ဖြိုးမြတ်အောင်တို့ သာအမိမှ ထီးတင်ဖို့ ရည်စူးထားတဲ့ ဘုရား..





ဆုကြေးငွေ (၃) ပုံ (၂) ပုံ ကို အလှူလုပ်မယ် လို့ပြောလာတဲ့ ဖြိုးမြတ်အောင်


Posted by Myanmar Celebrity on Friday, 17 August 2018

Myanmar Celebrity









Source – Myanmarload

[ Unicode ]

မိုးလွတ်လေလွတ် တန်ဆောင်မုန်းလလောက်မှာ ဘုရားထီးတင်ဖို့ ရည်ရွယ်ထားပါတယ်။

တစ်နိုင်ငံလုံးက ပရိသတ်တွေကို ဖိတ်မှာပါ။

ပိုက်ဆံကုန်ချင် ကုန်ပါစေ .. အလှူလုပ်မှာပါ” လို့ပြောလာတဲ့ Myanmar Idol Winner ဖြိုးမြတ်အောင် နှင့် ခဏတာ။

Myanmar Celebrity Update: Myanmar Idol Winner, Phyo Myat Aung says his donation plans #PhyoMyatAung #MyanmarIdolWinner

Myanmar Celebrity

အိမ်မက်တွေကို စတင်အကောင်အထည်ဖော်လိုက်ပြီဖြစ်တဲ့ ဝင်းနားဆုရှင် ဖြိုးမြတ်အောင်

ရိုးသားမှုနဲ့ ကြိုးစားမှုတွေကြောင့် Winner ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားတဲ့ ဖြိုးမြတ်အောင်ကတော့ ပြည်သူပရိသတ်တွေရဲ့တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ်..။

myanmar idol season 3 ရဲ့ Winner ဆုရှင်ဖြစ်တဲ့ ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဟင်္သာတမြို့ကို ရောက်ရှိနေပြီး လှူဒါန်းမှုများ ပြုလုပ်နေတာ တွေ့ရပါတယ်..။

winner ရရင် ဘုရားထီးတင်မယ်လို့ ကတိပေးခဲ့သူ ဖြစ်တာမို့ ဘုရားထီးတော်တင်ဖို့အတွက် စတင် အဓိဌာန်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့ သြဂုတ်လ(၁၇)ရက်နေ့မှာပဲ ဟင်္သာတမြို့ရဲ့ အထွေထွေပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံရှိလူနာများနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးရင်း အာဟာရဒါန လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

လူနာတွေနဲ့ တရင်းတနှီးတွေ့ဆုံရင်း လှူဒါန်းမှုများပြုလုပ်နေတဲ့ ဖြိုးမြတ်အောင်ရဲ့ မွန်မြတ်တဲ့ သာဓုခေါ်စရာအလှူဒါနလေးကိုလည်း ပရိသတ်တွေသဘောကျ သာဓုခေါ်နေကြပြီး ဆုတောင်းစကားလေးတွေကိုလည်း ပြောပေးထားကြတာမို့ တကယ်ကို ပီတိဖြစ်စရာ အလှူပုံရိပ်လေးတွေပါပဲ ပရိသတ်ကြီးရေ..။

ဖြိုးမြတ်အောင်တစ်ယောက် ကိုဖြိုးထီးတင်မဲ့ဘုရားတွင်အာရုံပြု ၊ လူကြီးသူမများနှင့်တိုင်ပင်ဆွေးနွေးပုံလေးတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖြိုးမြတ်အောင် နဲ့ မိခင်ဖြစ်သူတိုက ဘုရားထီးတော်တင်ဖို့ ဆုတောင်းဓိဌာန် နေတဲ့ပုံလေးတွေကတော့ ကြည်နူးစရာပါ ။

ဖြိုးမြတ်အောင် ရဲ့ အမာခံပရိသတ်တွေကလည်း စေတီတော် ကြီး ထီးတော်တင်နိုင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ် ။ ပရိသတ်ကြီးရေ ဖြိုးမြတ်အောင်ရဲ့ အလှူဖြစ်စေဖို့ ဆုတောင်းပေးကြပါဦးနော်။

Source – Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *