သင့္သူငယ္ခ်င္းမွာ ဒီလိုအက်င့္ေတြရိွတယ္ဆိုရင္ေတာ့ သူဟာ သူငယ္ခ်င္းေကာင္းတစ္ေယာက္မဟုတ္ပါဘူး။

ေက်ာင္းသားဘ၀မွာ အနုိင္က်င့္တတ္တဲ႔သူငယ္ခ်င္းဆိုတာဟာ ကိုယ့္မုန္႔ကိုလုစားသူ၊ ကိုယ့္စာအုပ္ေတြကို ဖြက္ထားတတ္သူ၊ တစ္ခါတစ္ရံ အေၾကာင္းမဲ႔ ထိုးၾကိတ္တတ္သူ လို႔ အျပဳအမူေတြကိုၾကည့္ကာ လြယ္လြယ္ကူကူသတ္မွတ္နိုင္ပါတယ္။

လူၾကီးျဖစ္လာခ်ိန္မွာေတာ သူငယ္ခ်င္းေကာင္းမပီသသူကို ငယ္ငယ္ကလိုအေပၚယံအျပဳအမူကိုၾကည့္ရံုနဲ႔ သတ္မွတ္လို႔မရနိုင္ေတာ့ပါဘူး။

၁။ သင္ဟာ သင့္သူငယ္ခ်င္းအနားမွာ မေပ်ာ္ရႊင္ေတာ့ဘူး။

စစ္မွန္တဲ႔ ေပါင္းသင္းဆက္ဆံေရးဟာ အခ်င္းခ်င္းေတြ႔လိုက္ရံုနဲ႔ ေပ်ာ္ရႊင္ေစပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ ခြန္အားေပးနိုင္ျပီးေတာ့ Team တစ္ခုလို စည္းလံုးညီညြတ္ၾကပါတယ္။ ဒီလုိမဟုတ္ဘဲနဲ႔ သူ႔စကားေတြဟာ ေနာက္သလို အတည္လိုလိုနွင့္ ခံရခက္ေစလာျပီး အေသးအဖြဲကိစၥေတြမွာ ေတာင္ ေဗြယူျပီး အေခ်အတင္ေျပာဆိုေခ်ပေနရျပီဆိုရင္ သင္တို႔ၾကားမွာ ခင္မင္မႈေတြေလ်ာ့နည္းလာပါျပီ။

၂။ လိုအပ္ခ်ိန္မွသာ သတိရတယ္ ။

လူတိုင္းက ကိုယ့္ဘ၀နဲ႔ကိုယ္ လႈပ္ရွားရုန္းကန္ေနရတာျဖစ္တ႔ဲအတြက္ အေပါင္းအသင္းအတြက္အခ်ိန္ျပည့္ေပး နိုင္မွာမဟုတ္ပါဘူး။ အခက္အခဲၾကံဳတဲ႔အခ်ိန္မွာ ကိုယ့္သူငယ္ခ်င္းကိုအရင္ဆံုးသတိရျပီး အကူအညီေတာင္းတာဟာ သဘာ၀က်ပါတယ္။ ကိုယ့္သူငယ္ခ်င္းကို ဘာမွျပန္လည္ေမွ်ာ္လင့္ျခင္းမရိွဘဲ ကူညီေပးျခင္းဟာလည္း ေကာင္းတဲ႔လုပ္ရပ္ပါ။ ဒါေပမယ့္ အျပန္အလွန္မရိွဘဲ ရည္ရြယ္ခ်က္ရိွရိွတစ္ဖတ္သတ္ ကုိယ္က်ိဳးအတြက္သာၾကည့္တတ္သူဆိုရင္ေတာ့ သူဟာ စိတ္ေရာကိုယ္ပါနွစ္ျပီးေပါင္းသင့္တဲ႔ သူငယ္ခ်င္းမဟုတ္ပါဘူး။

၃။ ေအာက္က်ိဳ႕ေနရတယ္။

သူတို႔အေနနဲ႔သင့္ကို ေမာက္ေမာက္မာမာရင့္ရင့္သီးသီးေျပာဆိုခြင့္ရိွျပီးေတာ့ သင့္ဘက္က စကားတစ္ခြန္းတစ္ေလေတာင္ မွားခြင့္မရိွဘူးဆိုရင္ သင္တို႔ရဲ႕ ဆက္ဆံေရးက သူငယ္ခ်င္းဆက္ဆံေရးမဟုတ္ေတာ့ပါဘူး ။ အထက္ေအာက္ သခင္နဲ႔ကြ်န္လိုဆက္ဆံေရးတစ္ခုျဖစ္ေနပါျပီ။

၄။ သင့္ကိုထည့္မတြက္ဘူး။

သင့္ဘက္က ဘယ္ေလာက္ပဲ ေကာင္းေကာင္းမြန္မြန္ဆက္ဆံပါေစ သူတို႔ရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းစာရင္းထဲမွာ သင္မပါပါဘူး။ ႏွစ္ေတြဘယ္ေလာက္ပဲၾကာေအာင္ ေပါင္းေပါင္း သင့္ကိုဆို သူတို႔နဲ႔ တသားတည္းက်တဲ႔ လူအရင္းအခ်ာတစ္ေယာက္အျဖစ္မျမင္ၾကပါဘူး။ ဒါ့ေၾကာင့္လည္း သင္မပါဘဲ သူတို႔ခ်ည္းသက္သက္ ခရီးေတြထြက္ၾက ေပ်ာ္စရာေတြလုပ္ၾက နဲ႔ သင့္ကို ၀ိုင္းက်ဥ္ထားတတ္ပါတယ္။

၅။ မသိမသာ နွိပ္ကြက္ခံရတယ္။

စသလို ေနာက္သလိုေျပာလိုက္ေပမယ့္ သူတို႔ရဲ႕ စကားေတြက သင့္ကို အၾကီးအက်ယ္စိတ္ထိခုိက္ေစတဲ႔ အေၾကာင္းအရာေတြျဖစ္ေနတတ္ပါတယ္။ သင့္ရဲ႕ အားနည္းခ်က္ကို မၾကာခဏ ေလွာင္ေျပာင္ေလ့ရိွျပီးေတာ့ လူေရွ႔သူေရွ႕ေရာက္တိုင္း သင့္ကို ေဒါက္ျဖဳတ္ အရွက္ခြဲဖို႔ အဆင္သင့္ျဖစ္ေနတတ္ၾကပါတယ္။

၆။ သင့္အေၾကာင္း မေကာင္းေျပာတယ္။

သင့္အေၾကာင္း ၊ သင့္မိသားစု အေၾကာင္း အတြင္းေရးမွန္သမွ်ကို သူတို႔ကို ရင္မဖြင့္မိပါေစနဲ႔၊ အျဖစ္မွန္ထပ္ပိုဆိုးရြားေအာင္ ခ်ဲ႔ကားေျပာဆိုျပီး အပုပ္ခ်ကာ သူတို႔မဟုတ္သလို ဟန္ေဆာင္ေနတတ္ၾကပါတယ္။

၇။ ဟန္ေဆာင္ေကာင္းတယ္။

ပတ္၀န္းက်င္ရဲ႕အျမင္မွာ သင္က သူတို႔အေပၚမေကာင္းသလို ၊ သင္ကသာ စိတ္ပုပ္တတ္သူလို ႔ ထင္ေယာင္ထင္မွားျဖစ္ေအာင္ ဟန္ေဆာင္တတ္ၾကပါတယ္။ လူအမ်ားအျမင္မွာ သင္ကသာ လူဆိုးျဖစ္ျပီး သင့္ကိုေပါင္းသင္းစရာ လူမက်န္ေတာ့ဘဲ တစ္ေယာက္တည္းအထီးက်န္ေနရတဲ႔အထိ ဒုကၡေပးတတ္ၾကပါတယ္။

ဒီလိုအက်င့္မ်ိဳးရိွတဲ႔ သူေတြကို သည္းခံျပီးမေပါင္းသင္းပါနဲ႔။ သူတို႔ဟာ စိတ္သေဘာထားေသးသိမ္တဲ႔ လုပ္ရပ္မ်ားအတြက္ တစ္ခ်ိန္မွာ အရွက္ရလာမွာ ျဖစ္ပါတယ္။ သင့္အတြက္ ေဖာ္ေရြၾကင္နာတတ္တဲ႔ သူငယ္ခ်င္းေကာင္းေတြ ရိွေနပါေသးတယ္။

Unicode Version

ကျောင်းသားဘဝမှာ အနိုင်ကျင့်တတ်တဲ့သူငယ်ချင်းဆိုတာဟာ ကိုယ့်မုန့်ကိုလုစားသူ၊ ကိုယ့်စာအုပ်တွေကို ဖွက်ထားတတ်သူ၊ တစ်ခါတစ်ရံ အကြောင်းမဲ့ ထိုးကြိတ်တတ်သူ လို့ အပြုအမူတွေကိုကြည့်ကာ လွယ်လွယ်ကူကူသတ်မှတ်နိုင်ပါတယ်။
လူကြီးဖြစ်လာချိန်မှာတော သူငယ်ချင်းကောင်းမပီသသူကို ငယ်ငယ်ကလိုအပေါ်ယံအပြုအမူကိုကြည့်ရုံနဲ့ သတ်မှတ်လို့မရနိုင်တော့ပါဘူး။
၁။ သင်ဟာ သင့်သူငယ်ချင်းအနားမှာ မပျော်ရွှင်တော့ဘူး။
စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးဟာ အချင်းချင်းတွေ့လိုက်ရုံနဲ့ ပျော်ရွှင်စေပါတယ်။ တစ်ယောက်ကိုတစ်ယောက် ခွန်အားပေးနိုင်ပြီးတော့ Team တစ်ခုလို စည်းလုံးညီညွတ်ကြပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ သူ့စကားတွေဟာ နောက်သလို အတည်လိုလိုနှင့် ခံရခက်စေလာပြီး အသေးအဖွဲကိစ္စတွေမှာ တောင် ဗွေယူပြီး အချေအတင်ပြောဆိုချေပနေရပြီဆိုရင် သင်တို့ကြားမှာ ခင်မင်မှုတွေလျော့နည်းလာပါပြီ။
၂။ လိုအပ်ချိန်မှသာ သတိရတယ် ။
လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် လှုပ်ရှားရုန်းကန်နေရတာဖြစ်တဲ့အတွက် အပေါင်းအသင်းအတွက်အချိန်ပြည့်ပေး နိုင်မှာမဟုတ်ပါဘူး။ အခက်အခဲကြုံတဲ့အချိန်မှာ ကိုယ့်သူငယ်ချင်းကိုအရင်ဆုံးသတိရပြီး အကူအညီတောင်းတာဟာ သဘာဝကျပါတယ်။ ကိုယ့်သူငယ်ချင်းကို ဘာမှပြန်လည်မျှော်လင့်ခြင်းမရှိဘဲ ကူညီပေးခြင်းဟာလည်း ကောင်းတဲ့လုပ်ရပ်ပါ။ ဒါပေမယ့် အပြန်အလှန်မရှိဘဲ ရည်ရွယ်ချက်ရှိရှိတစ်ဖတ်သတ် ကိုယ်ကျိုးအတွက်သာကြည့်တတ်သူဆိုရင်တော့ သူဟာ စိတ်ရောကိုယ်ပါနှစ်ပြီးပေါင်းသင့်တဲ့ သူငယ်ချင်းမဟုတ်ပါဘူး။
၃။ အောက်ကျို့နေရတယ်။
သူတို့အနေနဲ့သင့်ကို မောက်မောက်မာမာရင့်ရင့်သီးသီးပြောဆိုခွင့်ရှိပြီးတော့ သင့်ဘက်က စကားတစ်ခွန်းတစ်လေတောင် မှားခွင့်မရှိဘူးဆိုရင် သင်တို့ရဲ့ ဆက်ဆံရေးက သူငယ်ချင်းဆက်ဆံရေးမဟုတ်တော့ပါဘူး ။ အထက်အောက် သခင်နဲ့ကျွန်လိုဆက်ဆံရေးတစ်ခုဖြစ်နေပါပြီ။
၄။ သင့်ကိုထည့်မတွက်ဘူး။
သင့်ဘက်က ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန်ဆက်ဆံပါစေ သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းစာရင်းထဲမှာ သင်မပါပါဘူး။ နှစ်တွေဘယ်လောက်ပဲကြာအောင် ပေါင်းပေါင်း သင့်ကိုဆို သူတို့နဲ့ တသားတည်းကျတဲ့ လူအရင်းအချာတစ်ယောက်အဖြစ်မမြင်ကြပါဘူး။ ဒါ့ကြောင့်လည်း သင်မပါဘဲ သူတို့ချည်းသက်သက် ခရီးတွေထွက်ကြ ပျော်စရာတွေလုပ်ကြ နဲ့ သင့်ကို ဝိုင်းကျဉ်ထားတတ်ပါတယ်။
၅။ မသိမသာ နှိပ်ကွက်ခံရတယ်။
စသလို နောက်သလိုပြောလိုက်ပေမယ့် သူတို့ရဲ့ စကားတွေက သင့်ကို အကြီးအကျယ်စိတ်ထိခိုက်စေတဲ့ အကြောင်းအရာတွေဖြစ်နေတတ်ပါတယ်။ သင့်ရဲ့ အားနည်းချက်ကို မကြာခဏ လှောင်ပြောင်လေ့ရှိပြီးတော့ လူရှေ့သူရှေ့ရောက်တိုင်း သင့်ကို ဒေါက်ဖြုတ် အရှက်ခွဲဖို့ အဆင်သင့်ဖြစ်နေတတ်ကြပါတယ်။
၆။ သင့်အကြောင်း မကောင်းပြောတယ်။
သင့်အကြောင်း ၊ သင့်မိသားစု အကြောင်း အတွင်းရေးမှန်သမျှကို သူတို့ကို ရင်မဖွင့်မိပါစေနဲ့၊ အဖြစ်မှန်ထပ်ပိုဆိုးရွားအောင် ချဲ့ကားပြောဆိုပြီး အပုပ်ချကာ သူတို့မဟုတ်သလို ဟန်ဆောင်နေတတ်ကြပါတယ်။
၇။ ဟန်ဆောင်ကောင်းတယ်။
ပတ်ဝန်းကျင်ရဲ့အမြင်မှာ သင်က သူတို့အပေါ်မကောင်းသလို ၊ သင်ကသာ စိတ်ပုပ်တတ်သူလို့ ထင်ယောင်ထင်မှားဖြစ်အောင် ဟန်ဆောင်တတ်ကြပါတယ်။ လူအများအမြင်မှာ သင်ကသာ လူဆိုးဖြစ်ပြီး သင့်ကိုပေါင်းသင်းစရာ လူမကျန်တော့ဘဲ တစ်ယောက်တည်းအထီးကျန်နေရတဲ့အထိ ဒုက္ခပေးတတ်ကြပါတယ်။

ဒီလိုအကျင့်မျိုးရှိတဲ့ သူတွေကို သည်းခံပြီးမပေါင်းသင်းပါနဲ့။ သူတို့ဟာ စိတ်သဘောထားသေးသိမ်တဲ့ လုပ်ရပ်များအတွက် တစ်ချိန်မှာ အရှက်ရလာမှာ ဖြစ်ပါတယ်။ သင့်အတွက် ဖော်ရွေကြင်နာတတ်တဲ့ သူငယ်ချင်းကောင်းတွေ ရှိနေပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *