ဆိုးတဲ့ကောင်လေးတွေကိုမှ မိန်းကလေးဘာလို့ ချစ်သူတော်ချင်ရသလဲ





၎) ခပ်ဆိုးဆိုးကောင်လေးတွေက ပိုပြီးဆက်ဆီကျတယ်။







ကဲ… စာဖတ်သူမိန်းကလေးများ… ခပ်ဆိုးဆိုးကောင်လေးကို သဘောကျဖူးလား။ သဘောကျဖူးတယ်ဆိုရင် ရှက်မနေပါနဲ့တော့။ ဘာကြောင့်လဲဆိုရင် မိန်းကလေးအတော်များများက အမြဲမဟုတ်တောင် ဘဝမှာ အနည်းဆုံးတစ်ခါလောက်တော့ ခပ်ဆိုးဆိုးကောင်လေးတွေကို ရင်ခုန်ဖူးကြပါတယ်တဲ့။ မိန်းကလေးတွေ ကိုယ့်အပေါ်ကောင်းတဲ့ ကောင်လေးတွေကို ချေခဲ့ပြီး ခပ်ဆိုးဆိုးကောင်လေးတွေကို ရွေးချယ်ရတဲ့ အကြောင်းရင်းတွေက ဒီလိုရှိပါတယ်တဲ့။ သိချင်ရင် ဆက်ဖတ်ကြည့်လိုက်နော်။

၁) ခပ်ဆိုးဆိုးကောင်လေးတွေက ခန့်မှန်းရခက်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားမှုကို အမြဲဖြစ်ပေါ်စေလို့ပါ။

၂) မိန်းကလေးတွေရဲ့ သဘာဝမျိုးရိုးဗီဇကိုက ကိုယ့်အပေါ်ဆိုးတဲ့သူကိုမှ နှစ်သက်ကြပါတယ်တဲ့။

၃) ကိုယ့်အပေါ်ကောင်းလွန်းသူတွေက သူတို့ကိုယ်သူတို့ လေးစားမှု နည်းတတ်ကြလို့ပါ။

၄) ခပ်ဆိုးဆိုးကောင်လေးတွေက ပိုပြီးဆက်ဆီကျတယ်။

၅) ခပ်ဆိုးဆိုးကောင်လေးတွေက သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိနေတတ်လို့။

၆) ခပ်ဆိုးဆိုးကောင်လေးတွေက ရုပ်ပိုင်းဆိုင်ရာအရရော ပိုမိုကြံ့ခိုင်ကြတယ်။

၇) ရှက်တန်းတန်းမဖြစ်ဘဲ ဇွတ်တရွတ်ဆန်တာကြောင့်လည်း ဖြစ်ပါတယ်။

၈) မိန်းကလေးတွေရဲ့ သဘာဝအရ ပူပန်သောကဖြစ်လွယ်ပါတယ်။ ဆိုးတဲ့ကောင်လေးကို ချစ်သူတော်ထားတဲ့အခါ သူတို့ကိုစိတ်ပူနေရတာနဲ့ ဘဝရဲ့ပူပန်သောကတွေကို မေ့သွားနိုင်လို့ပါ။

၉) ဆိုးတဲ့ကောင်လေးက ကိုယ့်နဲ့မှပြောင်းလဲသွားတယ်ဆိုတာကို ခံစားချင်လို့ပါ။

၁၀) အချစ်စစ်လို့ ခံစားရလို့ပါ။ လူတိုင်းအပေါ် အမြဲကောင်းတဲ့ ကောင်လေးထက်စာရင် ခပ်ဆိုးဆိုးကောင်လေးတစ်ယောက် ကိုယ့်အပေါ်ကျမှကောင်းတယ်ဆိုပြီး အချစ်စစ်လို့ယုံကြည် ချစ်မိကြတာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *