မနက္အိပ္ရာထ လြယ္ကူလ်င္ျမန္ေစဖို႔ လုပ္ေဆာင္သင့္ေသာ အခ်က္မ်ား

ဒါကေတာ့ မနက္ဆိုလွ်င္ လြယ္လြယ္ကူကူနဲ႔ ဘယ္ေတာ့မွ အိပ္ရာမထနိုင္တဲ့သူေတြအတြက္ တကယ္ကို အက်ိဳးရွိမယ့္ ပို႔စ္ေလးပါ။ နိုးတာနဲ႔ ေငါက္ခနဲ အိပ္ရာထနိုင္ဖို႔ အဆင္မေျပတဲ့သူေတြအေနနဲ႔ ေအာက္ပါအခ်က္မ်ားကို လုပ္ေဆာင္ၾကည့္သင့္ပါတယ္။

၁။ အလြယ္တကူ လက္လွမ္းမမွီနိုင္တဲ့ ေနရာမ်ိဳးမွာ နိႈးစက္ကိုထားပါ။

ဒီေခတ္မွာေတာ့ အမ်ားအားျဖင့္ နိႈးစက္နာရီထက္ ဖုန္းကိုသာ Alarm ေပးတတ္ၾကတာမ်ိဳးဆိုေတာ့ ညအိပ္ရာဝင္ခါနီး Alarm ေပးတဲ့အခါ ဖုန္းကို အိပ္တဲ့ေနရာအထိ ယူမသြားဘဲ ခပ္လွမ္းလွမ္းမွာ ထားခဲ့ပါ။ ကုိယ္နဲ႔ အနီးမွာရွိေနလွ်င္ အလြယ္ကကူပိတ္ျပီး ျပန္အိပ္နိုင္တာေၾကာင့္ပါ။

၂။ တစ္ခါတည္းပိတ္လို႔မရတဲ့ Alarm Application မ်ိဳးကို အသံုးျပဳပါ။

အလြယ္တကူ Drag တစ္ခ်က္ဆြဲရံုနဲ႔ Alarm ပိတ္လို႔ရတဲ့နာရီမ်ိဳးထက္ တစ္ခ်က္တည္း ပိတ္လို႔မရနိုင္ေအာင္ ျပဳလုပ္ထားတဲ့ Apllication မ်ိဳးကို အသံုးျပဳပါ။ အခုေနာက္ပိုင္း Alarm App ေတြမွာ အသံကို တစ္ခ်က္တည္းနဲ႔ ပိတ္လို႔မရနိုင္ေအာင္ ျပဳလုပ္ထားျပီး ဒီလိုလုပ္ေပးထားတာေၾကာင့္ သင့္ကို မ်က္လံုးျပန္က်ယ္လာေစမွာ ျဖစ္ပါတယ္။

၃။ အိပ္ခါနီး ေကာ္ဖီ၊ လက္ဖက္ရည္ေသာက္ျခင္း ေရွာင္ပါ။

ကဖင္းဓါတ္က သင့္ရဲ႕ အိပ္စက္မႈကို အေနွာင့္အယွက္ေပးနိုင္တာေၾကာင့္ ညဥ့္နက္မွ အိပ္ေစနိုင္ျပီး မနက္ကို အလြယ္တကူ မနိုးနိုင္ဘဲ ျဖစ္ေစနိုင္ပါတယ္။

၄။ အိပ္ရာေဘးမွာ ေရဘူး (သို႔) ေရခြက္ထားပါ။

မနက္အိပ္ရာနိုးနိုးခ်င္း ေရေသာက္ျခငး္ရဲ႕ ေကာင္းက်ိဳးကေတာ့ အထူးတလည္ ေျပာစရာမလိုေအာင္ သိျပီး ျဖစ္မွာပါ။ မိမိရဲ႕ အိပ္ရာေဘးမွာ ဒီလို ေသာက္ဖြယ္ရာထားထားျခင္းက အိပ္ရာမွ ထေစဖို႔ အေထာက္အကူ တစ္ခုျဖစ္နို္င္မွာပါ။

၅။ အေလ့အက်င့္ ျပဳလုပ္ပါ။

မနက္ကို နိႈးစက္အသံၾကားတာနဲ႔ ခ်က္ခ်င္းထနို္င္ေအာင္ မိမိကိုယ္ကို ေလ့က်င့္ယူၾကည့္ပါ။ ဒီလိုမွသာ ေနာက္ပိုင္းမွာလည္း အက်င့္ပါျပီး အဆင္ေျပမွာပါ။

ဒါကတော့ မနက်ဆိုလျှင် လွယ်လွယ်ကူကူနဲ့ ဘယ်တော့မှ အိပ်ရာမထနိုင်တဲ့သူတွေအတွက် တကယ်ကို အကျိုးရှိမယ့် ပို့စ်လေးပါ။ နိုးတာနဲ့ ငေါက်ခနဲ အိပ်ရာထနိုင်ဖို့ အဆင်မပြေတဲ့သူတွေအနေနဲ့ အောက်ပါအချက်များကို လုပ်ဆောင်ကြည့်သင့်ပါတယ်။

၁။ အလွယ်တကူ လက်လှမ်းမမှီနိုင်တဲ့ နေရာမျိုးမှာ နှိုးစက်ကိုထားပါ။

ဒီခေတ်မှာတော့ အများအားဖြင့် နှိုးစက်နာရီထက် ဖုန်းကိုသာ Alarm ပေးတတ်ကြတာမျိုးဆိုတော့ ညအိပ်ရာဝင်ခါနီး Alarm ပေးတဲ့အခါ ဖုန်းကို အိပ်တဲ့နေရာအထိ ယူမသွားဘဲ ခပ်လှမ်းလှမ်းမှာ ထားခဲ့ပါ။ ကိုယ်နဲ့ အနီးမှာရှိနေလျှင် အလွယ်ကကူပိတ်ပြီး ပြန်အိပ်နိုင်တာကြောင့်ပါ။

၂။ တစ်ခါတည်းပိတ်လို့မရတဲ့ Alarm Application မျိုးကို အသုံးပြုပါ။

အလွယ်တကူ Drag တစ်ချက်ဆွဲရုံနဲ့ Alarm ပိတ်လို့ရတဲ့နာရီမျိုးထက် တစ်ချက်တည်း ပိတ်လို့မရနိုင်အောင် ပြုလုပ်ထားတဲ့ Apllication မျိုးကို အသုံးပြုပါ။ အခုနောက်ပိုင်း Alarm App တွေမှာ အသံကို တစ်ချက်တည်းနဲ့ ပိတ်လို့မရနိုင်အောင် ပြုလုပ်ထားပြီး ဒီလိုလုပ်ပေးထားတာကြောင့် သင့်ကို မျက်လုံးပြန်ကျယ်လာစေမှာ ဖြစ်ပါတယ်။

၃။ အိပ်ခါနီး ကော်ဖီ၊ လက်ဖက်ရည်သောက်ခြင်း ရှောင်ပါ။

ကဖင်းဓါတ်က သင့်ရဲ့ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်တာကြောင့် ညဉ့်နက်မှ အိပ်စေနိုင်ပြီး မနက်ကို အလွယ်တကူ မနိုးနိုင်ဘဲ ဖြစ်စေနိုင်ပါတယ်။

၄။ အိပ်ရာဘေးမှာ ရေဘူး (သို့) ရေခွက်ထားပါ။

မနက်အိပ်ရာနိုးနိုးချင်း ရေသောက်ခြင်းရဲ့ ကောင်းကျိုးကတော့ အထူးတလည် ပြောစရာမလိုအောင် သိပြီး ဖြစ်မှာပါ။ မိမိရဲ့ အိပ်ရာဘေးမှာ ဒီလို သောက်ဖွယ်ရာထားထားခြင်းက အိပ်ရာမှ ထစေဖို့ အထောက်အကူ တစ်ခုဖြစ်နိုင်မှာပါ။

၅။ အလေ့အကျင့် ပြုလုပ်ပါ။

မနက်ကို နှိုးစက်အသံကြားတာနဲ့ ချက်ချင်းထနိုင်အောင် မိမိကိုယ်ကို လေ့ကျင့်ယူကြည့်ပါ။ ဒီလိုမှသာ နောက်ပိုင်းမှာလည်း အကျင့်ပါပြီး အဆင်ပြေမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *