အမ်ိဳးသမီးမ်ား ကေလးရယူဖို႔ ခက္ခဲေစတဲ့ သတိျပဳဖြယ္အေၾကာင္းအရင္းမ်ား

သာယာလွပတဲ့ အိမ္ေထာင္တစ္ခုကို တည္ေဆာက္ဖုိ႔ အတြက္ကလည္း သားသားမီးမီး ေလးေလးေတြ ရွိေနဖို႔ လိုုအပ္တယ္မဟုတ္ပါလား။ ကေလးရဖို႔ ခက္ခဲေနတဲ့ အိမ္ေထာင္သည္ေတြ အေနနဲ႔လည္း ခုလို ေခတ္မွီေဆးပညာေတြ မ်ားစြာ ေပၚေပါက္လာခ်ိန္မွာ ဖန္ျပြန္သေႏၶသား စတဲ့ လြယ္ကူတဲ့နည္းလမ္းေတြနဲ႔ ကေလးရႏုိင္ေနပါၿပီ။ ဒါေပမယ့္ ကိုယ္ကိုယ္တုိင္ ၉လလြယ္ၿပီး ေမြးဖြားခ်င္တဲ့ မိခင္ေလာင္းေတြအတြက္ေတာ့ ကေလးရဖို႔ ခက္ခဲေနျခင္းက စိတ္ပ်က္ဝမ္းနည္းစရာ ျဖစ္ေနပါလိမ့္မယ္။ ဒီလိုမျဖစ္ေစဖို႔အတြက္ ကေလးရဖို႔ ခက္ခဲေစတဲ့ အမူအက်င့္ေတြကို ဆင္ျခင္သိရွိၿပီး ေဆာင္ရန္၊ ေရွာင္ရန္မ်ားကို လိုက္နာသိရွိေစဖို႔ က်န္းမာေရးဗဟုသုတ ေဝမွ်ေပးလိုက္ပါတယ္။

မသန္႔ရွင္းတဲ့ လိင္ဆက္ဆံမႈေၾကာင့္

ကေလးရဖို႔အတြက္ ႀကိဳးပမ္းတဲ့အခါမွာ က်န္းမာေရးအသိကလည္း ရွိေနဖို႔ လိုပါေသးတယ္။ မသန္႔ရွင္းတဲ့ လိင္ဆက္ဆံမႈေၾကာင့္လည္း ကေလးရႏုိင္ေခ် နည္းပါးတဲ့ အထိ ဆိုးက်ိဳးသက္ေရာက္ေစ ပါတယ္။ တစ္ကိုယ္ရည္သန္႔ရွင္းမႈ နည္းပါးျခင္းနဲ႔ မသန္႔ရွင္းတဲ့ လိင္ဆက္ဆံမႈေၾကာင့္ ေရာဂါပိုးမ်ား ဝင္ေရာက္သြားၿပီး ကေလးရဖို႔ ခဲယဥ္းသြားတတ္ပါတယ္။

အရက္ေသစာေသာက္သံုးျခင္းေၾကာင့္

အမ်ိဳးသမီးမ်ားအတြက္ တစ္ပတ္ကို ဝိုင္တစ္ခြက္ေလာက္ ေသာက္သံုးေပးျခင္းက က်န္းမာေစတယ္ ဆိုေပမယ့္ အလြန္အကၽြံေသာက္သံုးမိမယ္ဆိုရင္ေတာ့ ဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚႏုိင္ပါတယ္။ အယ္လ္ကိုေဟာပါဝင္တဲ့ အရက္၊ ဘီယာ၊ ဝုိင္ စတာေတြကို ေန႔စဥ္ရက္ဆက္ ေသာက္သံုးေနမိမယ္ ဆိုရင္ သားဥထုတ္လႊတ္မႈကလည္း က်ဆင္းသြားႏိုင္တယ္လို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။ အထူးသျဖင့္ ေဟာ္မုန္းအေျပာင္းအလဲျဖစ္ခ်ိန္ အသက္ ၁၈ ႏွစ္အရြယ္ ဆယ္ေက်ာ္သက္ မိန္းကေလးေတြအေနနဲ႔ အရက္ေသစာ ေသာက္သံုးမႈမ်ားရင္ ကေလးရႏုိင္ေခ် နည္းပါးသြားတယ္လို႔ ေလ့လာဆန္းစစ္ခ်က္ေတြအရ သိရပါတယ္။

အသက္အရြယ္ေၾကာင့္

ကေလးရႏုိင္ေခ်ခက္ခဲျခင္း၊ လြယ္ကူျခင္းကလည္း အသက္အရြယ္နဲ႔ ဆိုင္ေနျပန္ပါတယ္။ ေဆးပညာရွင္ေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ အသက္ ၄၀ နဲ႔ ၅၀ ဝန္းက်င္အမ်ိဳးသမီးမ်ားဟာ ကေလးရႏုိင္ေခ် လံုးဝ နည္းပါးသြားၿပီလို႔ ဆိုပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ အမ်ိဳးသမီးမ်ားအေနနဲ႔ သားအိမ္တြင္းက သားဥထုတ္လႊတ္မႈကလည္း အသက္ႀကီးလာတာနဲ႔ အမွ် နည္းပါးသြားတတ္ၿပီး ကေလးရလာရင္လည္း ကေလးပ်က္က်ႏုိင္ေခ် ၃၅ ရာခုိင္ႏႈန္းေလာက္ထိ ရွိတယ္လို႔ သိရပါတယ္။ အသက္ ၃၅ ႏွစ္ေအာက္အရြယ္ကေတာ့ အမ်ိဳးသမီးမ်ားအတြက္ ကေလးယူဖို႔ အသင့္ေတာ္ဆံုး အခ်ိန္ျဖစ္တယ္လို႔ ဆိုပါတယ္။

စိတ္ဖိစီးမႈမ်ားျခင္းေၾကာင့္

စိတ္ဖိစီးမႈ မ်ားေနခ်ိန္ေတြမွာ ကေလးယူဖို႔ ခက္ခဲေနတတ္ပါတယ္။ ခႏၶာကိုယ္တြင္းက Stress Level က ျမွင့္တက္ေနတဲ့အခါ မ်ိဳးဥေတြကလည္း ေကာင္းေကာင္း မထုတ္လႊတ္ႏုိင္ေတာ့ပါဘူး။ တခ်ိဳ႔ အိမ္ေထာင္သည္ေတြက ကေလးရလိုေဇာနဲ႔ စိတ္ဖိစီးမႈ မ်ားေနတတ္တာရွိသလို၊ အျခားေသာ ကိစၥရပ္ေတြနဲ႔ စိတ္ဖိစီးမႈ မ်ားေနတဲ့ အခ်ိန္မွာ ကေလးယူဖို႔ ႀကိဳးစားၾကတာက ကေလးရဖုိ႔ ခဲယဥ္းေစတဲ့ အခ်က္ပါပဲ။

အသင့္စား အစားအစာမ်ား စားသံုးျခင္းေၾကာင့္

ဆီေႀကာ္မုန္႔၊ အဆီအဆိမ့္ေတြ မ်ားတဲ့ အသင့္စား အစားအစာေတြကို အလြန္အကၽြံစားသံုးမိရင္လည္း ကေလးရဖုိ႔ ခဲယဥ္းတဲ့အထိကုိ က်န္းမာေရး ထိခိုက္နုိင္တယ္လို႔ ေဆးပညာရွင္မ်ားက ဆုိထားပါတယ္။ ဒီလုိအသင့္စား အစားအစာေတြက ကေလးရရွိဖုိ႔ အဓိက Sex Hormones ေတြျဖစ္တဲ့ testosterone နဲ႔ progesterone ထုတ္လႊတ္မႈကို ေလ်ာ့က်ေစႏုိင္တယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ ကေလးယူေတာ့ မယ္ ဆိုရင္ အသင့္စား ဆီေႀကာ္မုန္႔ေတြကို အထူးေရွာင္ၾကဥ္သင့္ပါတယ္။

ကိုယ္အေလးခ်ိန္ပံုမွန္မဟုတ္ျခင္းေၾကာင့္

ကိုယ္အေလးခ်ိန္ေၾကာင့္လည္း ကေလးရႏုိင္ေခ် နည္းပါးတဲ့ ျဖစ္စဥ္ေတြ ရွိေနပါတယ္။ ခႏၶာကိုယ္တြင္းမွာ ရွိသင့္တဲ့ အဆီထက္ ၁၅ ရာခုိင္ႏႈန္းေလာက္ ပိုမ်ားေနတယ္၊ ဝေနတယ္ဆုိရင္ ကေလးရႏုိင္္ေခ် နည္းပါးတယ္လို႔ ဆိုပါတယ္။ ေနာက္ၿပီး ခႏၶာကုိယ္တြင္းမွာ ရွိသင့္တဲ့ အဆီထက္ ၁၅ ရာခုိင္ႏႈန္းေလာက္ထိ ေလ်ာ့က်ေနမယ္၊ ပိန္ေနမယ္ဆုိရင္ေတာ့ ေဟာ္မုန္းထုတ္လႊတ္မႈကလည္း ေလ်ာ့နည္းသြားတတ္ပါတယ္။ ဒါ့ေၾကာင့္ ကေလးယူေတာ့မယ္ဆိုရင္ ကိုယ္အေလးခ်ိန္ ပံုမွန္ရွိေနဖို႔ ကလည္း အေရးႀကီးပါတယ္။

သာယာလှပတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့ အတွက်ကလည်း သားသားမီးမီး လေးလေးတွေ ရှိနေဖို့ လိုအပ်တယ်မဟုတ်ပါလား။ ကလေးရဖို့ ခက်ခဲနေတဲ့ အိမ်ထောင်သည်တွေ အနေနဲ့လည်း ခုလို ခေတ်မှီဆေးပညာတွေ များစွာ ပေါ်ပေါက်လာချိန်မှာ ဖန်ပြွန်သန္ဓေသား စတဲ့ လွယ်ကူတဲ့နည်းလမ်းတွေနဲ့ ကလေးရနိုင်နေပါပြီ။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် ၉လလွယ်ပြီး မွေးဖွားချင်တဲ့ မိခင်လောင်းတွေအတွက်တော့ ကလေးရဖို့ ခက်ခဲနေခြင်းက စိတ်ပျက်ဝမ်းနည်းစရာ ဖြစ်နေပါလိမ့်မယ်။ ဒီလိုမဖြစ်စေဖို့အတွက် ကလေးရဖို့ ခက်ခဲစေတဲ့ အမူအကျင့်တွေကို ဆင်ခြင်သိရှိပြီး ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာသိရှိစေဖို့ ကျန်းမာရေးဗဟုသုတ ဝေမျှပေးလိုက်ပါတယ်။

မသန့်ရှင်းတဲ့ လိင်ဆက်ဆံမှုကြောင့်

ကလေးရဖို့အတွက် ကြိုးပမ်းတဲ့အခါမှာ ကျန်းမာရေးအသိကလည်း ရှိနေဖို့ လိုပါသေးတယ်။ မသန့်ရှင်းတဲ့ လိင်ဆက်ဆံမှုကြောင့်လည်း ကလေးရနိုင်ချေ နည်းပါးတဲ့ အထိ ဆိုးကျိုးသက်ရောက်စေ ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု နည်းပါးခြင်းနဲ့ မသန့်ရှင်းတဲ့ လိင်ဆက်ဆံမှုကြောင့် ရောဂါပိုးများ ဝင်ရောက်သွားပြီး ကလေးရဖို့ ခဲယဉ်းသွားတတ်ပါတယ်။

အရက်သေစာသောက်သုံးခြင်းကြောင့်

အမျိုးသမီးများအတွက် တစ်ပတ်ကို ဝိုင်တစ်ခွက်လောက် သောက်သုံးပေးခြင်းက ကျန်းမာစေတယ် ဆိုပေမယ့် အလွန်အကျွံသောက်သုံးမိမယ်ဆိုရင်တော့ ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်ပါတယ်။ အယ်လ်ကိုဟောပါဝင်တဲ့ အရက်၊ ဘီယာ၊ ဝိုင် စတာတွေကို နေ့စဉ်ရက်ဆက် သောက်သုံးနေမိမယ် ဆိုရင် သားဥထုတ်လွှတ်မှုကလည်း ကျဆင်းသွားနိုင်တယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ အထူးသဖြင့် ဟော်မုန်းအပြောင်းအလဲဖြစ်ချိန် အသက် ၁၈ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတွေအနေနဲ့ အရက်သေစာ သောက်သုံးမှုများရင် ကလေးရနိုင်ချေ နည်းပါးသွားတယ်လို့ လေ့လာဆန်းစစ်ချက်တွေအရ သိရပါတယ်။

အသက်အရွယ်ကြောင့်

ကလေးရနိုင်ချေခက်ခဲခြင်း၊ လွယ်ကူခြင်းကလည်း အသက်အရွယ်နဲ့ ဆိုင်နေပြန်ပါတယ်။ ဆေးပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ အသက် ၄၀ နဲ့ ၅၀ ဝန်းကျင်အမျိုးသမီးများဟာ ကလေးရနိုင်ချေ လုံးဝ နည်းပါးသွားပြီလို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသမီးများအနေနဲ့ သားအိမ်တွင်းက သားဥထုတ်လွှတ်မှုကလည်း အသက်ကြီးလာတာနဲ့ အမျှ နည်းပါးသွားတတ်ပြီး ကလေးရလာရင်လည်း ကလေးပျက်ကျနိုင်ချေ ၃၅ ရာခိုင်နှုန်းလောက်ထိ ရှိတယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ်အောက်အရွယ်ကတော့ အမျိုးသမီးများအတွက် ကလေးယူဖို့ အသင့်တော်ဆုံး အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်ဖိစီးမှုများခြင်းကြောင့်

စိတ်ဖိစီးမှု များနေချိန်တွေမှာ ကလေးယူဖို့ ခက်ခဲနေတတ်ပါတယ်။ ခန္ဓာကိုယ်တွင်းက Stress Level က မြှင့်တက်နေတဲ့အခါ မျိုးဥတွေကလည်း ကောင်းကောင်း မထုတ်လွှတ်နိုင်တော့ပါဘူး။ တချို့ အိမ်ထောင်သည်တွေက ကလေးရလိုဇောနဲ့ စိတ်ဖိစီးမှု များနေတတ်တာရှိသလို၊ အခြားသော ကိစ္စရပ်တွေနဲ့ စိတ်ဖိစီးမှု များနေတဲ့ အချိန်မှာ ကလေးယူဖို့ ကြိုးစားကြတာက ကလေးရဖို့ ခဲယဉ်းစေတဲ့ အချက်ပါပဲ။

အသင့်စား အစားအစာများ စားသုံးခြင်းကြောင့်

ဆီကြော်မုန့်၊ အဆီအဆိမ့်တွေ များတဲ့ အသင့်စား အစားအစာတွေကို အလွန်အကျွံစားသုံးမိရင်လည်း ကလေးရဖို့ ခဲယဉ်းတဲ့အထိကို ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ ဒီလိုအသင့်စား အစားအစာတွေက ကလေးရရှိဖို့ အဓိက Sex Hormones တွေဖြစ်တဲ့ testosterone နဲ့ progesterone ထုတ်လွှတ်မှုကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကလေးယူတော့ မယ် ဆိုရင် အသင့်စား ဆီကြော်မုန့်တွေကို အထူးရှောင်ကြဉ်သင့်ပါတယ်။

ကိုယ်အလေးချိန်ပုံမှန်မဟုတ်ခြင်းကြောင့်

ကိုယ်အလေးချိန်ကြောင့်လည်း ကလေးရနိုင်ချေ နည်းပါးတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရှိသင့်တဲ့ အဆီထက် ၁၅ ရာခိုင်နှုန်းလောက် ပိုများနေတယ်၊ ဝနေတယ်ဆိုရင် ကလေးရနိုင်ချေ နည်းပါးတယ်လို့ ဆိုပါတယ်။ နောက်ပြီး ခန္ဓာကိုယ်တွင်းမှာ ရှိသင့်တဲ့ အဆီထက် ၁၅ ရာခိုင်နှုန်းလောက်ထိ လျော့ကျနေမယ်၊ ပိန်နေမယ်ဆိုရင်တော့ ဟော်မုန်းထုတ်လွှတ်မှုကလည်း လျော့နည်းသွားတတ်ပါတယ်။ ဒါ့ကြောင့် ကလေးယူတော့မယ်ဆိုရင် ကိုယ်အလေးချိန် ပုံမှန်ရှိနေဖို့ ကလည်း အရေးကြီးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *