အမ်ိဳးသမီးတိုင္း သတိထားသင့္ေသာ သားအိမ္ကင္ဆာ လကၡဏာမ်ား

အရြယ္ေရာက္ျပီးသူ မိန္းကေလးတိုင္း သားအိမ္ကင္ဆာနဲ႕ လကၡဏာရပ္ေတြကို ၾကိဳတင္သိရွိထားသင့္ပါတယ္ ။ အမ်ိဳးသမီးအမ်ားစုဟာ ဒီလိုလကၡဏာရပ္ေတြကို လ်စ္လ်ဴရႈမိၾကျပီး အခ်ိန္လြန္မွ သိရွိခဲ့ရတဲ့ျဖစ္ရပ္ေတြ အမ်ားၾကီးပါပဲ ။ ဒါ့ေၾကာင့္ မိမိကုိယ္တိုင္ျဖစ္ေစ ၊ မိမိပတ္ဝန္းက်င္မွာျဖစ္ေစ ဒီလိုလကၡဏာေတြကို ၾကံဳေတြ႕ေနရျပီဆိုလွ်င္ မေပါ့ဆဘဲ သတိထားသင့္ပါျပီ ။ ေစာစီးစြာသိရွိထားျခင္းက ကိုယ့္အတြက္ပိုျပီး အႏၱရာယ္နည္းျပီး ကုသမႈေတြကို ခံယူနိုင္ပါတယ္။

သားအိမ္ကင္ဆာရဲ႕ လကၡဏာေတြကေတာ့..

၁။ ဗိုက္ပူျပီးျပည့္အင့္ေနျခင္း

အစားအေသာက္မ်ားမ်ားစားျခင္းက ဗိုက္ပူေစနိုင္ေသာ္လည္း ပံုမွန္မဟုတ္ဘဲ ဗိုက္ပူေနတာမ်ိဳးက သတိထားသင့္ပါတယ္ ။ ဒါ့အျပင္ အစားစားခ်င္စိတ္နည္းလာေသာ္လည္း ဗိုက္အင့္ေနသလို ခံစားေနရတာမိ်ဳးကလည္း သတိထားစရာပါပဲ ။ ဗိုက္ပူတဲ့အခါ ဆီးခံုအေပၚစပ္က ပူေဖာင္းေနတာမ်ိဳးဟာ သားအိမ္ကင္ဆာရဲ႕ လကၡဏာရပ္ ျဖစ္နိုင္ပါတယ္ ။ ဒါ့ေၾကာင့္ မိမိဝမ္းဗိုက္ဟာ ပံုမွန္လိုမဟုတ္ဘဲ အေၾကာင္းအရင္းမရွိ တစ္ေန႔ထက္တစ္ေန႔ ပူလာတယ္လို႔ ခံစားရရင္ေတာ့ ဆရာဝန္ဆီသြားျပီး စစ္ေဆးၾကည့္သင့္ပါတယ္ ။

၂။ဝမ္းဗိုက္နာၾကင္ျခင္း

အမ်ိဳးသမီးအမ်ားစုဟာ ရာသီစက္ဝန္းကာလအတြင္းမွာ နာၾကင္မႈကို ခံစားရေလ့ရွိပါတယ္ ။ သားအိမ္ကင္ဆာရဲ႕ ေစာစီးစြာ ျပသတတ္တဲ့ ေနာက္ထပ္လကၡဏာတစ္ခုကေတာ့ ဆီးခံုအထက္ ဝမ္းဗိုက္မွာ နာၾကင္ျခင္းပါပဲ ။ အခ်ိဳ႕က ရာသီစက္ဝန္းေၾကာင့္လို႔ ထင္တတ္ျပီး အခ်ိဳ႕က အစာမေၾက ၊ ေလထိုးျခင္းလို႔ အထင္မွားတတ္ပါတယ္ ။အမွန္တကယ္တမ္းမွာ ဒါဟာ သားအိမ္ကင္ဆာရဲ႕ လကၡဏာလည္း ျဖစ္နို္င္ပါတယ္။ ဒီလိုနာၾကင္မႈမ်ိဳးဟာ မၾကာခဏျဖစ္လာမယ္ ၊ အၾကိမ္အေရအတြက္မ်ားလာမယ္ ၊ နာၾကင္မႈ ျပင္းထန္လာမယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႕ အျမန္ဆံုး ျပသသင့္တဲ့ အခ်ိန္ပါပဲ။

၃။မၾကာခဏဆီးသြားျခင္း

ကိုယ္ဝန္ေဆာင္ေတြနွင့္ ေရမ်ားမ်ားေသာက္သံုးတတ္တဲ့သူေတြမွာ မၾကာခဏ စီးသြားတာဟာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥရပ္ျဖစ္ပါတယ္ ။ ဒီလိုမွမဟုတ္ဘဲ ၾကိမ္ဖန္မ်ားစြာ ဆီးသြားျခင္း ၊ တစ္ခါသြားရင္ အနည္းငယ္သာသြားေသာ္လည္း ခဏခဏဆီးသြားခ်င္လာတယ္ဆိုရင္ေတာ့ ဆရာဝန္ဆီ ျပသသင့္ပါတယ္ ။ ဆီးလမ္းေၾကာင္းနဲ႕ ဆိုင္တဲ့ ေရာဂါလည္း ျဖစ္နိုင္သလို သားအိမ္ကင္ဆာရဲ႕ ေရွ႕ေျပးနိမိတ္လည္း ျဖစ္ေနနိုင္လို႕ပါ။

၄။မိႈစြဲျခင္း

မိန္းမကိုယ္မွာ မိႈစြဲတာဟာ အမ်ိဳးသမီး အေတာ္မ်ားမ်ားနဲ႕ ရင္းနွီးျပီးသား ျဖစ္မွာပါ ။ သို႔ေသ္ာလည္း ေမာပန္းနံုခ်ိလာျခင္း ၊ အိမ္ထဲမွာလမ္းေလွ်ာက္ေနရတာပင္ ပင္ပန္းလာျခင္း ၊ သာမန္ေလ့က်င့္ခန္းေလာက္ေတြေတာင္ မလုပ္နုိင္ေတာ့ဘဲ ေမာပန္းလာျပီဆိုရင္ေတာ့ ဒါဟာ သာမန္မိႈစြဲမႈ မျဖစ္နုိင္ေတာ့ပါဘူး ။ သားအိမ္ကင္ဆာရဲ႕ လကၡဏာ ျဖစ္နိုင္ပါတယ္။

၅။ခါးနာျခင္း

ဒီကေန႔ေခတ္ၾကီးမွာ ခါးနာတဲ့ကိစၥဟာ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား ၾကံဳေတြ႕ေနရတဲ့ကိစၥပါပဲ ။ ဒါဟာ လူေနမႈဘဝေၾကာင့္လည္းေကာင္း ၊ အျခားေလ့က်င့္ခန္းလုပ္ျခင္းေၾကာင့္ လည္းေကာင္း နာၾကင္တာ ျဖစ္နုိင္ပါတယ္ ။ ခါးနာတိုင္း သားအိမ္ကင္ဆာ ျဖစ္မေနနိုင္ပါဘူး ။ သို႔ေသာ္လည္း ေန႔စဥ္ ေရရွည္နီးပါး ခါးနာေနျပီဆိုရင္ေတာ့ ဆရာဝန္နဲ႕ တိုင္ပင္ကုသသင့္ပါျပီ ။

၆။ဝမ္းခ်ဳပ္ျခင္း

ဝမ္းခ်ဳပ္တာလည္း သားအိမ္ကင္ဆာရဲ႕ လကၡဏာေတြထဲက တစ္ခုအပါအဝင္ဆိုတာ သိပါလား ။ သင္ဟာ က်န္းမာသင့္တင့္တဲ့ ေလ့က်င့္ခန္း ၊အစားအေသာက္ေတြကို စားေသာက္ ေနထိုင္ပါလ်က္နဲ႕ ဝမ္းခ်ဳပ္မႈဟာ ျဖစ္ျမဲျဖစ္ေနတယ္ဆိုရင္ေတာ့ ဆရာဝန္ကို တိုင္ပင္ေဆြးေႏြးပါ ။ ဝမ္းခ်ဳပ္ျခင္းဟာ အျခားေရာဂါမ်ားနဲ႕လည္း အမ်ားၾကီး ဆက္စပ္ေနနို္င္ပါတယ္ ။

အမ်ိုးသမီးေတြအားလံုး သားအိမ္ကင္ဆာရဲ႕ လကၡဏာေတြကို သိထားသင့္တာေၾကာင့္ ယခုလိုပဲ ေဖာ္ျပေပးလိုက္ပါတယ္ ။မသိေသးတဲ့ မိသားစုေတြ၊သူငယ္ခ်င္းမိတ္ေဆြေတြကိုလည္း သိေအာင္ မွ်ေဝေပးဖုိ႔ တိုက္တြန္းလိုပါတယ္ေန္ာ..။

အရွယ်ရောက်ပြီးသူ မိန်းကလေးတိုင်း သားအိမ်ကင်ဆာနဲ့ လက္ခဏာရပ်တွေကို ကြိုတင်သိရှိထားသင့်ပါတယ် ။ အမျိုးသမီးအများစုဟာ ဒီလိုလက္ခဏာရပ်တွေကို လျစ်လျူရှုမိကြပြီး အချိန်လွန်မှ သိရှိခဲ့ရတဲ့ဖြစ်ရပ်တွေ အများကြီးပါပဲ ။ ဒါ့ကြောင့် မိမိကိုယ်တိုင်ဖြစ်စေ ၊ မိမိပတ်ဝန်းကျင်မှာဖြစ်စေ ဒီလိုလက္ခဏာတွေကို ကြုံတွေ့နေရပြီဆိုလျှင် မပေါ့ဆဘဲ သတိထားသင့်ပါပြီ ။ စောစီးစွာသိရှိထားခြင်းက ကိုယ့်အတွက်ပိုပြီး အန္တရာယ်နည်းပြီး ကုသမှုတွေကို ခံယူနိုင်ပါတယ်။

သားအိမ်ကင်ဆာရဲ့ လက္ခဏာတွေကတော့..

၁။ ဗိုက်ပူပြီးပြည့်အင့်နေခြင်း

အစားအသောက်များများစားခြင်းက ဗိုက်ပူစေနိုင်သော်လည်း ပုံမှန်မဟုတ်ဘဲ ဗိုက်ပူနေတာမျိုးက သတိထားသင့်ပါတယ် ။ ဒါ့အပြင် အစားစားချင်စိတ်နည်းလာသော်လည်း ဗိုက်အင့်နေသလို ခံစားနေရတာမျိုးကလည်း သတိထားစရာပါပဲ ။ ဗိုက်ပူတဲ့အခါ ဆီးခုံအပေါ်စပ်က ပူဖောင်းနေတာမျိုးဟာ သားအိမ်ကင်ဆာရဲ့ လက္ခဏာရပ် ဖြစ်နိုင်ပါတယ် ။ ဒါ့ကြောင့် မိမိဝမ်းဗိုက်ဟာ ပုံမှန်လိုမဟုတ်ဘဲ အကြောင်းအရင်းမရှိ တစ်နေ့ထက်တစ်နေ့ ပူလာတယ်လို့ ခံစားရရင်တော့ ဆရာဝန်ဆီသွားပြီး စစ်ဆေးကြည့်သင့်ပါတယ် ။

၂။ဝမ်းဗိုက်နာကြင်ခြင်း

အမျိုးသမီးအများစုဟာ ရာသီစက်ဝန်းကာလအတွင်းမှာ နာကြင်မှုကို ခံစားရလေ့ရှိပါတယ် ။ သားအိမ်ကင်ဆာရဲ့ စောစီးစွာ ပြသတတ်တဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ ဆီးခုံအထက် ဝမ်းဗိုက်မှာ နာကြင်ခြင်းပါပဲ ။ အချို့က ရာသီစက်ဝန်းကြောင့်လို့ ထင်တတ်ပြီး အချို့က အစာမကြေ ၊ လေထိုးခြင်းလို့ အထင်မှားတတ်ပါတယ် ။အမှန်တကယ်တမ်းမှာ ဒါဟာ သားအိမ်ကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနာကြင်မှုမျိုးဟာ မကြာခဏဖြစ်လာမယ် ၊ အကြိမ်အရေအတွက်များလာမယ် ၊ နာကြင်မှု ပြင်းထန်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်တဲ့ အချိန်ပါပဲ။

၃။မကြာခဏဆီးသွားခြင်း

ကိုယ်ဝန်ဆောင်တွေနှင့် ရေများများသောက်သုံးတတ်တဲ့သူတွေမှာ မကြာခဏ စီးသွားတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စရပ်ဖြစ်ပါတယ် ။ ဒီလိုမှမဟုတ်ဘဲ ကြိမ်ဖန်များစွာ ဆီးသွားခြင်း ၊ တစ်ခါသွားရင် အနည်းငယ်သာသွားသော်လည်း ခဏခဏဆီးသွားချင်လာတယ်ဆိုရင်တော့ ဆရာဝန်ဆီ ပြသသင့်ပါတယ် ။ ဆီးလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါလည်း ဖြစ်နိုင်သလို သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးနိမိတ်လည်း ဖြစ်နေနိုင်လို့ပါ။

၄။မှိုစွဲခြင်း

မိန်းမကိုယ်မှာ မှိုစွဲတာဟာ အမျိုးသမီး အတော်များများနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ ။ သို့သေ်ာလည်း မောပန်းနုံချိလာခြင်း ၊ အိမ်ထဲမှာလမ်းလျှောက်နေရတာပင် ပင်ပန်းလာခြင်း ၊ သာမန်လေ့ကျင့်ခန်းလောက်တွေတောင် မလုပ်နိုင်တော့ဘဲ မောပန်းလာပြီဆိုရင်တော့ ဒါဟာ သာမန်မှိုစွဲမှု မဖြစ်နိုင်တော့ပါဘူး ။ သားအိမ်ကင်ဆာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

၅။ခါးနာခြင်း

ဒီကနေ့ခေတ်ကြီးမှာ ခါးနာတဲ့ကိစ္စဟာ အမျိုးသမီးတော်တော်များများ ကြုံတွေ့နေရတဲ့ကိစ္စပါပဲ ။ ဒါဟာ လူနေမှုဘဝကြောင့်လည်းကောင်း ၊ အခြားလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် လည်းကောင်း နာကြင်တာ ဖြစ်နိုင်ပါတယ် ။ ခါးနာတိုင်း သားအိမ်ကင်ဆာ ဖြစ်မနေနိုင်ပါဘူး ။ သို့သော်လည်း နေ့စဉ် ရေရှည်နီးပါး ခါးနာနေပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်ပါပြီ ။

၆။ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တာလည်း သားအိမ်ကင်ဆာရဲ့ လက္ခဏာတွေထဲက တစ်ခုအပါအဝင်ဆိုတာ သိပါလား ။ သင်ဟာ ကျန်းမာသင့်တင့်တဲ့ လေ့ကျင့်ခန်း ၊အစားအသောက်တွေကို စားသောက် နေထိုင်ပါလျက်နဲ့ ဝမ်းချုပ်မှုဟာ ဖြစ်မြဲဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်ကို တိုင်ပင်ဆွေးနွေးပါ ။ ဝမ်းချုပ်ခြင်းဟာ အခြားရောဂါများနဲ့လည်း အများကြီး ဆက်စပ်နေနိုင်ပါတယ် ။

အမျိုးသမီးတွေအားလုံး သားအိမ်ကင်ဆာရဲ့ လက္ခဏာတွေကို သိထားသင့်တာကြောင့် ယခုလိုပဲ ဖော်ပြပေးလိုက်ပါတယ် ။မသိသေးတဲ့ မိသားစုတွေ၊သူငယ်ချင်းမိတ်ဆွေတွေကိုလည်း သိအောင် မျှဝေပေးဖို့ တိုက်တွန်းလိုပါတယ်နေ်ာ..။