ေကာက္ထားတဲ့ဆံပင္ကို အလြယ္တကူပံုသြင္းႏိုင္မယ့္ နည္းလမ္း (၄) သြယ္

ဆံပင္ ေကာက္ထားတဲ့ ပ်ိဳေမေလးေတြ အတြက္ သြားခါနီး လာခါနီးမွာ ဆံပင္ပံုသြင္းဖို႔ အခ်ိန္ၾကာေနတယ္၊ ခက္ခဲေနတယ္ဆိုရင္ အခုေဖာ္ျပ ေပးမယ့္ အလြယ္ကူဆံုး နည္းလမ္းေတြအတုိင္း ျပဳလုပ္ၾကည့္ လိုက္ပါ။

အဆင့္ (၁) ဆံပင္စိုစြတ္မႈရွိေနပါေစ

ဆံပင္ေကာက္ထားသူေတြအတြက္ အမ်ားဆံုးႀကံဳေတြ႔ရတဲ့ ျပႆနာကေတာ့ ဆံသားမြဲေျခာက္ေျခာက္ ျဖစ္ေနျခင္းပါပဲ။ ဒါ့ေၾကာင့္ ဆံပင္ေကာက္ထားသူေတြ အတြက္ အႀကံေပးခ်င္တာက ဆံပင္ပံု မသြင္းခင္မွာ ကိုယ့္ရဲ႕ ဆံသားစိုစြတ္မႈကို အၿမဲဂရုျပဳဖုိ႔ လိုပါတယ္။ ဆံပင္အစိုဓာတ္ရရွိေအာင္ ေရနဲ႔ ျပဳလုပ္မယ့္အစား Oil-infused hair mist ကို အသံုးျပဳေပးပါ။ ေရနဲ႔ပဲ လုပ္မယ္ဆုိရင္ သင့္ဆံသား အစိုဓာတ္ကို ၾကာရွည္ထိန္းေပးႏုိင္မွာ မဟုတ္တဲ့ အတြက္ေၾကာင့္ပါ။ ဆံသားအစိုဓာတ္ ေပးတဲ့အခါ ဆံပင္အရင္းနဲ႔ အဖ်ားကိုပဲ ခ်န္ၿပီး အလည္ပိုင္းကို အသားေပးလုပ္ေပးဖို႔ လိုပါတယ္။

အဆင့္ (၂) ဆံပင္ေပ်ာ့ေဆးအသံုးျပဳပါ

ဆံပင္ေကာက္တဲ့ ပ်ိဳေမအတြက္ သီးသန္႔ထုတ္ထားတဲ့ ပံုသြင္းေဆးေတြမွာ ဆံပင္ေပ်ာ့ေဆးပါဝင္မႈ မ်ားတာကို ေရြးခ်ယ္ေပးပါ။ ဒါမွ ဆံသားက ေတာင့္ေတာင့္ၾကီးျဖစ္မေနဘဲ ႏူးညံ႔ေပ်ာ့ေပ်ာင္းၿပီး ေကာက္သားလည္း ေပၚလြင္ေစမွာပါ။ ဆံပင္ေပ်ာ့ေဆး၊ ပံုသြင္းေဆးကို လက္ဖဝါးထဲ အနည္းငယ္ ပြတ္လိုက္ၿပီးမွ ေကာက္ထားတဲ့ ဆံႏြယ္ေပၚကို ညင္သာစြာ သုတ္လိမ္းေပးပါ။

အဆင့္ (၃) Dry Shampoo အသံုးျပဳေပးပါ

ဆံပင္ကို အဖ်ားပိုင္းေတြမွာ ေကာက္ထားၿပီး အရင္းမွာ ဆံသားက ျပားျပားကပ္ကပ္ျဖစ္ေနမယ္ဆိုရင္ အဆင္မေျပႏုိင္ပါဘူး။ ဒါ့ေၾကာင့္ ဆံသားကို ထူထူထဲထဲေလး ျဖစ္ေစဖို႔ Dry Shapoo အနည္းငယ္ အသံုးျပဳေပးပါ။ ေခါင္းေလွ်ာ္ဖို႔ အခ်ိန္မေပးႏုိင္ေတာ့တဲ့အခါ ဒီနည္းလမ္းေလးကို အသံုးျပဳႏုိင္ပါတယ္။

အဆင့္ (၄) Hair Spray ျဖန္းေပးပါ

ပံုသြင္းတဲ့အခါမွာ ဘီးကို အသံုးမျပဳဘဲ လက္ေခ်ာင္းေလးနဲ႔ ညင္သာစြာ ပံုသြင္းေပးတာက အဆင္ေျပဆံုး ျဖစ္ပါလိမ့္မယ္။ ေနာက္ၿပီး ပံုသြင္းထားတာ ၾကာရွည္ခံဖုိ႔ အတြက္ Hair Spray ျဖန္းေပးဖို႔ မေမ့ပါနဲ႔။

ဆံပင် ကောက်ထားတဲ့ ပျိုမေလေးတွေ အတွက် သွားခါနီး လာခါနီးမှာ ဆံပင်ပုံသွင်းဖို့ အချိန်ကြာနေတယ်၊ ခက်ခဲနေတယ်ဆိုရင် အခုဖော်ပြ ပေးမယ့် အလွယ်ကူဆုံး နည်းလမ်းတွေအတိုင်း ပြုလုပ်ကြည့် လိုက်ပါ။

အဆင့် (၁) ဆံပင်စိုစွတ်မှုရှိနေပါစေ

ဆံပင်ကောက်ထားသူတွေအတွက် အများဆုံးကြုံတွေ့ရတဲ့ ပြဿနာကတော့ ဆံသားမွဲခြောက်ခြောက် ဖြစ်နေခြင်းပါပဲ။ ဒါ့ကြောင့် ဆံပင်ကောက်ထားသူတွေ အတွက် အကြံပေးချင်တာက ဆံပင်ပုံ မသွင်းခင်မှာ ကိုယ့်ရဲ့ ဆံသားစိုစွတ်မှုကို အမြဲဂရုပြုဖို့ လိုပါတယ်။ ဆံပင်အစိုဓာတ်ရရှိအောင် ရေနဲ့ ပြုလုပ်မယ့်အစား Oil-infused hair mist ကို အသုံးပြုပေးပါ။ ရေနဲ့ပဲ လုပ်မယ်ဆိုရင် သင့်ဆံသား အစိုဓာတ်ကို ကြာရှည်ထိန်းပေးနိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့်ပါ။ ဆံသားအစိုဓာတ် ပေးတဲ့အခါ ဆံပင်အရင်းနဲ့ အဖျားကိုပဲ ချန်ပြီး အလည်ပိုင်းကို အသားပေးလုပ်ပေးဖို့ လိုပါတယ်။

အဆင့် (၂) ဆံပင်ပျော့ဆေးအသုံးပြုပါ

ဆံပင်ကောက်တဲ့ ပျိုမေအတွက် သီးသန့်ထုတ်ထားတဲ့ ပုံသွင်းဆေးတွေမှာ ဆံပင်ပျော့ဆေးပါဝင်မှု များတာကို ရွေးချယ်ပေးပါ။ ဒါမှ ဆံသားက တောင့်တောင့်ကြီးဖြစ်မနေဘဲ နူးညံ့ပျော့ပျောင်းပြီး ကောက်သားလည်း ပေါ်လွင်စေမှာပါ။ ဆံပင်ပျော့ဆေး၊ ပုံသွင်းဆေးကို လက်ဖဝါးထဲ အနည်းငယ် ပွတ်လိုက်ပြီးမှ ကောက်ထားတဲ့ ဆံနွယ်ပေါ်ကို ညင်သာစွာ သုတ်လိမ်းပေးပါ။

အဆင့် (၃) Dry Shampoo အသုံးပြုပေးပါ

ဆံပင်ကို အဖျားပိုင်းတွေမှာ ကောက်ထားပြီး အရင်းမှာ ဆံသားက ပြားပြားကပ်ကပ်ဖြစ်နေမယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့် ဆံသားကို ထူထူထဲထဲလေး ဖြစ်စေဖို့ Dry Shapoo အနည်းငယ် အသုံးပြုပေးပါ။ ခေါင်းလျှော်ဖို့ အချိန်မပေးနိုင်တော့တဲ့အခါ ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။

အဆင့် (၄) Hair Spray ဖြန်းပေးပါ

ပုံသွင်းတဲ့အခါမှာ ဘီးကို အသုံးမပြုဘဲ လက်ချောင်းလေးနဲ့ ညင်သာစွာ ပုံသွင်းပေးတာက အဆင်ပြေဆုံး ဖြစ်ပါလိမ့်မယ်။ နောက်ပြီး ပုံသွင်းထားတာ ကြာရှည်ခံဖို့ အတွက် Hair Spray ဖြန်းပေးဖို့ မမေ့ပါနဲ့။

Leave a Reply

Your email address will not be published. Required fields are marked *