မိန္းကေလးျဖစ္ရျခင္းအတြက္ ဂုဏ္ယူစရာေကာင္းတဲ့ အားသာခ်က္မ်ား

ေယာက်္ားေလးျဖစ္ရတာဟာ ဘုန္းကံျမင့္ၾကတဲ့သူေတြျဖစ္ၿပီး အမ်ိဳးသမီးေတြထက္ ျမင့္ျမတ္တယ္ဆိုတဲ့ အယူအဆ ရွိၾကပါတယ္။ ဒါေပမယ့္လည္း အမ်ိဳးသားျဖစ္ျဖစ္၊ အမ်ိဳးသမီးပဲျဖစ္ျဖစ္၊ စိတ္ဓာတ္ပိုင္းဆိုင္ရာ အေတြးအေခၚေတြကသာ အဓိကက်ပါတယ္။ ေယာက်ာ္းေလးျဖစ္ရတာလည္း ေကာင္းမြန္ျမင့္ျမတ္တဲ့ အခ်က္ေတြရွိသလို၊ မိန္းကေလးျဖစ္ရျခင္းရဲ႕ အားသာခ်က္ေတြကလည္း အမ်ားႀကီးရွိေနပါတယ္။ ဒီေတာ့.. အမ်ိဳးသမီးမ်ားအတြက္ အားတက္ေစမယ့္ မိန္းကေလးျဖစ္ရျခင္းရဲ႕ အားသာခ်က္တခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) မိခင္ျဖစ္ရျခင္းအတြက္ ဂုဏ္ယူရတယ္

အားႏြဲ႔တဲ့ မိန္းမသားလို႔ ေျပာေနၾကေပမယ့္ အမ်ိဳးသမီးမ်ားဟာ အမ်ိဳးသားမ်ားထက္ ပိုၿပီး နာက်င္မႈဒဏ္ကို ပိုခံႏုိင္ရည္ရွိၾကပါတယ္။ ဘာ့ေၾကာင့္လည္း ဆိုေတာ့ ကေလးေမြးတဲ့အခါမွာ ေသမတတ္ နာက်င္မႈ ေဝဒနာကို မိခင္တုိင္း ႀကံ႕ႀကံ႕ခံ ရင္ဆိုင္ၾကရပါတယ္။ ခႏၶာကိုယ္တြင္းက အရိုးေတြ က်ိဳးသြားမတတ္ခံစားရတဲ့ ဒီလိုနာက်င္မႈမ်ိဳးကို စိတ္အတည္ၿငိမ္ဆံုးထားၿပီး ႀကိဳးစားပန္းစားနဲ႔ ရင္ေသြးငယ္ကို ေမြးဖြားရတာကလည္း အမ်ိဳးသမီးေတြအတြက္ ဂုဏ္အယူရဆံုး အခ်ိန္ျဖစ္ပါလိမ့္မယ္။

(၂) အသက္ပိုရွည္တယ္

ေလ့လာဆန္းစစ္ခ်က္ေတြအရ အမ်ိဳးသမီးမ်ားဟာ အမ်ိဳးသားေတြထက္ က်န္းမာသန္စြမ္းတဲ့ ဘဝကို ပိုင္ဆိုင္ၾကၿပီး သက္ရွည္က်န္းမာၾကတယ္လို႔ ဆိုပါတယ္။ အမ်ိဳးသားေတြက ေနပူမိုးရြာမေရွာင္၊ ေန႔စဥ္ေန႔တုိင္း အျပင္သြား၊ အလုပ္လုပ္ေနရတဲ့ အတြက္ ေရာဂါပိုးဝင္ေရာက္ႏုိင္ေခ်မ်ားၿပီးေတာ့ အမ်ိဳးသားေတြဟာ အေၾကာက္အလန္႔၊ သတိနည္းတဲ့အတြက္ေၾကာင့္လည္း မေတာ္တဆအနာတရ ထိခိုက္မႈေတြက အမ်ိဳးသမီးေတြထက္ ပိုမ်ားတဲ့ အတြက္ေၾကာင့္ပါ။ ဒါ့ေၾကာင့္ အလုပ္ၾကမ္းေတြ သိပ္မလုပ္ရတဲ့ အမ်ိဳးသမီးေတြအတြက္ေတာ့ သက္ရွည္က်န္းမာတဲ့ ဘဝကို ပိုင္ဆိုင္ထားၾကပါတယ္။

(၃) သူငယ္ခ်င္းကို လြတ္လြတ္လပ္လပ္ခ်စ္ခြင့္ရွိိတယ္

ခုလိုပြင့္လင္းျမင္သာတဲ့ ေခတ္ႀကီးထဲမွာ ေယာက်္ားေလးအခ်င္းခ်င္း လူျမင္ကြင္းမွာ ေပြ႔ဖက္တာ၊ လက္တြဲတာေတြက လူအထင္လြဲစရာေတြ ျဖစ္ေနတတ္ပါတယ္။ ဘယ္ေလာက္ထိပဲ ခင္မင္ရင္းႏွီးတဲ့ ငယ္ေပါင္းႀကီးေဖာ္ေတြ ျဖစ္ေနရင္ေတာင္မွ ေယာက်္ားေလးအခ်င္းခ်င္း ဒီလိုေတြေပြ႕ဖက္ေနမယ္ ဆုိရင္ Guy ေတြလားလို႔ ပတ္ဝန္းက်င္ရဲ႕ အေျပာအဆိုကို အနည္းနဲ႔ အမ်ားေတာ့ခံၾကရမွာပါပဲ။ ဒါေပမယ့္ ဒီလို ပတ္ဝန္းက်င္ရဲ႕ အထင္လြဲမႈေတြကိုေတာ့ မိန္းကေလးေတြမွာ မခံစားၾကရပါဘူး။ အရမ္းခ်စ္ၾကတဲ့ မိန္းကေလးသူငယ္ခ်င္း ႏွစ္ေယာက္ လက္တြဲၿပီး လမ္းေလွ်ာက္တာ၊ ခါးဖက္ၿပီး လမ္းေလွ်ာက္တာေလာက္ေတာ့ ပတ္ဝန္းက်င္က အဆိုးဖက္ေတြ ေတြးေနမွာ မဟုတ္ပါဘူး။ ဒီေတာ့.. ကိုယ့္ရဲ႕ သူငယ္ခ်င္းကို လြတ္လြတ္လပ္လပ္ ခ်စ္ခြင့္ရႏုိင္ပါတယ္။

(၄) ဝမ္းနည္းငိုေၾကြးႏုိင္တယ္

ေယာက်္ားေလးျဖစ္ၿပီး ငိုစရာလား ဆိုတဲ့ စကားကို ငယ္စဥ္ကတည္းက မိဘေတြ ဆိုဆံုးမၾကတာ ၾကားဖူးၾကပါလိမ့္မယ္။ ေယာက်္ားေလးဆိုတာ မငိုရဘူး၊ စိတ္ဓာတ္ၾကံ႕ခုိင္ရတဲ့ဆိုတဲ့ mind set ကို ငယ္စဥ္ကတည္းက ရိုက္သြင္းခံၾကရပါတယ္။ ဒါ့ေၾကာင့္လည္း ေယာက်္ားႀကီးတန္မဲ့ လူေရွ႕သူေရွ႕ ငိုတာ၊ ဝမ္းနည္းတာမ်ိဳးကိုေတာင္ မျပဳလုပ္ရဲေလာက္တဲ့ထိ ျဖစ္ေနၾကပါတယ္။ ဒါေပမယ့္ မိန္းကေလး ေတြ အေနနဲ႔က်ေတာ့ လူေရွ႕သူေရွ႕၊ ဝမ္းနည္း ငိုယိုတာကိုေတာ့ ဒီလိုအျပစ္ေတြ ျမင္မေနတတ္ပါဘူး။ အားႏြဲ႔တဲ့မိန္းမသားပဲ ဆိုၿပီး ႏွစ္သိမ့္အားေပးတတ္ၾကပါေသးတယ္။

(၅) မိတ္ကပ္ျပင္ဆင္ျခယ္သႏုိင္တယ္

မိန္းကေလးေတြက ကိုယ့္ရဲ႕ အလွတရားကို ပိုမိုရုပ္လံုးၾကြလာေစဖို႔အတြက္နဲ႔ မိမိကုိယ္ကို ယံုၾကည္မႈ အျပည့္ရွိေစဖို႔ မိတ္ကပ္ျပင္ဆင္ျခယ္သၾကပါတယ္။ ကိုယ္လိုခ်င္တဲ့ မ်က္ႏွာအလွကို ပိုင္ဆုိင္ဖို႔အတြက္ မိတ္ကပ္ျပင္ဆင္ျခယ္သရံုနဲ႔ ကိုယ့္ရဲ႕ အလွကို လြယ္လြယ္ကူကူဖန္တီးလို႔ ရေနပါၿပီ။ အမ်ိိဳးသမီးမ်ားဟာ မိတ္ကပ္ျပင္ဆင္ျခယ္သထားလို႔ အျပစ္ေျပာမယ့္သူ မရွိေပမယ့္ အမ်ိဳးသားေတြ က်ေတာ့ မိတ္ကပ္ျပင္ဆင္ျခယ္သၿပီး ပဲမ်ားလို႔ မရျပန္ပါဘူး။ ဒါကလည္း မိန္းကေလးေတြရဲ႕ အားသာခ်က္တစ္ခုပါပဲေနာ္။

(၆) အဝတ္အစားေရြးခ်ယ္စရာမ်ားတယ္

မိန္းကေလးေတြမွာဆိုရင္ စကပ္၊ ေဘာင္းဘီ၊ ဂါဝန္၊ ထဘီ စသျဖင့္ ေရြးခ်ယ္စရာ ဝတ္စားဆင္ယင္မႈ ပံုစံက အမ်ိဳးမ်ိဳး ရွိပါတယ္။ အမ်ိဳးသားေတြကေတာ့ ေဘာင္းဘီ၊ ပုဆိုးကလြဲလို႔ ဘာမွ ေရြးခ်ယ္စရာမရွိေပမယ့္ မိန္းကေလးေတြအတြက္ေတာ့ ဖက္ရွင္က တစ္ေန႔ထက္တစ္ေန႔ကို ပိုပိုၿပီး မ်ားလာပါတယ္။ ဖက္ရွင္ေရစီးေၾကာင္းအလိုက္ ဝတ္စားဆင္ယင္မႈ အမ်ိဳးမ်ိဳးကို မိန္းကေလးေတြက အၿမဲစမ္းသပ္ခြင့္ရေနတာကိုက အားသာခ်က္တစ္ခုလို႔ ဆိုရပါမယ္။

ယောကျ်ားလေးဖြစ်ရတာဟာ ဘုန်းကံမြင့်ကြတဲ့သူတွေဖြစ်ပြီး အမျိုးသမီးတွေထက် မြင့်မြတ်တယ်ဆိုတဲ့ အယူအဆ ရှိကြပါတယ်။ ဒါပေမယ့်လည်း အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေကသာ အဓိကကျပါတယ်။ ယောကျာ်းလေးဖြစ်ရတာလည်း ကောင်းမွန်မြင့်မြတ်တဲ့ အချက်တွေရှိသလို၊ မိန်းကလေးဖြစ်ရခြင်းရဲ့ အားသာချက်တွေကလည်း အများကြီးရှိနေပါတယ်။ ဒီတော့.. အမျိုးသမီးများအတွက် အားတက်စေမယ့် မိန်းကလေးဖြစ်ရခြင်းရဲ့ အားသာချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မိခင်ဖြစ်ရခြင်းအတွက် ဂုဏ်ယူရတယ်

အားနွဲ့တဲ့ မိန်းမသားလို့ ပြောနေကြပေမယ့် အမျိုးသမီးများဟာ အမျိုးသားများထက် ပိုပြီး နာကျင်မှုဒဏ်ကို ပိုခံနိုင်ရည်ရှိကြပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ကလေးမွေးတဲ့အခါမှာ သေမတတ် နာကျင်မှု ဝေဒနာကို မိခင်တိုင်း ကြံ့ကြံ့ခံ ရင်ဆိုင်ကြရပါတယ်။ ခန္ဓာကိုယ်တွင်းက အရိုးတွေ ကျိုးသွားမတတ်ခံစားရတဲ့ ဒီလိုနာကျင်မှုမျိုးကို စိတ်အတည်ငြိမ်ဆုံးထားပြီး ကြိုးစားပန်းစားနဲ့ ရင်သွေးငယ်ကို မွေးဖွားရတာကလည်း အမျိုးသမီးတွေအတွက် ဂုဏ်အယူရဆုံး အချိန်ဖြစ်ပါလိမ့်မယ်။

(၂) အသက်ပိုရှည်တယ်

လေ့လာဆန်းစစ်ချက်တွေအရ အမျိုးသမီးများဟာ အမျိုးသားတွေထက် ကျန်းမာသန်စွမ်းတဲ့ ဘဝကို ပိုင်ဆိုင်ကြပြီး သက်ရှည်ကျန်းမာကြတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေက နေပူမိုးရွာမရှောင်၊ နေ့စဉ်နေ့တိုင်း အပြင်သွား၊ အလုပ်လုပ်နေရတဲ့ အတွက် ရောဂါပိုးဝင်ရောက်နိုင်ချေများပြီးတော့ အမျိုးသားတွေဟာ အကြောက်အလန့်၊ သတိနည်းတဲ့အတွက်ကြောင့်လည်း မတော်တဆအနာတရ ထိခိုက်မှုတွေက အမျိုးသမီးတွေထက် ပိုများတဲ့ အတွက်ကြောင့်ပါ။ ဒါ့ကြောင့် အလုပ်ကြမ်းတွေ သိပ်မလုပ်ရတဲ့ အမျိုးသမီးတွေအတွက်တော့ သက်ရှည်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ထားကြပါတယ်။

(၃) သူငယ်ချင်းကို လွတ်လွတ်လပ်လပ်ချစ်ခွင့်ရှိတယ်

ခုလိုပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးထဲမှာ ယောကျ်ားလေးအချင်းချင်း လူမြင်ကွင်းမှာ ပွေ့ဖက်တာ၊ လက်တွဲတာတွေက လူအထင်လွဲစရာတွေ ဖြစ်နေတတ်ပါတယ်။ ဘယ်လောက်ထိပဲ ခင်မင်ရင်းနှီးတဲ့ ငယ်ပေါင်းကြီးဖော်တွေ ဖြစ်နေရင်တောင်မှ ယောကျ်ားလေးအချင်းချင်း ဒီလိုတွေပွေ့ဖက်နေမယ် ဆိုရင် Guy တွေလားလို့ ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကို အနည်းနဲ့ အများတော့ခံကြရမှာပါပဲ။ ဒါပေမယ့် ဒီလို ပတ်ဝန်းကျင်ရဲ့ အထင်လွဲမှုတွေကိုတော့ မိန်းကလေးတွေမှာ မခံစားကြရပါဘူး။ အရမ်းချစ်ကြတဲ့ မိန်းကလေးသူငယ်ချင်း နှစ်ယောက် လက်တွဲပြီး လမ်းလျှောက်တာ၊ ခါးဖက်ပြီး လမ်းလျှောက်တာလောက်တော့ ပတ်ဝန်းကျင်က အဆိုးဖက်တွေ တွေးနေမှာ မဟုတ်ပါဘူး။ ဒီတော့.. ကိုယ့်ရဲ့ သူငယ်ချင်းကို လွတ်လွတ်လပ်လပ် ချစ်ခွင့်ရနိုင်ပါတယ်။

(၄) ဝမ်းနည်းငိုကြွေးနိုင်တယ်

ယောကျ်ားလေးဖြစ်ပြီး ငိုစရာလား ဆိုတဲ့ စကားကို ငယ်စဉ်ကတည်းက မိဘတွေ ဆိုဆုံးမကြတာ ကြားဖူးကြပါလိမ့်မယ်။ ယောကျ်ားလေးဆိုတာ မငိုရဘူး၊ စိတ်ဓာတ်ကြံ့ခိုင်ရတဲ့ဆိုတဲ့ mind set ကို ငယ်စဉ်ကတည်းက ရိုက်သွင်းခံကြရပါတယ်။ ဒါ့ကြောင့်လည်း ယောကျ်ားကြီးတန်မဲ့ လူရှေ့သူရှေ့ ငိုတာ၊ ဝမ်းနည်းတာမျိုးကိုတောင် မပြုလုပ်ရဲလောက်တဲ့ထိ ဖြစ်နေကြပါတယ်။ ဒါပေမယ့် မိန်းကလေး တွေ အနေနဲ့ကျတော့ လူရှေ့သူရှေ့၊ ဝမ်းနည်း ငိုယိုတာကိုတော့ ဒီလိုအပြစ်တွေ မြင်မနေတတ်ပါဘူး။ အားနွဲ့တဲ့မိန်းမသားပဲ ဆိုပြီး နှစ်သိမ့်အားပေးတတ်ကြပါသေးတယ်။

(၅) မိတ်ကပ်ပြင်ဆင်ခြယ်သနိုင်တယ်

မိန်းကလေးတွေက ကိုယ့်ရဲ့ အလှတရားကို ပိုမိုရုပ်လုံးကြွလာစေဖို့အတွက်နဲ့ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိစေဖို့ မိတ်ကပ်ပြင်ဆင်ခြယ်သကြပါတယ်။ ကိုယ်လိုချင်တဲ့ မျက်နှာအလှကို ပိုင်ဆိုင်ဖို့အတွက် မိတ်ကပ်ပြင်ဆင်ခြယ်သရုံနဲ့ ကိုယ့်ရဲ့ အလှကို လွယ်လွယ်ကူကူဖန်တီးလို့ ရနေပါပြီ။ အမျိုးသမီးများဟာ မိတ်ကပ်ပြင်ဆင်ခြယ်သထားလို့ အပြစ်ပြောမယ့်သူ မရှိပေမယ့် အမျိုးသားတွေ ကျတော့ မိတ်ကပ်ပြင်ဆင်ခြယ်သပြီး ပဲများလို့ မရပြန်ပါဘူး။ ဒါကလည်း မိန်းကလေးတွေရဲ့ အားသာချက်တစ်ခုပါပဲနော်။

(၆) အဝတ်အစားရွေးချယ်စရာများတယ်

မိန်းကလေးတွေမှာဆိုရင် စကပ်၊ ဘောင်းဘီ၊ ဂါဝန်၊ ထဘီ စသဖြင့် ရွေးချယ်စရာ ဝတ်စားဆင်ယင်မှု ပုံစံက အမျိုးမျိုး ရှိပါတယ်။ အမျိုးသားတွေကတော့ ဘောင်းဘီ၊ ပုဆိုးကလွဲလို့ ဘာမှ ရွေးချယ်စရာမရှိပေမယ့် မိန်းကလေးတွေအတွက်တော့ ဖက်ရှင်က တစ်နေ့ထက်တစ်နေ့ကို ပိုပိုပြီး များလာပါတယ်။ ဖက်ရှင်ရေစီးကြောင်းအလိုက် ဝတ်စားဆင်ယင်မှု အမျိုးမျိုးကို မိန်းကလေးတွေက အမြဲစမ်းသပ်ခွင့်ရနေတာကိုက အားသာချက်တစ်ခုလို့ ဆိုရပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *