ကိုယ္ႀကိဳက္တဲ့အစားအေသာက္ေတြကို စြန္႔လႊတ္စရာမလိုဘဲ ဝိတ္ခ်ႏုိင္မယ့္နည္းလမ္း (၈) သြယ္

ဝိတ္ကလည္း ေလ်ာ့ခ်င္တယ္၊ ကိုယ္ႀကိဳက္တဲ့ အစားအစာေတြကိုလည္း လက္မေလ်ာ့ခ်င္ေသးဘူး၊ စားခ်င္ေနေသးတယ္ဆိုရင္ေတာ့ ဝိတ္ေလ်ာ့မယ့္ အစီအစဥ္ကို လံုးဝ ရပ္တန္႔ပစ္မယ့္အစား အခုေဖာ္ျပေပးမယ့္ နည္းလမ္းေတြအတိုင္း လိုက္နာၾကည့္လုိက္ပါ။ ကိုယ္ႀကိဳက္တဲ့ အစားအစာ ေတြကိုလည္း စြန္႔လႊတ္စရာမလိုဘဲ ဝိတ္က်ေစမယ့္ နည္းလမ္းျဖစ္တာ ေၾကာင့္ အမွန္တကယ္ လိုက္နာဖို႔ေတာ့ လိုပါမယ္ေနာ္။

(၁) စားခ်င္တာစားပါ.. သို႔ေသာ္ အကန္႔အသတ္နဲ႔စားပါ

ကိုယ္စားခ်င္တဲ့ အစားအစာက ဝိတ္တက္ေစတဲ့အရာလည္းျဖစ္တယ္၊ ဝိတ္ခ်ေနစဥ္မွာ မစားသံုးသင့္ဘူး ဆိုတာကို သိေနေပမယ့္လည္း အရမ္းစားခ်င္လာတဲ့ အခါမ်ိဳး ႀကံဳဖူးၾကမွာပါ။ ဒီလိုဆိုရင္ သင္စားခ်င္တဲ့ အစားအစာကို ရဲရဲဝံ့ဝ့ံစားသံုးလိုက္ဖို႔ကို အႀကံျပဳထားပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ကိုယ္စားခ်င္တဲ့ အစားအစာကို မစားရတဲ့အတြက္ အျခား အစားအေသာက္ ေတြကို အတုိင္းထက္အလြန္စားသံုးေနမိတတ္ပါတယ္။ ဒါ့ေၾကာင့္ စားခ်င္တာရွိရင္ စားလိုက္ပါ။ ဒါေပမယ့္ အကန္႔အသတ္ေလးနဲ႔ေတာ့ စားသံုးဖို႔ လိုပါတယ္ေနာ္။

(၂) ေရမ်ားမ်ားေသာက္ပါ

ေရမ်ားမ်ားေသာက္တာက ခႏၶာကိုယ္တြင္းမွာ ရွိိတဲ့ အဆီပိုမ်ားနဲ႔ ကယ္လိုရီေလာင္ကၽြမ္းဖို႔အတြက္ မ်ားစြာ အေထာက္အကူျပဳပါတယ္။ ဒါ့ေၾကာင့္ အခ်ိဳရည္၊ ေဖ်ာ္ရည္ေတြကို ေသာက္သံုးမယ့္အစား ေရကုိသာ မ်ားမ်ား ေသာက္သံုးဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၃) အိပ္ေရးဝဝအိပ္ပါ

တစ္ေန႔ကို အိပ္ခ်ိန္ ၇ နာရီေအာက္နည္းတဲ့သူေတြက အဝလြန္ျခင္းနဲ႔ ပိုမိုရင္ဆုိင္ၾကံဳေတြ႔ရႏုိင္တယ္လို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။ အိပ္ေရးမဝတာနဲ႔ ကိုယ္အေလးခ်ိန္ တက္လာတာနဲ႔ ဘယ္လိုဆက္စပ္မႈ ရွိလဲဆိုေတာ့ အိပ္ေရးမဝတဲ့အခါမွာ ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ခ်က္ကလည္း ပံုမွန္ ျဖစ္မေနပါဘူး။ ဒီေတာ့ ပင္ပန္းႏြမ္းနယ္ၿပီး ထိုင္းမိႈင္းေနခ်ိန္မွာ အဆီအဆိမ့္၊ အခ်ိဳေတြကို ပိုမိုေတာင့္တေနတတ္ပါတယ္။ ဒီလိုနဲ႔ပဲ အစားအေသာက္မဆင္မျခင္စားသံုးမိၿပီး အဝလြန္လာရတာပါ။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ကို ပံုမွန္အတုိင္း ထိန္းထားခ်င္တယ္ဆုိရင္ေတာ့ အိပ္ေရးဝဝအိပ္ပါလို႔ အႀကံျပဳပါရေစ။

(၄) နည္းနည္းနဲ႔ ေျဖးေျဖးစားပါ

အစာစားတဲ့အခါမွာ ကိုယ္ႀကိဳက္တဲ့ အစားအစာပဲ ျဖစ္ျဖစ္၊ နည္းနည္းနဲ႔ ေျဖးေျဖးစားတဲ့ အက်င့္လုပ္ပါ။ တစ္ေျဖးေျဖးခ်င္း ကိုက္စားၿပီး ၁၀ ႀကိမ္၊ ၁၅ ႀကိမ္ေလာက္ ဝါးတာမ်ိဳး အခ်ိန္ယူစားသံုးပါ။ ဒီလို အခ်ိန္ယူစားသံုးတာက သင့္ကို နည္းနည္းပဲ စားသံုးမိေစဖို႔ ဦးေႏွာက္ကေန သတိေပးႏုိင္ပါတယ္။

(၅) စားခ်င္စဖြယ္ျပင္ဆင္ပါ

ဝိတ္ခ်ေနစဥ္အတြင္းမွာ သင့္ရဲ႕ Diet plan ထဲ အစိမ္းေရာင္ဟင္းသီးဟင္းရြက္ေတြက ေနရာယူ ထားပါလိမ့္မယ္။ ဟင္းသီးဟင္းရြက္၊ အသီးအႏွံေတြကို စားသံုးရတာ ၿငီးေငြ႔လာၿပီဆုိရင္ စားခ်င္ စဖြယ္ျဖစ္ေအာင္ ျပင္ဆင္ႏုိင္ပါတယ္။ အသီးအရြက္ေတြကို ပန္းကန္ေပၚမွာ ပံုစံအမ်ိဳးမ်ိဳး ေဖာ္ၿပီး စားမယ္ဆိုရင္ သင့္ကို ခဏအတြင္း ဗိုက္ျပည့္ေစပါတယ္။

(၆) မနက္စာစားျဖစ္ေအာင္စားပါ

လူတစ္ေယာက္ အတြက္ အေရးပါဆံုးေသာ မနက္စာကို စားသံုးျဖစ္ေအာင္ စားေပးပါ။ မနက္စာကို အာဟာရရွိရွိ စားသံုးမွ တစ္ေန႔တာအတြက္ လိုအပ္တဲ့ အားအင္ေတြကို ရရွိနုိင္မွာပါ။ အမွ်င္ဓာတ္နဲ႔ ပရိုတင္းဓာတ္ၾကြယ္ဝစြာ ပါဝင္တဲ့ မနက္စာက အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏုိင္ပါတယ္။ ဒါ့ေၾကာင့္ မနက္စာကိုေတာ့ မျဖစ္မေန စားသံုးေပးပါ။

(၇) ေလ့က်င့္ခန္းေန႔စဥ္လုပ္ပါ

Gym ေန႔တုိင္းေဆာ့ၿပီး အၿမဲ work out မလုပ္ျဖစ္ရင္ေတာင္ လႈပ္လႈပ္ရွားရွား ေလ့က်င့္ခန္းကို ေန႔စဥ္ ျပဳလုပ္သင့္ပါတယ္။ မနက္ပိုင္း မိနစ္ ၃၀ ေလာက္ လမ္းေလွ်ာက္တာ၊ ေျပးတာ၊ စက္ဘီးစီးတာ၊ ေခြးေလးနဲ႔ အတူ ေျပးတာမိ်ဳး ျပဳလုပ္ေပးပါ။ ေနာက္ၿပီး ဓာတ္ေလွကားကို အသံုးမျပဳဘဲ ေလွကားနဲ႔ အတက္အဆင္း ျပဳလုပ္ပါ။ ဒါကလည္း သင့္အတြက္ အဆီက်ေစမယ့္ နည္းလမ္းပါပဲ။

(၈) တစ္ေယာက္ထဲမစားပါနဲ႔

အစားအေသာက္ စားသံုးတဲ့အခါမွာ လူအမ်ားနဲ႔ အတူစားပါ။ မိသားစုထမင္းဝိုင္းမွာ အတူထုိင္ၿပီး စားလိုက္၊ စကားေျပာလိုက္လုပ္တာက အထိန္းအကြပ္မဲ့စားသံုးမိျခင္းကေန ဟန္႔တားႏုိင္တယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ တစ္ေယာက္ထဲ စားမယ့္အစား မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ အတူ စားေသာက္တာက နည္းနည္းနဲ႔ ေျဖးေျဖးခ်င္းစားေသာက္မိေစဖို႔ နည္းလမ္းပါပဲ။

ဝိတ်ကလည်း လျော့ချင်တယ်၊ ကိုယ်ကြိုက်တဲ့ အစားအစာတွေကိုလည်း လက်မလျော့ချင်သေးဘူး၊ စားချင်နေသေးတယ်ဆိုရင်တော့ ဝိတ်လျော့မယ့် အစီအစဉ်ကို လုံးဝ ရပ်တန့်ပစ်မယ့်အစား အခုဖော်ပြပေးမယ့် နည်းလမ်းတွေအတိုင်း လိုက်နာကြည့်လိုက်ပါ။ ကိုယ်ကြိုက်တဲ့ အစားအစာ တွေကိုလည်း စွန့်လွှတ်စရာမလိုဘဲ ဝိတ်ကျစေမယ့် နည်းလမ်းဖြစ်တာ ကြောင့် အမှန်တကယ် လိုက်နာဖို့တော့ လိုပါမယ်နော်။

(၁) စားချင်တာစားပါ.. သို့သော် အကန့်အသတ်နဲ့စားပါ

ကိုယ်စားချင်တဲ့ အစားအစာက ဝိတ်တက်စေတဲ့အရာလည်းဖြစ်တယ်၊ ဝိတ်ချနေစဉ်မှာ မစားသုံးသင့်ဘူး ဆိုတာကို သိနေပေမယ့်လည်း အရမ်းစားချင်လာတဲ့ အခါမျိုး ကြုံဖူးကြမှာပါ။ ဒီလိုဆိုရင် သင်စားချင်တဲ့ အစားအစာကို ရဲရဲဝံ့ဝံ့စားသုံးလိုက်ဖို့ကို အကြံပြုထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်စားချင်တဲ့ အစားအစာကို မစားရတဲ့အတွက် အခြား အစားအသောက် တွေကို အတိုင်းထက်အလွန်စားသုံးနေမိတတ်ပါတယ်။ ဒါ့ကြောင့် စားချင်တာရှိရင် စားလိုက်ပါ။ ဒါပေမယ့် အကန့်အသတ်လေးနဲ့တော့ စားသုံးဖို့ လိုပါတယ်နော်။

(၂) ရေများများသောက်ပါ

ရေများများသောက်တာက ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ အဆီပိုများနဲ့ ကယ်လိုရီလောင်ကျွမ်းဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် အချိုရည်၊ ဖျော်ရည်တွေကို သောက်သုံးမယ့်အစား ရေကိုသာ များများ သောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။

(၃) အိပ်ရေးဝဝအိပ်ပါ

တစ်နေ့ကို အိပ်ချိန် ၇ နာရီအောက်နည်းတဲ့သူတွေက အဝလွန်ခြင်းနဲ့ ပိုမိုရင်ဆိုင်ကြုံတွေ့ရနိုင်တယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ အိပ်ရေးမဝတာနဲ့ ကိုယ်အလေးချိန် တက်လာတာနဲ့ ဘယ်လိုဆက်စပ်မှု ရှိလဲဆိုတော့ အိပ်ရေးမဝတဲ့အခါမှာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကလည်း ပုံမှန် ဖြစ်မနေပါဘူး။ ဒီတော့ ပင်ပန်းနွမ်းနယ်ပြီး ထိုင်းမှိုင်းနေချိန်မှာ အဆီအဆိမ့်၊ အချိုတွေကို ပိုမိုတောင့်တနေတတ်ပါတယ်။ ဒီလိုနဲ့ပဲ အစားအသောက်မဆင်မခြင်စားသုံးမိပြီး အဝလွန်လာရတာပါ။ ဒါ့ကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ထိန်းထားချင်တယ်ဆိုရင်တော့ အိပ်ရေးဝဝအိပ်ပါလို့ အကြံပြုပါရစေ။

(၄) နည်းနည်းနဲ့ ဖြေးဖြေးစားပါ

အစာစားတဲ့အခါမှာ ကိုယ်ကြိုက်တဲ့ အစားအစာပဲ ဖြစ်ဖြစ်၊ နည်းနည်းနဲ့ ဖြေးဖြေးစားတဲ့ အကျင့်လုပ်ပါ။ တစ်ဖြေးဖြေးချင်း ကိုက်စားပြီး ၁၀ ကြိမ်၊ ၁၅ ကြိမ်လောက် ဝါးတာမျိုး အချိန်ယူစားသုံးပါ။ ဒီလို အချိန်ယူစားသုံးတာက သင့်ကို နည်းနည်းပဲ စားသုံးမိစေဖို့ ဦးနှောက်ကနေ သတိပေးနိုင်ပါတယ်။

(၅) စားချင်စဖွယ်ပြင်ဆင်ပါ

ဝိတ်ချနေစဉ်အတွင်းမှာ သင့်ရဲ့ Diet plan ထဲ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက နေရာယူ ထားပါလိမ့်မယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားသုံးရတာ ငြီးငွေ့လာပြီဆိုရင် စားချင် စဖွယ်ဖြစ်အောင် ပြင်ဆင်နိုင်ပါတယ်။ အသီးအရွက်တွေကို ပန်းကန်ပေါ်မှာ ပုံစံအမျိုးမျိုး ဖော်ပြီး စားမယ်ဆိုရင် သင့်ကို ခဏအတွင်း ဗိုက်ပြည့်စေပါတယ်။

(၆) မနက်စာစားဖြစ်အောင်စားပါ

လူတစ်ယောက် အတွက် အရေးပါဆုံးသော မနက်စာကို စားသုံးဖြစ်အောင် စားပေးပါ။ မနက်စာကို အာဟာရရှိရှိ စားသုံးမှ တစ်နေ့တာအတွက် လိုအပ်တဲ့ အားအင်တွေကို ရရှိနိုင်မှာပါ။ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ မနက်စာက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် မနက်စာကိုတော့ မဖြစ်မနေ စားသုံးပေးပါ။

(၇) လေ့ကျင့်ခန်းနေ့စဉ်လုပ်ပါ

Gym နေ့တိုင်းဆော့ပြီး အမြဲ work out မလုပ်ဖြစ်ရင်တောင် လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းကို နေ့စဉ် ပြုလုပ်သင့်ပါတယ်။ မနက်ပိုင်း မိနစ် ၃၀ လောက် လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ခွေးလေးနဲ့ အတူ ပြေးတာမျိုး ပြုလုပ်ပေးပါ။ နောက်ပြီး ဓာတ်လှေကားကို အသုံးမပြုဘဲ လှေကားနဲ့ အတက်အဆင်း ပြုလုပ်ပါ။ ဒါကလည်း သင့်အတွက် အဆီကျစေမယ့် နည်းလမ်းပါပဲ။

(၈) တစ်ယောက်ထဲမစားပါနဲ့

အစားအသောက် စားသုံးတဲ့အခါမှာ လူအများနဲ့ အတူစားပါ။ မိသားစုထမင်းဝိုင်းမှာ အတူထိုင်ပြီး စားလိုက်၊ စကားပြောလိုက်လုပ်တာက အထိန်းအကွပ်မဲ့စားသုံးမိခြင်းကနေ ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တစ်ယောက်ထဲ စားမယ့်အစား မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူ စားသောက်တာက နည်းနည်းနဲ့ ဖြေးဖြေးချင်းစားသောက်မိစေဖို့ နည်းလမ်းပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *