ဘီယာဗိုက်ပူကြီးကို ဘယ်လိုလျော့ချမလဲ






(၃) ရေကူးပါ


(၄) စက်ဘီးစီးပါ




ဘီယာမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းများက ဗိုက်ပူစေပြီးတော့ ခါးနဲ့ ဝမ်းဗိုက်တစ်ဝိုက်က အဆီပိုတွေကို စုသွားစေတဲ့အတွက် ဝမ်းဗိုက်ပူ လာရခြင်းပဲ ဖြစ်ပါတယ်။ ဒီတော့.. ဘီယာကြောင့် ဗိုက်ပူပြီး လာရင် ဘယ်လိုပြန်လျော့ချမလဲ ဆိုတဲ့ နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကာဗိုဟိုက်ဒရိုက်ဓာတ်လျော့ချပါ

ကာဗိုဟိုက်ဒရိုက်ဓာတ်က ဗိုက်ပူခြင်းကို ပိုမိုတွန်းအားဖြစ်စေတဲ့အတွက် အတတ်နိုင်ဆုံး လျော့ချဖို့ လိုပါတယ်။ ဆိုဒါ၊ သကြားဓာတ်လွန်ကဲသော အစားအသောက်များနဲ့ အဆီအဆိမ့်တွေကို ရှောင်ကြဉ်ပြီး အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးပြီး Diet plan အတိုင်း ဆင်ခြင်စားသုံးသင့်ပါတယ်။

(၂) ဝိတ်မတက်လာဖို့ထိန်းပါ

ဘီယာဗိုက်ဖြစ်တယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာ ပိုပြီး အဆီတွေ များမလာဖို့ ထိန်းပေးသင့်ပါတယ်။ ဘီယာဗိုက်ကြောင့် ဝနေပြီဆိုပြီး အနေအထိုင်၊ အစားအသောက်တွေ မဆင်မခြင် စားသုံးမိမယ်ဆိုရင် အဝလွန်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဝိတ်ပိုတက်မလာအောင် ထိန်းထားပါ။ လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပြီး လျော့ချနိုင်ပါတယ်။

(၃) ရေကူးပါ

ဘီယာသောက်သုံးခြင်းကြောင့် ဝမ်းဗိုက်က အဆီတွေကို လျော့ချဖို့အတွက်ဆိုရင် ရေကူးခြင်းက အကောင်းဆုံး အထောက်အပံ့ဖြစ်ပါလိမ့်မယ်။ တစ်ပတ်ကို ၂ကြိမ်၊ ၃ ကြိမ်လောက် နာရီဝက်ခန့် ရေကူးမယ်ဆိုရင် ဝမ်းဗိုက်နဲ့ ခါးတစ်ဝိုက်က အဆီပိုများနဲ့ ခန္ဓာကိုယ်တွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

(၄) စက်ဘီးစီးပါ

စက်ဘီးစီးခြင်းကလည်း ဝမ်းဗိုက်တစ်လျှောက် ကြွက်သားများကို ကျုံ့လိုက်၊ ချဲ့လိုက်နဲ့ အားယူရတဲ့အတွက် အဆီပိုများကို လောင်ကျွမ်းစေနိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် စက်ဘီးစီးတာက အဝလွန်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်ပြီး ကျန်းမာပေါ့ပါး သွက်လက်စေပါတယ်။

(၅) ဝမ်းဗိုက်ချပ်လေ့ကျင့်ခန်းလုပ်ပါ

လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးပါပဲ။ ဝမ်းဗိုက်ကြွက်သားများကို ကျုံ့လိုက်ပြီး အဆုတ်တွင်းက လေတွေကို အကုန်ရှူထုတ်၊ ရှူသွင်းပြုလုပ်ရမှာပါ။ စက္ကန့် ၂၀ လောက် ရှူသွင်းလိုက်ပြီး စက္ကန့် ၂၀လောက်ပြန်ရှူထုတ်ပါ။ ဒီနည်းအတိုင်း ၁၀ကြိမ်လောက်ကိုမှ တစ်နေ့ကို ၃ ကြိမ်မှ ၄ကြိမ်အထိ အားလပ်တဲ့ အချိန်တိုင်း ပြုလုပ်ပေးသွားမယ်ဆိုရင် တစ်လအတွင်း သိသာတဲ့ ရလဒ်ကို တွေ့မြင်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *