲကို ေျမာပစ္ႏိုင္ခဲ့ပါတယ္။

“သူ႔ကို ကြၽန္ေတာ္ ပင္လယ္ထဲစြန္႔ပစ္ၿပီးေတာ့ ကြၽန္ေတာ္ ငါးကန္ထဲျပန္ဝင္ၿပီး တစ္ေနကုန္ ငိုေနခဲ့တာဗ်”

လို႔ Alvarenga က ျပန္လည္ ရွင္းျပခဲ့ပါတယ္။

Cordoba ေသဆုံးၿပီးတဲ့ေနာက္မွာ Alvarenga တစ္ေယာက္ Cordoba လို႔ အျဖစ္မ်ိဳးနဲ႔ သူကိုယ္တိုင္ မႀကဳံေတြ႕ရေအာင္ သူ႔ရဲ႕ စိတ္ေတြကို တည္ၿငိမ္ေအာင္ ေတာ္ေတာ္ႀကီးကို ထိန္းခ်ဳပ္ခဲ့ရပါတယ္။ Cordoba ေသဆုံးၿပီး ရက္အနည္းငယ္ အၾကာမွာ သူ႔ရဲ႕ စိတ္ေတြကို ထိန္းခ်ဳပ္ႏိုင္မယ့္ နည္းလမ္းကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

အဲ့ဒါကေတာ့ ပင္လယ္ထဲကို ဆင္းၿပီး ေရစိမ္တာပဲ ျဖစ္ပါတယ္။

“ပင္လယ္ထဲကို ဆင္းၿပီး ေရစိမ္တာက လြယ္တဲ့ ကိစၥေတာ့ မဟုတ္ဘူးဗ်။ ငါးမန္းအႏၲရယ္ကလည္း ေၾကာက္ရေသးတယ္ေလ။ ပထမဦးဆုံး ကြၽန္ေတာ္ ဖမ္းၿပီးစားတုန္းက ခ်န္ထားတဲ့ ဌက္ေျခေထာက္အ႐ိုးေတြကို ေရထဲကို အရင္ပစ္ခ်ရတယ္။ ၿပီးရင္ ပင္လယ္ေအာက္က အေျခအေနကို ေစာင့္ၾကည့္ရတယ္။ ငါးမန္း အရိပ္အေျခ မေတြ႕ဘူးဆိုရင္ ေရထဲကို ဆင္းတယ္။ ေရကူးတယ္။ ေရငုပ္တယ္။ “

“တကယ္လို႔ ကြၽန္ေတာ့္ ေဘးနားမွာ ျဖတ္သန္း သြားလာေနတဲ့ ငါးေလးေတြ အသားကုန္ ကူးခတ္ေနၿပီ ဆိုရင္ေတာ့ ကြၽန္ေတာ္လည္း စက္ေလွေပၚ အျမန္ဆုံး ေျပးတက္ေတာ့တာပဲ။ ဘာလို႔လည္း ဆိုေတာ့ ဒီငါးေလးေတြ အျမန္ေျပးေနၿပီဆိုရင္ သိပ္မၾကာခင္ ငါးမန္း ေရာက္လာေတာ့မွာေလ။”

“ပင္လယ္ထဲကို ငါးမိနစ္ေလာက္ပဲ ျဖစ္ျဖစ္ ေရဆင္းကူးရတာ ကြၽန္ေတာ့္လို ကုန္းပတ္ေပၚမွာ တစ္ေနကုန္ ေနရတဲ့ သူတစ္ေယာက္အတြက္ေတာ့ ေပ်ာ္စရာေပါ့ဗ်ာ။ အဲ့လိုေရကူးေနရတဲ့ အခ်ိန္ဆို ဟိုအရင္တုန္းက ကြၽန္ေတာ့္သူငယ္ခ်င္းေတြနဲ႔ အတူ ကမ္းေျခသြားၿပီး ေပ်ာ္ခဲ့တာေတြကိုေတာင္ သတိရမိေသးတယ္”

လို႔ Alvarenga က ျပန္လည္ ရွင္းျပခဲ့ပါတယ္။

Cordoba ေသဆုံးမႈေၾကာင့္ စိတ္ဓါတ္ပ်က္ျပားေနတဲ့ Alvarenga ကို ကယ္တင္ခဲ့တဲ့ ေနာက္ထပ္ တစ္ခ်က္ကေတာ့ သူ႔ရဲ႕ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနတဲ့ ၁၄ ႏွစ္အ႐ြယ္ သမီးေလး Fatima ျဖစ္ပါတယ္။

“သမီးေလးအေၾကာင္းကို ကြၽန္ေတာ္ေန႔တိုင္း စဥ္းစားေနမိတာဗ်။ ညေတြဆိုလည္း သူ႔အေၾကာင္း အိပ္မက္ မက္တယ္။ အိပ္မက္ထဲမွာ သူကြၽန္ေတာ့္ကို “ေဖေဖ” လို႔ ေခၚလိုက္ၿပီဆိုရင္ ကြၽန္ေတာ္ အရမ္းေပ်ာ္တာပဲဗ်ာ”

လို႔ Alvarenga က ေျပာျပခဲ့ပါတယ္။

တစ္ေန႔မွာ Alvarenga တစ္ေယာက္ အိမ္ျပန္ႏိုင္ဖို႔ အခြင့္အေရးေတြနဲ႔ နီးစပ္လို႔လာခဲ့ပါတယ္။ ပင္လယ္ကူး သေဘၤာႀကီး တစ္စင္း Alvarenga ရဲ႕ စက္ေလွဆီကို ဦးတည္ၿပီး ခုတ္ေမာင္းလာတာကို ျမင္ေတြ႕လိုက္ရတာ ေၾကာင့္ Alvarenga တစ္ေယာက္ ေၾကာက္လည္းေၾကာက္၊ ဝမ္းလည္းဝမ္းသာဆိုတဲ့ အေနအထားနဲ႔ သေဘၤာႀကီးကို ဆီးႀကိဳေနမိပါတယ္။

ေၾကာက္ရတဲ့ အေၾကာင္းအရင္းကေတာ့ ဒီသေဘၤာႀကီး ကြၽန္ေတာ့္စက္ေလွေလးကို မျမင္ပဲ ျဖတ္တိုက္သြားရင္ ကြၽန္ေတာ္ေသမွာေလ။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္လည္း အစြမ္းကုန္ လက္ေတြကို ေဝွ႔ရမ္းၿပီး ကြၽန္ေတာ္ ရွိေနေၾကာင္း သေဘၤာေပၚကလူေတြ ျမင္ေအာင္ လုပ္ျပတာေပါ့ဗ်ာ။ “

“သေဘၤာကုန္းပတ္ေပၚက လူေတြကလည္း ကြၽန္ေတာ့္ကို ျပန္ၿပီး လက္ျပတယ္ဗ်။ ကြၽန္ေတာ္ျဖင့္ ေပ်ာ္လိုက္တာ ေျပာမေနပါနဲ႔။ ဒါေပမယ့္ ဒီေကာင္ေတြက ကြၽန္ေတာ္ ဒီပင္လယ္ထဲလာၿပီး ေနပူဆာလႈံေနတယ္ ထင္သြားတယ္ ထင္ပါရဲ႕ဗ်ာ။ ကြၽန္ေတာ့္ စက္ေလွေလးကို ေက်ာ္ၿပီး ထြက္သြားလိုက္တာ လွည့္ေတာင္မၾကည့္ၾကဘူး”

လို႔ Alvarenga က ျပန္လည္ ရွင္းျပခဲ့ပါတယ္။

ဒီလိုနဲ႔ Alvarenga တစ္ေယာက္ ပင္လယ္ထဲမွာ လြင့္ေျမာေနလိုက္တာ ၁၁လနီးပါး ၾကာျမင့္လာခဲ့ပါတယ္။ ခႏၶာကိုယ္မွာလည္း အဝတ္အစားဆိုလို႔ စုတ္ၿပဲေနတဲ့ အက်ႌတစ္ထည္ နဲ႔ အတူ အတြင္းခံ ေဘာင္းဘီတစ္ထည္ ပင္လယ္ထဲက ေကာက္ရတဲ့ ဖိနပ္စုတ္ တစ္ရံသာ ရွိပါေတာ့တယ္။

ပင္လယ္ထဲမွာ တစ္ကိုယ္တည္း ေယာင္ခ်ာခ်ာ ျဖစ္ေနတဲ့ Alvarenga တစ္ေယာက္

“ဘာလို႔ ကြၽန္ေတာ့္ကို အခုအခ်ိန္ထိ အသက္ရွင္ခြင့္ေပးထားတာလဲ”

“စိတ္ဓါတ္က်ၿပီး ကိုယ့္ကိုကိုယ့္ သတ္ေသဖို႔ ႀကိဳးစားေနတဲ့ သူေတြကို ကြၽန္ေတာ့္ဘဝကို အတူယူၿပီး ျပန္လည္ ႀကိဳးစားဖို႔အတြက္ နည္းေပးလမ္းျပ တစ္ဦးအျဖစ္ တည္ရွိေနေစခ်င္လို႔လား”

“အခုအေျခအေနထက္ပိုၿပီးဆိုးဝါးတဲ့ အေျခအေနေတြထက္ ႀကဳံေတြ႕ေစခ်င္လို႔လား”

စတဲ့ ေမးခြန္းေတြ ဘုရားသခင္ကို အႀကိမ္ႀကိမ္ ေမးျမန္းေနမိပါေတာ့တယ္။

ဇန္နဝါရီ ၃၀ ၂၀၁၄ မွာေတာ့ Alvarenga ရဲ႕ ကံဆိုးမိုးေမွာင္မႈေတြ အၿပီးအပိုင္ ခ်ဳပ္ၿငိမ္းေစဖို႔အတြက္ ကံေကာင္းျခင္း ေလေျပညႇင္းေတြကို စတင္ ခံစားလာရၿပီ ျဖစ္ပါတယ္။

ပင္လယ္ထဲမွာ အုန္းသီးပုပ္ေတြကို စၿပီး ျမင္ေတြ႕လာရတယ္။ ကမ္းေျခအနီးအနားမွာသာ ျမင္ေတြ႕ရတဲ့ ငွက္ေတြကို ပင္လယ္ျပင္ထဲမွာ ျမင္ေတြ႕လာရတယ္။ ဒါေၾကာင့္မို႔လို႔ Alvarenga တစ္ေယာက္ စက္ေလွေပၚကေန အေျပာက်ယ္လွတဲ့ ပင္လယ္မ်က္ႏွာျပင္ႀကီးကေန တစ္ဆင့္ ကမ္းေျခအရိပ္အေယာင္ေလးမ်ား ေတြ႕ျမင္ရမလား ဆိုၿပီး ေမွ်ာ္လင့္တႀကီး ရွာေဖြေနခဲ့ပါတယ္။

ကံေကာင္းစြာနဲ႔ပဲ ကြၽန္းေသးေသးေလးတစ္ခုကို Alvarenga ရွာေတြ႕ခဲ့ပါတယ္။

“ကြၽန္းေလးက ေသးေသးေလးဗ်။ ေလွေပၚကေန လွမ္းၾကည့္ေတာ့ ဘာကားမွလည္း မေတြ႕ဘူး။ အိမ္ေတြလည္း မေတြ႕ဘူး။ ကြၽန္ေတာ္လည္း ကမ္းေျခေလးဆီး ခ်က္ခ်င္း ေရကူးၿပီး သြားလိုက္ခ်င္တာေပါ့ဗ်ာ။ ဒါေပမယ့္ ငါးမန္း ရန္ကလည္း ေၾကာက္ရေသးေတာ့ တန္းၿပီးလည္း မဆင္းသြားရဲ႕ဘူး။”

“ေန႔တစ္ဝက္ေလာက္ အေျခအေနေစာင့္ၾကည့္ၿပီး အေျခအေနေကာင္းတာနဲ႔ ကမ္းဆီကို ေျပးေတာ့တာပဲ။ ပင္လယ္လႈိင္းေတြရဲ႕ အကူအညီနဲ႔ ကမ္းစပ္ကို အဆင္ေျပေျပနဲ႔ ေရာက္သြားခဲ့ပါတယ္။ ကမ္းစပ္မွာ သဲေတြကို ေတြ႕တာ ကြၽန္ေတာ့္အတြက္ေတာ့ ရတနာေတြ ျမင္ရတာထက္ေတာင္ ေပ်ာ္ပါေသးတယ္ဗ်ာ”

လို႔ Alvarenga က ျပန္လည္ ရွင္းျပခဲ့ပါတယ္။

ေနာက္ထပ္ ကံေကာင္းသြားတဲ့ အခ်က္ေတာ့ Alvarenga ေရာက္ရွိေနတဲ့ ကြၽန္းရဲ႕ ပိုင္ရွင္ စုံတြဲ ႏွစ္ဦး Alvarenga ကြၽန္းေပၚေရာက္ရွိေနတဲ့ အခ်ိန္မွာ တိုက္တိုက္ဆိုင္ဆိုင္ ကြၽန္းေပၚမွာ ရွိေနခဲ့တာပါပဲ။ Alvarenga ေရာက္ရွိခဲ့တဲ့ ကြၽန္းေလးရဲ႕ နာမည္ကေတာ့ Ebon Atoll လို႔ ေခၚဆိုတယ္လို႔ သိရပါတယ္။ တကယ္လို႔ Alvarenga သာ Ebon ကြၽန္းကို မေတြ႕ရွိခဲ့ဘူးဆိုရင္ ေနာက္ထပ္ မိုင္ေပါင္း ၃၀၀၀ ေက်ာ္ ဆက္လက္ လြင့္ေျမာႏိုင္မွ ဖိလစ္ပိုင္ႏိုင္ငံကို ေရာက္ရွိႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Ebon ကြၽန္းကို ေရာက္ရွိၿပီး ၁၁ ရက္ အၾကာမွာ Alvarenga ရဲ႕ က်န္းမာေရး အေျခအေန ျပန္လည္ေကာင္းမြန္ လာၿပီ ျဖစ္ၿပီး ခရီးသြားလာႏိုင္ၿပီ ျဖစ္တာေၾကာင့္ သူ႔ရဲ႕ ေမြးရပ္ေျမ မကၠဆီကို ႏိုင္ငံ El Salvador ၿမိဳ႕ကို ျပန္လည္ ပို႔ေဆာင္ေပးခဲ့ပါတယ္။

ေမြးရပ္ေျမကို ျပန္ေရာက္လို႔ ခ်စ္သမီးေလး Fatima ကို ေတြ႕တဲ့ အခ်ိန္မွာ တစ္ဘဝလုံး ေပေပေတေတေနခဲ့တဲ့ အရက္သမား လူၾကမ္းႀကီး Alvarenga တစ္ေယာက္ သမီးေလးကို ဖက္ၿပီး မ်က္ေရမဆည္ႏိုင္ေအာင္ ဖက္လွဲတစ္ကင္းနဲ႔ ငိုေႂကြးလို႔ ေနခဲ့ပါတယ္။

“သမီးကို ေဖေဖ အရမ္း ခ်စ္ပါတယ္။ သမီးေလးကို ဒီႏွစ္ပိုင္းေတြမွဦ ေကာင္းေကာင္းမြန္မြန္ ျပဳစု ပ်ိဳးေထာင္ေပးရမယ့္ ဖခင္တစ္ေယာက္ရဲ႕ တာဝန္ေတြ ေဖေဖ လစ္ဟင္းခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္က စၿပီး သမီးေလးအတြက္ ဖခင္ေကာင္း တစ္ေယာက္ ျဖစ္ေအာင္ ေဖေဖ ႀကိဳးစားသြားမွာပါ”

လို႔ လူၾကမ္းႀကီး Alvarenga တစ္ေယာက္ ေျပာလည္းေျပာ ငိုလည္းငိုေႂကြးလို႔ ေနခဲ့ပါတယ္။

Alvarenga ရဲ႕ အျဖစ္အပ်က္ဟာ ပင္လယ္ျပင္ ခရီးသြားလာေရး မွတ္တမ္းရဲ႕ အံအားသင့္ဖြယ္စာရင္းမွာ တစ္ခု အပါအဝင္ အျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။ Alvarenga အေနနဲ႔ ပင္လယ္ျပင္ထဲမွာ စက္ေလွကို ေလွာ္ခတ္ျခင္ မရွိခဲ့သလို လမ္းေၾကာင္း ထိန္းေပးခဲ့ျခင္းလည္း မရွိပါဘူး။ ပင္လယ္ရဲ႕ ေစေခၚရာေနာက္ကို လြင့္ေျမာ လိုက္ပါေနခဲ့တာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ မိသားစုနဲ႔ အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေနထိုင္ေနၿပီ ျဖစ္တဲ့ Alvarenga ရဲ႕ ဘဝဟာ ကံဆိုးမႈမ်ားစြာနဲ႔ ႀကဳံေတြ႕ခဲ့ရသလို ေနာက္ဆုံးမွာေတာ့ ကံေကာင္းျခင္းေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ အေနနဲ႔လည္း Alvarenga ရဲ႕ အျဖစ္အပ်က္ကို အတုယူၿပီး ဘဝမွာ ကံဆိုးမႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ရရင္ေတာင္ စိတ္ဓါတ္က်သြားျခင္း မရွိပဲ ကံေကာင္းျခင္းေတြ ျပန္လည္ ေရာက္ရွိလာေအာင္ အစြမ္းကုန္ ႀကိဳးစားသင့္တယ္လို႔ ဒီေနရာကေန အႀကံေပးလိုက္ပါရေစ။

REF: https://www.rd.com/true-stories/survival/man-stranded-sea-438-days/

( Unicode )

ပင်လယ်ပြင်ထဲမှာ ၄၃၈ ရက်ကြာ လွင့်မြောပြီး အသက်ရှင်သန်ခဲ့သူ တစ်ဦး
Salvador Alvarenga ဆိုတဲ့ ငါးဖမ်းသမားဟာ လှေဆိုရင် နားနေစရာ အခန်းမပါ၊ အမိုးအကာမပါတဲ့ လှေမျိုးကို ကြိုက်နှစ်သက်တဲ့ သူတစ်ဦးလို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့ ငါးဖမ်းလှေကိုလည်း ပင်လယ်လှိုင်းတွေရဲ့ စေလိုရာကို မြောလွင့်နိုင်မယ့် ကြီးမားတဲ့ ရေလှိုင်းစီး ဘုတ်ပြား အသွင်သဏ္ဍန် ဖန်တီးထားပါတယ်။ ဒါပေမယ့် ရေလှိုင်းစီး ဘုတ်ပြားတွေနဲ့ မတူတဲ့ အချက်ကတော့ သူရဲ့ ငါးဖမ်းလှေမှာ အင်ဂျင် တစ်လုံး ပါဝင်နေတာပါပဲ။

Alvarenga ဟာ မက္ကစီကို နိုင်ငံသား အသက် ၃၇ နှစ် အရွယ်ရှိ ငါးဖမ်းသမားတစ်ဦး ဖြစ်တယ်။ သူဟာ အရက်ကို အလွန်အကျွံသောက်တယ်။ အိမ်ထောင်ကွဲ ယောကျာ်းတစ်ဦးဖြစ်တယ်။ ဘဝကို ဖြစ်သလို ဖြတ်သန်းနေတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ပြောလို့ ရပါတယ်။ တစ်နေ့မှာတော့ Alvarenga အတွက် ကံဆိုးမိုးမှောင်မှုတွေ စတင်ကျရောက်လို့ လာခဲ့ပါတယ်။
Alvarenga အနေနဲ့ နိုဝင်ဘာ ၁၈ ရက် ၂၀၁၂ မှာ ပင်လယ်ပြင်ထဲကို ထွက်ပြီး ငါးဖမ်းဖို့အတွက် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Ezequiel Cordoba နဲ့ အတူ အစီအစဉ်ဆွဲထားပါတယ်။ သူ့ရဲ့ ငါးဖမ်းစက်လှေလေးပေါ်ကို ငါးဖမ်းပိုက်ကွန်တွေ၊ ဖမ်းဆီးရမိတဲ့ ငါးတွေကို သိုလှောင်ဖို့အတွက် ငါးကန်တွေ တင်ဆောင်ပြီးတဲ့ အချိန်မှာတော့ ပင်လယ်ပြင်ထဲကို စတင်ထွက်ခွာလာခဲ့ပါတယ်။
ပင်လယ်ပြင်ထဲကို မထွက်ခွာခင်မှာ Alvarenga ရဲ့ သူငယ်ချင်းတွေက မုန်တိုင်းရှိတဲ့ အကြောင်းကြိုတင် သတိပေးခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဘာကိုမှဂရုမစိုက်တတ်တဲ့ Alvaregna တစ်ယောက် ကို ဘယ်သူမှ တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။
ကမ်းခြေကနေ ထွက်ခွာပြီး ရေမိုင် ၇၅မိုင် အကွာမှာ Alvarenga အနေနဲ့ နှစ်မိုင်နီးပါး ရှည်လျားတဲ့ သူ့ရဲ့ ငါးဖမ်းပိုက်ကွန်တွေကို ပင်လယ်ပြင်ထဲကို ဖြန့်ကျက်လို့ ထားခဲ့ပါတယ်။ အဲ့အချိန်မှာ Alvarenga စတင် ထွက်ရှိခဲ့တဲ့ ကမ်းခြေမှာ မုန်တိုင်းကြမ်း တစ်ခု စတင် တိုက်ခိုက်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ်းခြေနဲ့ အလှမ်းဝေးနေတဲ့ Alvarenga နဲ့ Cordoba တို့ကတော့ မုန်တိုင်း တိုက်လို့တိုက်နေမှန်း မသိရှိခဲ့ကြပါဘူး။
ဒါပေမယ့် နာရီအနည်းငယ်အကြာမှာတော့ ပင်လယ်ပြင်ထဲကို မုန်တိုင်း စတင် တိုက်ခိုက်လာတာနဲ့အမျှ ငါးဖမ်းသမား နှစ်ဦးလည်း မုန်တိုင်းဒဏ်ကို စတင် ခံစားလာရပြီဖြစ်ပါတယ်။ ပင်လယ်ရေလှိုင်းတွေ ငါးဖမ်းလှေငယ်လေးကို ရိုက်ခတ်လာတယ်၊ ရေတွေ လှေထဲကို ဝင်လာတယ်၊ စတဲ့ မုန်တိုင်းဒဏ်တွေကို ကြောက်ရွံ့တာကြောင့် Cordoba အနေနဲ့ ကမ်းခြေကို ပြန်လှည့်ဖို့ Alvarenga ကို ဖြောင်းဖြခဲ့ပါတယ်။
ဒါပေမယ့် ဒေါ်လာထောင်ပေါင်းများစွာ တန်ဖိုးရှိတဲ့ ငါးဖမ်းပိုက်ကွန်တွေကို ပင်လယ်ထဲကို ဖြတ်ချပစ်ပြီး ကမ်းခြေကို ပြန်ပြေးဖို့အတွက် Alvarenga တစ်ယောက် တွေဝေလို့ နေခဲ့ပါတယ်။ မုန်တိုင်း အရှိန် ကျဆင်းသွားမယ့် အချိန်ကို မျှော်လင့်တကြီး စောင့်စားနေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ မုန်တိုင်း တိုက်ခိုက်မှုနှုန်း က ပိုမို ပြင်းထန်လို့ လာခဲ့ပါတယ်။
ဒီအချိန်မှာတော့ Alvarenga တစ်ယောက် အသက်ထက်ပိုပြီး ပစ္စည်းတွေကို တွယ်တာမနေနိုင်တော့ပါဘူး။ ပိုက်ကွန်ထဲကို ပင်လယ်ထဲ ဖြတ်ပစ်ပြီး သူတို့ ထွက်ခွာခဲ့တဲ့ ဆိပ်ကမ်းကို ဦးတည်ပြီး စက်လှေကို အလျင်အမြန် စတင်ခုတ်မောင်းခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ သူဌေး Willie ဆီကိုလည်း သူတို့နှစ်ယောက် ကြုံတွေ့နေရတဲ့ လက်ရှိ အခြေအနေကို လှမ်းအကြောင်းကြားခဲ့ပါတယ်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ အတိုင်း ကမ်းခြေကို ပြန်ရောက်ဖို့ ၁၅မိုင် အလိုမှာ စက်လှေ အင်ဂျင် ပျက်သွားခဲ့ပါတယ်။ Alvarenga အနေနဲ့ အင်ဂျင်ကို ကြိုးစားပမ်းစား အကြိမ်ကြိမ် ပြင်ဆင်ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲ့ဒီအချိန်အတွင်းမှာပဲ မုန်တိုင်းရဲ့ ခေါ်ဆောင်ရာအတိုင်း Alvarenga တို့ ရဲ့ စက်လှေလေးဟာ ပင်လယ်ထဲကို တဖြည်းဖြည်း ပြန်လည် လွင့်ပါလို့ သွားခဲ့ပါတယ်။
ဒါကြောင့်မို့လို့ Alvarenga အနေနဲ့ သူ့ရဲ့ ဘော့စ် Willie ကို အမြန်လာကယ်ဖို့ ရေဒီယိုကနေတစ်ဆင့် အကြောင်းကြားနေတဲ့ အချိန်ခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ ရေဒီယို ဆက်သွယ်မှု ပြတ်တောက်လို့ သွားခဲ့ပါတယ်။ မုန်တိုင်း တိုက်ခိုက်မှု အပြီး ငါးရက်အကြာမှာ Alvarenga နဲ့ Cordoba တို့ နှစ်ယောက် ကမ်းခြေနဲ့ ၂၈၀ မိုင် အကွာကို ရောက်ရှိလို့ သွားခဲ့ပါတယ်။
အခုအချိန်မှာ သူတို့ နှစ်ယောက်ကို ကယ်တင်နိုင်တာဆိုလို့ အခြားသင်္ဘောတစ်ခုက တွေ့ရှိပြီး ကယ်ဆယ်မှသာ ပင်လယ်ထဲက လွတ်မြောက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ စက်လှေလေးဟာ ကမ်းခြေနဲ့ မိုင် ၂၈၀ ကွာ ပင်လယ်ရေနက်ပိုင်းကို ရောက်ရှိနေတာကြောင့် ကယ်ဆယ်ရေး သင်္ဘောတွေ အနေနဲ့ သူတို့ စက်လှေနဲ့ မိုင်ဝက်အကွာကို ရောက်ရှိခဲ့မှသာ စက်လှေကို မြင်တွေ့နိုင်မှာ ဖြစ်တာကြောင့် မျှော်လင့်ချက် မရှိသလောက်ကို နည်းပါးနေပြီ ဖြစ်ပါတယ်။
“ငါတို့တော့ သေတာ့မှာပဲကွာ” လို့ Cordoba တစ်ယောက် ညည်းတွားပြီး စိတ်ဓါတ်ကျနေတာကြောင့်
“အဲ့လို့ မတွေးစမ်းပါနဲ့ကွာ၊ ကယ်ဆယ်ရေး တပ်သားတွေက ငါတို့ကို လာကယ်မှာပါကွ” လို့ Cordoba ကို Alvarenga က မကြာခဏ နှစ်သိမ့်ပေးနေရပါတယ်။
“အမှန်တော့ ကျွန်တော်တို့ကို ဘယ်သူမှာ လာကယ်နိုင်မှာ မဟုတ်မှန်း ကျွန်တော်သိပါတယ်။ ကျွန်တော့်မှာ ကယ်ဆယ်ရေး အချက်ပြဖို့အတွက် သေနတ်လည်း ပါမလာဘူးလေ။ ပြီးတော့ ကျွန်တော်တို့ ရောက်နေတဲ့ နေရာက ဘယ် ငါးဖမ်းသမားမှ သွားတက်တဲ့ နေရာမျိုးမှ မဟုတ်တာ” လို့ Alvarenga က ပင်လယ်ထဲမှာ လွင့်မြောပြီး ၄၃၈ အကြာ ကမ်းခြေကို ပြန်ရောက်တဲ့ အချိန်မှာ သတင်းထောက်တွေကို ပြန်လည် ရှင်းပြခဲ့ပါတယ်။
ပင်လယ်ပြင်ရဲ့ ရာသီဥတ ဟာ နေ့လည်ပိုင်းမှာ အလွန်ပူပြင်းတာကြောင့် အရှင်လတ်လတ် မီးကင်ခံနေရသလို ခံစားရပြီး ညပိုင်းတွေမှာလည်း အလွန်အေးတာကြောင့် ငါးတွေဖမ်းမိရင် သိမ်းဆည်းဖို့ ယူဆောင်လာခဲ့တဲ့ ပုံတွေထဲမှာ နှစ်ယောက်သား ဖက်ပြီး အနွေးဓါတ်ရရှိအောင် နေခဲ့ရတယ်လို့ Alvarenga က ပြန်လည် ပြောပြခဲ့ပါတယ်။
“ရာသီဥတု ဒဏ်အပြင် ရေဆာတဲ့ဒဏ်၊ ဗိုက်ဆာတဲ့ဒဏ်တွေ ကိုလည်း ခံစားခဲ့ရသေးတယ်ဗျ။ ကျွန်တော်ဆို ဗိုက်ဆာလွန်းလို့ လက်သည်းတွေကိုတောင် ဝါးစားနေခဲ့မိတယ်” လို့ Alvarenga က ပြောပြခဲ့ပါတယ်။
ပင်လယ်ပြင်ထဲမှာ မိုးရွာတဲ့ အခါတွေမှာ ဒုက္ခသည်နှစ်ဦးဖြစ်တဲ့ Alvarenga နဲ့ Cordoba တို့ အနေနဲ့ ရေကို ဝဝလင်လင် သောက်သုံးနိုင်ခဲ့ပြီး ပင်လယ်ထဲကနေ တွေ့ရှိခဲ့တဲ့ ၁ ဂါလံဆန့် ပလတ်စတစ် ပုံးလေးတွေထဲကို ရေတွေ ထည့်သွင်း သိမ်းဆည်းပြီး နောင်လာမယ့် နေ့ရက်တွေ အတွက် ကြိုတင် ပြင်ဆင်ထားရပါတယ်။
ပင်လယ်ပြင်ထဲမှာ လွင့်မြောနေခဲ့တာ ၁၁ ရက် အကြာမှာတော့ Alvarenga တစ်ယောက် စက်လှေနားက ကူးခတ်နေတဲ့ ငါးလေးတွေ အပြင် လိပ်တွေကိုပါ အရှင်လတ်လတ် ဖမ်းဆီး စားသောက်နိုင်နေပြီ ဖြစ်ပါတယ်။ Alvarenga တစ်ယောက် လိပ်တွေ ငါးတွေကို ဖမ်းတဲ့ အလုပ်အပြင် လုပ်ဖေါ်ကိုင်ဖက် Cordoba ကိုလည်း အာဟာရ ပြည့်ဝဖို့အတွက် လိပ်တွေ ငါးတွေကို စားသင့်ကြောင်း၊ ရွံရှာနေလို့ အကျိုးမရှိကြောင်း အားပေးစကား ပြောရတဲ့ အလုပ်တစ်ခုကိုပါ လုပ်ဆောင်နေရပါတယ်။
ပင်လယ်ထဲမှာ လွင့်မြောနေခဲ့တာ လအနည်းငယ် အကြာမှာ Alvarenga တစ်ယောက် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို သူ သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း တိတိကျကျ ဆောင်ရွက်နိုင်နေခဲ့ပြီ ဖြစ်ပါတယ်။
“မနက်ငါးနာရီဆိုတာနဲ့ ကျွန်တော် ငါးကန်ထဲကနေ ထတယ်။ ပြီးရင် ကုန်းပတ်ပေါ်မှာ နေမင်းကြီး မြင့်တက်လာတာကို ထိုင်ကြည့်တယ်၊ အဲ့ဒီ နေမင်းကြီးကို ထိုင်ကြည့်ရတာ ကျွန်တော် ပျော်တယ်ဗျ။”
အဲ့လို နေထွက်လာတာကို ကြည့်ပြီးရင် သူထောင်ထားတဲ့ ပိုက်ကွန်တွေမှာ ငါးမိမမိကို စစ်ဆေးတယ် ပြီးရင် Cordoba နိုးလာတာနဲ့ ဖမ်းမိထားတဲ့ ငါးတွေကို အညီအမျှခွဲပြီး အားရပါးရစားသောက်ကျတယ်။ ပြီးရင် တစ်ရေးတစ်မော အိပ်တယ်။ ပြီးရင် ငါးကန်ထဲမှာ ပြန်ဝင်ထိုင်တယ်။ ဒီလိုနဲ့ပဲ သူ့ရဲ့ တစ်နေ့တာကို ပျော်ပျော်ရွှင်ရွင် လည်ပတ်စေခဲ့ပါတယ်။
Alvarenga နဲ Cordoba တို့ဟာ ငါးဖမ်း ခရီးစဉ် စတင်ထွက်ရှိခဲ့တုန်းက အရမ်းရင်းနှီးကျတဲ့ သူငယ်ချင်းကောင်း တွေ မဟုတ်ကြသေးပါဘူး။ ဒါပေမယ့် ပင်လယ်ပြင်ထဲမှာ လပေါင်းများစွာ အတူတကွ နေပြီးတဲ့ အချိန်မှာ ခွဲလို့မရတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။
ညနေပိုင်းတွေကို ခရစ်စမတ်အကြို ညနေခင်းတွေလို့ သဘောထားပြီး ဖမ်းဆီးရမိထားတဲ့ ငါးတွေ လိပ်တွေကို ခရစ်စမတ်အကြို ညစာစားပွဲ အဖြစ် သူတို့ နှစ်ယောက် မြိန်ရေယှက်ရေနဲ့ စားသောက်ကြတယ်။ ညပိုင်းတွေ ဆိုရင် သူတို့နှစ်ယောက် ကုန်းပတ်ပေါ်မှာ လှဲအိပ်ပြီး ကောင်းကင်ပေါ်က ကြယ်တွေကို ရေတွက်ကျတယ်။ ကောင်းကင်ပေါ်မှာ လေယာဉ်ပျံတွေ ဖြတ်သန်းသွားတာကို မြင်ရင် သူတို့ကို လာကယ်တာလို့ တွေးပြီး ပျော်ရွှင်စွာနဲ့ အော်ဟစ်ကခုန်ကြတယ်။
“တစ်ခါတစ်လေကျရင် Cordoba က သူ့အကြိုက်ဆုံး သီချင်းတွေကို ငါးကန်ထဲကနေ အော်ဆိုတတ်တယ်ဗျ။ ကျွန်တော်လည်း သူ သီချင်းဆိုတာကို နားထောင်ရတာ သဘောကျပါတယ်” လို့ Alvarenga က ပြန်လည် ပြောပြခဲ့ပါတယ်။
ပင်လယ်ထဲမှာ နေရတာကြာမြင့်လာတာနဲ့အမျှ Alvarenga တို့အတွက် စားစရာတွေလည်း ပိုမို များပြားလာခဲ့ပါတယ်။ Alvarenga အနေနဲ့ အခုဆိုရင် ကုန်းပတ်ပေါ်လာနားတဲ့ ပင်လယ်ပျော်ငှက်တွေ ကို အလွယ်တကူ ဖမ်းဆီး စားသောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကံမကောင်းခြင်းတွေနဲ့ ဝေးကွားနေတဲ့ ပင်လယ်ထဲက သူငယ်ချင်းကောင်း နှစ်ယောက်ဆီကို ပင်လယ်ပျော် ငှက်တွေနဲ့ အတူ တစ်နေ့မှာ ကံဆိုးမှုတွေ ပြန်လည် ဝင်ရောက်လို့ လာခဲ့ပါတယ်။ Cordoba စားလိုက်တဲ့ ငှက်လေးရဲ့ ဗိုက်ထဲမှာ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ရှိနေခဲ့ပါတယ်။ အဲ့ဒီမြွေပါတဲ့ ငှက်ကို စားလိုက်မိတဲ့ Cordoba တစ်ယောက် ရက်ပေါင်းများစွာ အပြင်းအထန် ဖျားနာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ကံကောင်းစွာနဲ့ပဲ Cordoba တစ်ယောက် ပြန်လည်သက်သာခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခုတော့ Cordoba ရင်ထဲမှာ စွဲကပ်လို့ နေခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ဒါကဘာလည်းဆိုတော့ ပင်လယ်ပျော်ငှက်တွေကို ထပ်မံ စားသောက်ရမှာ အလွန်အမင်း ကြောက်ရွံ့သွားခဲ့တာပါပဲ။
အပြင်းဖျားရာကနေ သက်သာပြီး နှစ်လအကြာမှာ Cordoba တစ်ယောက် အာဟာရ ပြတ်တောက်မှုဒဏ်တွေကို စတင်ခံစားလာခဲ့ရပါပြီ။ သူရဲ့ လက်မောင်းတွေ၊ ပေါင်တွေဟာဆိုရင် တုတ်ချောင်းတစ်ချောင်း အရွယ်အစားသာ ရှိပါတော့တယ်။ ဒါ့အပြင် Cordoba အနေနဲ့ အစာငတ်ခံနေရမှာထက်စာရင် သေသွားတာမှ ပိုကောင်းအုံးမယ် ဆိုတဲ့ စိတ်ရောဂါတစ်ခုလည်း စတင် စွဲကပ်နေပြီ ဖြစ်ပါတယ်။
တစ်နေ့မှာ Cordoba တစ်ယောက် သေကြောင်းကြံစည်ဖို့ ပင်လယ်ထဲ ခုန်ချရန် ကြိုးစားခဲ့တာကြောင့် Alvarenga အနေနဲ့ ငါးကန်ထဲမှာ ပိတ်လှောင်ပြီး စောင့်ကြည့်နေရတဲ့အထိ Cordoba ရဲ့ အခြေအနေဟာ ပိုမို ဆိုးဝါးလာခဲ့ပါတယ်။ Alvarenga တစ်ယောက် အစွမ်းကုန် ကြိုးစားပြီး အစားအစာ ကျွေးကျွေး ရေတိုက်တိုက် Cordoba ကတော့ ငြင်းဆန်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Cordoba တစ်ယောက် အာဟာရချို့တဲ့ပြီး အသက်သေဆုံးသွားခဲ့ပါတယ်။ Cordoba သေဆုံးသွားတာဟာ Alvarenga အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုပါပဲ။ Alvarenga တစ်ယောက် သူ့ သူငယ်ချင်းရဲ့ အလောင်းကို သေဆုံးပြီး ၆ရက် အကြာမှသာ ပင်လယ်ထဲကို မြောပစ်နိုင်ခဲ့ပါတယ်။
“သူ့ကို ကျွန်တော် ပင်လယ်ထဲစွန့်ပစ်ပြီးတော့ ကျွန်တော် ငါးကန်ထဲပြန်ဝင်ပြီး တစ်နေကုန် ငိုနေခဲ့တာဗျ”
လို့ Alvarenga က ပြန်လည် ရှင်းပြခဲ့ပါတယ်။
Cordoba သေဆုံးပြီးတဲ့နောက်မှာ Alvarenga တစ်ယောက် Cordoba လို့ အဖြစ်မျိုးနဲ့ သူကိုယ်တိုင် မကြုံတွေ့ရအောင် သူ့ရဲ့ စိတ်တွေကို တည်ငြိမ်အောင် တော်တော်ကြီးကို ထိန်းချုပ်ခဲ့ရပါတယ်။ Cordoba သေဆုံးပြီး ရက်အနည်းငယ် အကြာမှာ သူ့ရဲ့ စိတ်တွေကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲ့ဒါကတော့ ပင်လယ်ထဲကို ဆင်းပြီး ရေစိမ်တာပဲ ဖြစ်ပါတယ်။
“ပင်လယ်ထဲကို ဆင်းပြီး ရေစိမ်တာက လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။ ငါးမန်းအန္တရယ်ကလည်း ကြောက်ရသေးတယ်လေ။ ပထမဦးဆုံး ကျွန်တော် ဖမ်းပြီးစားတုန်းက ချန်ထားတဲ့ ဌက်ခြေထောက်အရိုးတွေကို ရေထဲကို အရင်ပစ်ချရတယ်။ ပြီးရင် ပင်လယ်အောက်က အခြေအနေကို စောင့်ကြည့်ရတယ်။ ငါးမန်း အရိပ်အခြေ မတွေ့ဘူးဆိုရင် ရေထဲကို ဆင်းတယ်။ ရေကူးတယ်။ ရေငုပ်တယ်။ “
“တကယ်လို့ ကျွန်တော့် ဘေးနားမှာ ဖြတ်သန်း သွားလာနေတဲ့ ငါးလေးတွေ အသားကုန် ကူးခတ်နေပြီ ဆိုရင်တော့ ကျွန်တော်လည်း စက်လှေပေါ် အမြန်ဆုံး ပြေးတက်တော့တာပဲ။ ဘာလို့လည်း ဆိုတော့ ဒီငါးလေးတွေ အမြန်ပြေးနေပြီဆိုရင် သိပ်မကြာခင် ငါးမန်း ရောက်လာတော့မှာလေ။”
“ပင်လယ်ထဲကို ငါးမိနစ်လောက်ပဲ ဖြစ်ဖြစ် ရေဆင်းကူးရတာ ကျွန်တော့်လို ကုန်းပတ်ပေါ်မှာ တစ်နေကုန် နေရတဲ့ သူတစ်ယောက်အတွက်တော့ ပျော်စရာပေါ့ဗျာ။ အဲ့လိုရေကူးနေရတဲ့ အချိန်ဆို ဟိုအရင်တုန်းက ကျွန်တော့်သူငယ်ချင်းတွေနဲ့ အတူ ကမ်းခြေသွားပြီး ပျော်ခဲ့တာတွေကိုတောင် သတိရမိသေးတယ်”
လို့ Alvarenga က ပြန်လည် ရှင်းပြခဲ့ပါတယ်။

Cordoba သေဆုံးမှုကြောင့် စိတ်ဓါတ်ပျက်ပြားနေတဲ့ Alvarenga ကို ကယ်တင်ခဲ့တဲ့ နောက်ထပ် တစ်ချက်ကတော့ သူ့ရဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ၁၄ နှစ်အရွယ် သမီးလေး Fatima ဖြစ်ပါတယ်။
“သမီးလေးအကြောင်းကို ကျွန်တော်နေ့တိုင်း စဉ်းစားနေမိတာဗျ။ ညတွေဆိုလည်း သူ့အကြောင်း အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ သူကျွန်တော့်ကို “ဖေဖေ” လို့ ခေါ်လိုက်ပြီဆိုရင် ကျွန်တော် အရမ်းပျော်တာပဲဗျာ”
လို့ Alvarenga က ပြောပြခဲ့ပါတယ်။
တစ်နေ့မှာ Alvarenga တစ်ယောက် အိမ်ပြန်နိုင်ဖို့ အခွင့်အရေးတွေနဲ့ နီးစပ်လို့လာခဲ့ပါတယ်။ ပင်လယ်ကူး သင်္ဘောကြီး တစ်စင်း Alvarenga ရဲ့ စက်လှေဆီကို ဦးတည်ပြီး ခုတ်မောင်းလာတာကို မြင်တွေ့လိုက်ရတာ ကြောင့် Alvarenga တစ်ယောက် ကြောက်လည်းကြောက်၊ ဝမ်းလည်းဝမ်းသာဆိုတဲ့ အနေအထားနဲ့ သင်္ဘောကြီးကို ဆီးကြိုနေမိပါတယ်။
ကြောက်ရတဲ့ အကြောင်းအရင်းကတော့ ဒီသင်္ဘောကြီး ကျွန်တော့်စက်လှေလေးကို မမြင်ပဲ ဖြတ်တိုက်သွားရင် ကျွန်တော်သေမှာလေ။ ဒါကြောင့်မို့လို့ ကျွန်တော်လည်း အစွမ်းကုန် လက်တွေကို ဝှေ့ရမ်းပြီး ကျွန်တော် ရှိနေကြောင်း သင်္ဘောပေါ်ကလူတွေ မြင်အောင် လုပ်ပြတာပေါ့ဗျာ။ “
“သင်္ဘောကုန်းပတ်ပေါ်က လူတွေကလည်း ကျွန်တော့်ကို ပြန်ပြီး လက်ပြတယ်ဗျ။ ကျွန်တော်ဖြင့် ပျော်လိုက်တာ ပြောမနေပါနဲ့။ ဒါပေမယ့် ဒီကောင်တွေက ကျွန်တော် ဒီပင်လယ်ထဲလာပြီး နေပူဆာလှုံနေတယ် ထင်သွားတယ် ထင်ပါရဲ့ဗျာ။ ကျွန်တော့် စက်လှေလေးကို ကျော်ပြီး ထွက်သွားလိုက်တာ လှည့်တောင်မကြည့်ကြဘူး”
လို့ Alvarenga က ပြန်လည် ရှင်းပြခဲ့ပါတယ်။
ဒီလိုနဲ့ Alvarenga တစ်ယောက် ပင်လယ်ထဲမှာ လွင့်မြောနေလိုက်တာ ၁၁လနီးပါး ကြာမြင့်လာခဲ့ပါတယ်။ ခန္ဓာကိုယ်မှာလည်း အဝတ်အစားဆိုလို့ စုတ်ပြဲနေတဲ့ အင်္ကျီတစ်ထည် နဲ့ အတူ အတွင်းခံ ဘောင်းဘီတစ်ထည် ပင်လယ်ထဲက ကောက်ရတဲ့ ဖိနပ်စုတ် တစ်ရံသာ ရှိပါတော့တယ်။
ပင်လယ်ထဲမှာ တစ်ကိုယ်တည်း ယောင်ချာချာ ဖြစ်နေတဲ့ Alvarenga တစ်ယောက်
“ဘာလို့ ကျွန်တော့်ကို အခုအချိန်ထိ အသက်ရှင်ခွင့်ပေးထားတာလဲ”
“စိတ်ဓါတ်ကျပြီး ကိုယ့်ကိုကိုယ့် သတ်သေဖို့ ကြိုးစားနေတဲ့ သူတွေကို ကျွန်တော့်ဘဝကို အတူယူပြီး ပြန်လည် ကြိုးစားဖို့အတွက် နည်းပေးလမ်းပြ တစ်ဦးအဖြစ် တည်ရှိနေစေချင်လို့လား”
“အခုအခြေအနေထက်ပိုပြီးဆိုးဝါးတဲ့ အခြေအနေတွေထက် ကြုံတွေ့စေချင်လို့လား”
စတဲ့ မေးခွန်းတွေ ဘုရားသခင်ကို အကြိမ်ကြိမ် မေးမြန်းနေမိပါတော့တယ်။
ဇန်နဝါရီ ၃၀ ၂၀၁၄ မှာတော့ Alvarenga ရဲ့ ကံဆိုးမိုးမှောင်မှုတွေ အပြီးအပိုင် ချုပ်ငြိမ်းစေဖို့အတွက် ကံကောင်းခြင်း လေပြေညှင်းတွေကို စတင် ခံစားလာရပြီ ဖြစ်ပါတယ်။
ပင်လယ်ထဲမှာ အုန်းသီးပုပ်တွေကို စပြီး မြင်တွေ့လာရတယ်။ ကမ်းခြေအနီးအနားမှာသာ မြင်တွေ့ရတဲ့ ငှက်တွေကို ပင်လယ်ပြင်ထဲမှာ မြင်တွေ့လာရတယ်။ ဒါကြောင့်မို့လို့ Alvarenga တစ်ယောက် စက်လှေပေါ်ကနေ အပြောကျယ်လှတဲ့ ပင်လယ်မျက်နှာပြင်ကြီးကနေ တစ်ဆင့် ကမ်းခြေအရိပ်အယောင်လေးများ တွေ့မြင်ရမလား ဆိုပြီး မျှော်လင့်တကြီး ရှာဖွေနေခဲ့ပါတယ်။
ကံကောင်းစွာနဲ့ပဲ ကျွန်းသေးသေးလေးတစ်ခုကို Alvarenga ရှာတွေ့ခဲ့ပါတယ်။
“ကျွန်းလေးက သေးသေးလေးဗျ။ လှေပေါ်ကနေ လှမ်းကြည့်တော့ ဘာကားမှလည်း မတွေ့ဘူး။ အိမ်တွေလည်း မတွေ့ဘူး။ ကျွန်တော်လည်း ကမ်းခြေလေးဆီး ချက်ချင်း ရေကူးပြီး သွားလိုက်ချင်တာပေါ့ဗျာ။ ဒါပေမယ့် ငါးမန်း ရန်ကလည်း ကြောက်ရသေးတော့ တန်းပြီးလည်း မဆင်းသွားရဲ့ဘူး။”
“နေ့တစ်ဝက်လောက် အခြေအနေစောင့်ကြည့်ပြီး အခြေအနေကောင်းတာနဲ့ ကမ်းဆီကို ပြေးတော့တာပဲ။ ပင်လယ်လှိုင်းတွေရဲ့ အကူအညီနဲ့ ကမ်းစပ်ကို အဆင်ပြေပြေနဲ့ ရောက်သွားခဲ့ပါတယ်။ ကမ်းစပ်မှာ သဲတွေကို တွေ့တာ ကျွန်တော့်အတွက်တော့ ရတနာတွေ မြင်ရတာထက်တောင် ပျော်ပါသေးတယ်ဗျာ”
လို့ Alvarenga က ပြန်လည် ရှင်းပြခဲ့ပါတယ်။
နောက်ထပ် ကံကောင်းသွားတဲ့ အချက်တော့ Alvarenga ရောက်ရှိနေတဲ့ ကျွန်းရဲ့ ပိုင်ရှင် စုံတွဲ နှစ်ဦး Alvarenga ကျွန်းပေါ်ရောက်ရှိနေတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်းပေါ်မှာ ရှိနေခဲ့တာပါပဲ။ Alvarenga ရောက်ရှိခဲ့တဲ့ ကျွန်းလေးရဲ့ နာမည်ကတော့ Ebon Atoll လို့ ခေါ်ဆိုတယ်လို့ သိရပါတယ်။ တကယ်လို့ Alvarenga သာ Ebon ကျွန်းကို မတွေ့ရှိခဲ့ဘူးဆိုရင် နောက်ထပ် မိုင်ပေါင်း ၃၀၀၀ ကျော် ဆက်လက် လွင့်မြောနိုင်မှ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ebon ကျွန်းကို ရောက်ရှိပြီး ၁၁ ရက် အကြာမှာ Alvarenga ရဲ့ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန် လာပြီ ဖြစ်ပြီး ခရီးသွားလာနိုင်ပြီ ဖြစ်တာကြောင့် သူ့ရဲ့ မွေးရပ်မြေ မက္ကဆီကို နိုင်ငံ El Salvador မြို့ကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။
မွေးရပ်မြေကို ပြန်ရောက်လို့ ချစ်သမီးလေး Fatima ကို တွေ့တဲ့ အချိန်မှာ တစ်ဘဝလုံး ပေပေတေတေနေခဲ့တဲ့ အရက်သမား လူကြမ်းကြီး Alvarenga တစ်ယောက် သမီးလေးကို ဖက်ပြီး မျက်ရေမဆည်နိုင်အောင် ဖက်လှဲတစ်ကင်းနဲ့ ငိုကြွေးလို့ နေခဲ့ပါတယ်။
“သမီးကို ဖေဖေ အရမ်း ချစ်ပါတယ်။ သမီးလေးကို ဒီနှစ်ပိုင်းတွေမှဦ ကောင်းကောင်းမွန်မွန် ပြုစု ပျိုးထောင်ပေးရမယ့် ဖခင်တစ်ယောက်ရဲ့ တာဝန်တွေ ဖေဖေ လစ်ဟင်းခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်က စပြီး သမီးလေးအတွက် ဖခင်ကောင်း တစ်ယောက် ဖြစ်အောင် ဖေဖေ ကြိုးစားသွားမှာပါ”
လို့ လူကြမ်းကြီး Alvarenga တစ်ယောက် ပြောလည်းပြော ငိုလည်းငိုကြွေးလို့ နေခဲ့ပါတယ်။
Alvarenga ရဲ့ အဖြစ်အပျက်ဟာ ပင်လယ်ပြင် ခရီးသွားလာရေး မှတ်တမ်းရဲ့ အံအားသင့်ဖွယ်စာရင်းမှာ တစ်ခု အပါအဝင် အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ Alvarenga အနေနဲ့ ပင်လယ်ပြင်ထဲမှာ စက်လှေကို လှော်ခတ်ခြင် မရှိခဲ့သလို လမ်းကြောင်း ထိန်းပေးခဲ့ခြင်းလည်း မရှိပါဘူး။ ပင်လယ်ရဲ့ စေခေါ်ရာနောက်ကို လွင့်မြော လိုက်ပါနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေပြီ ဖြစ်တဲ့ Alvarenga ရဲ့ ဘဝဟာ ကံဆိုးမှုများစွာနဲ့ ကြုံတွေ့ခဲ့ရသလို နောက်ဆုံးမှာတော့ ကံကောင်းခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့လည်း Alvarenga ရဲ့ အဖြစ်အပျက်ကို အတုယူပြီး ဘဝမှာ ကံဆိုးမှုတွေနဲ့ ကြုံတွေ့ခဲ့ရရင်တောင် စိတ်ဓါတ်ကျသွားခြင်း မရှိပဲ ကံကောင်းခြင်းတွေ ပြန်လည် ရောက်ရှိလာအောင် အစွမ်းကုန် ကြိုးစားသင့်တယ်လို့ ဒီနေရာကနေ အကြံပေးလိုက်ပါရစေ။

REF: https://www.rd.com/true-stories/survival/man-stranded-sea-438-days/

Leave a Reply

Your email address will not be published. Required fields are marked *